Mobile News

၂၀၁၇ ခုနှစ် ကိုးလအတွင်းတွင် စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ကျော် ရောင်းချခဲ့ရ

ပြန်လည်မျှဝေလိုက်ပါ..

 

Huawei ဟာ ၂၀၁၇ ခုနှစ် ပထမကိုးလအတွင်းမှာ စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ကျော် ရောင်းချခဲ့ရကြောင်း သိရပါတယ်။ တရုတ်နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကိုးလတုန်းကထက် ရောင်းချရမှုနှုန်း ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

Huawei ဟာ ဇန်န၀ါရီလမှ စက်တင်ဘာလအထိ ကာလအတွင်းမှာ Apple ရဲ့ iPhone ရောင်းအားကို ကျော်ဖြတ်နိုင်ခဲ့ပြီး Samsung နောက် ကမ္ဘာ့ဒုတိယအကြီးမားဆုံးစမတ်ဖုန်းကုမ္ပဏီနေရာကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Huawei ရဲ့ စမတ်ဖုန်းရောင်းအားထဲမှာ Honor အမှတ်တံဆိပ်နှင့် Nova အမှတ်တံဆိပ်တို့လည်း ပါဝင်ပါတယ်။ Huawei ဟာ တန်ဖိုးသင့်၊ အလယ်အလယ်တန်းဖုန်းများသာမကအဆင့်မြင့်စမတ်ဖုန်းများလည်း ရောင်းအား ကောင်းခဲ့ပါတယ်။

Huawei ဟာ ပထမကိုးလအတွင်းမှာ စမတ်ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချခဲ့ရမှုနှင့်အတူ ၀င်ငွေကလည်း ပြီးခဲ့တဲ့နှစ်တုန်းကထက် ၃၀ ရာခိုင်နှုန်း မြင့်တက် ရရှိခဲ့ပါတယ်။

Huawei ဟာ တစ်ကမ္ဘာလုံးမှာ ထိပ်သီးစတိုးပေါင်း ၄၂၃၀၀ နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။

credit – inmya.com

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment