Mobile News

Huawei မှလည်း ချိုးခေါက်နိုင်သောဖုန်းကို ထုတ်လုပ်ရန် ပြင်ဆင်လျက်ရှိနေ

ပြန်လည်မျှဝေလိုက်ပါ..

Mate 10 ပြသခဲ့သောပွဲတွင် Huawei ၏ Comsumer business group CEO ဖြစ်သူ Richard Yu သည် CNET နှင့် အင်တာဗျူးတွင် စိတ်ဝင်စားစရာအချို့ကို ပြောကြားသွားခဲ့သည်။ Samsung နှင့် LG တို့သာ ချိုးခေါက်နိုင်သောစမတ်ဖုန်းကို ထုတ်လုပ်ရန် ပြင်ဆင်နေခြင်းမဟုတ်ကြောင်း အင်တာဗျူးအရ သိရှိကြရသည်။ Yu မှ Huawei သည်လည်း ထိုကဲ့သို့သော device မျိုးကို စမ်းသပ်လျက်ရှိကြောင်းဆိုခဲ့ပြီး 2017 အတွင်း၌ ထုတ်လုပ်ရန်မရှိကြောင်း ဆိုထားသည်။

သို့ရာတွင် အဆိုပါဖုန်းကို 2018 ထဲတွင် ထုတ်လုပ်နိုင်ကြောင်းဆိုထားပြီး ထိုကာလမှာပင် Samsung မှလည်း ချိုးခေါက်နိုင်သော Galaxy X ကို ထုတ်လုပ်ရန်ရှိသည်ဟု သိရှိထားကြသည်။ Huawei သည် ပိုမိုကောင်းမွန်သော Flexible screen နည်းပညာကို စောင့်ဆိုင်းလျက်ရှိနေပြီး လက်ရှိကာလထက် ပိုမိုကောင်းမွန်သော mechanical design ကိုလည်း လိုအပ်လျက်ရှိသည်။

CEO မှ ၎င်း၏ကုမ္ပဏီအတွက် အနာဂတ်ကို မျှော်လင့်ထားပြီး ကမ္ဘာတွင် နံပါတ် 1 စမတ်ဖုန်းထုတ်လုပ်သူဖြစ်လာနိုင်ရန် မျှော်လင့်လျက်ရှိသည်။

credit – kk(shweinnlay)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment