Uncategorized

ဖခင်ရဲ့ အောင်မြင်မှုတွေက ဖိအားဖြစ်စေတယ်ဆိုတဲ့ လမင်းခ

ပြန်လည်မျှဝေလိုက်ပါ..

မြန်မာပြည်ရဲ့ ရော့ခ်ဂီတမှာ နာမည်ကြီးအဆိုတော် တစ်ယောက်ဖြစ်တဲ့ အငဲ ရဲ့ မျိုးဆက်သစ်တစ်ဦးဖြစ်သူ လမင်းခ ကတော့ ဂီတလောကမှာ ဖေဖေရှိနေတဲ့အတွက် အများကြီးအဆင်ပြေပြီး ဖခင်ရဲ့ သီချင်းတွေကိုပြန်ဆိုဖို့တော့ လတ်တလောမှာ အစီအစဉ်မရှိသေးဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

” အဖေ့ရဲ့ သီချင်းတွေကို ကိုယ်က ကြိုက်ပြီးဆိုချင်သော်ငြားလည်း အဖေက မကြိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ အဖေက ကိုယ့်သီချင်းနဲ့ကိုယ် အောင်မြင်တာမျိုးပဲဖြစ်စေချင်တယ်ပေါ့နော်။ သူ့သီချင်းကိုပဲ အမြဲတမ်းအားကိုးနေလို့ အဆိုတော်တစ်ယောက် အဖြစ် မရပ်တည်နိုင်ဘူးပေါ့။ ဖေဖေကတော့ ဘေးကနေ သူရှိနေတဲ့အတွက် လမင်း အများကြီးအဆင်ပြေပါတယ်။ ကိုယ်ကလည်း အခုမှအသစ်ဆိုတော့ အစိမ်းသက်သက်လေ အဖေရှိနေတဲ့အတွက် ဘာပြီးရင် ဘာလုပ်ရမလဲ ဆိုတာ အဖေရှိနေတော့ အများကြီးအဆင်ပြေပါတယ်။ Vocal Guide က အစ အဖေကပဲ လိုက်လုပ်ပေးတာဆိုတော့ အဖေ့ ပံ့ပိုးမှုကတော့ အများကြီးပါ ပါတယ်” လို့ ဆိုပါတယ်။

 

မကြာခင်က ကူး..ကူ ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးကို ထွက်ရှိထားတဲ့ လမင်းခ ကတော့ ဖခင်ရဲ့ အောင်မြင်ကျော်ကြားမှုတွေက သူ့အတွက် ဖိအားအများကြီး ဖြစ်စေတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

” ဖိအားကတော့ နည်းနည်းလောက်တောင်မကပါဘူး၊ အများကြီးပါပဲ အပြည့်အဝပါပဲ။ အဖေရှိနေတော့ ဒီလမ်းကြောင်းမှာ အရမ်းအဆင်ပြေတယ်။ ဒါပေမယ့် တစ်ဖက်ကကျတော့ ကိုယ်ပြန်ရနိုင်တဲ့ ရလာဒ်က အရမ်းများသွားပြီ။ အပြင်ကလူဆို ကိစ္စမရှိဘူးလေ။ တစ်ခုခုဆို အခုကျတော့ အငဲ သမီး.. အငဲသမီး မကောင်းဘူးဆိုလည်း အငဲ သမီးမကောင်းဘူး၊ တချို့တွေဆို ရှိသေးတယ် အငဲသမီးက အဖေခြေရာနင်းနိုင်ပါ့မလား ဆိုပြီးတော့ အဖေနဲ့သမီး ယှဉ်ပြီးတော့ ကြည့်ကြတယ်ပေါ့။ အဲ့ဒီအခါကျတော့ အားမလို အားမရ ဖြစ်ကြတာမျိုးတွေလည်း တွေ့ရပါတယ်။ တစ်ခုခုမကောင်းပြောခံရတာကအစ လမင်းခ အနေနဲ့မဟုတ်ပဲ အငဲသမီး ဆိုပြီး တော့ နာမည်တပ်တယ်။ အငဲအပြင် Iron Cross Band ရဲ့ မျိုးဆက်သစ် အနေနဲ့ နာမည်တပ်ကြတဲ့အတွက် လမင်းတို့ မျိုးဆက်သစ်တွေ အနေနဲ့ တာဝန်ပိုကြီးပါတယ်။ သူများထက်ပိုပြီးတော့ ကြိုးစားရတယ်” လို့ လမင်းခ ကပြောပါတယ်။

play

 

လမင်းခ အနေနဲ့ ကိုယ်နှစ်သက်တဲ့ ဂီတဖန်တီးမှုမျိုးကိုပဲ ဆောင်ရွက်သွားမှာဖြစ်ပြီး အသစ်တစ်ယောက်ဖြစ်တဲ့အတွက် လိုအပ်ချက်တွေရှိတဲ့အပေါ်မှာလည်း အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Photo: Duwun, လမင်းခဖေ့စ်ဘွတ်

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment