How to Mobile

သင့်ဖုန်း ဗိုင်းရပ်စ် ကိုက်နေပြီဆိုတာ သိနိုင်မယ့် အချက်တွေ

ပြန်လည်မျှဝေလိုက်ပါ..

ကွန်ပျူတာတွေမှ မဟုတ်ပါဘူး။ ဖုန်းတွေလည်း ဗိုင်းရပ်စ်ဝင်ပါတယ်။ ဖုန်းတွေမှာ ဗိုင်းရပ်စ် ဝင်တဲ့အခါ သိပ်မသိသာပါဘူး။ ဖြစ်နေကျ မဟုတ်လို့ သတိမထားမိတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီတော့ ဖုန်းကို ဗိုင်းရပ်စ်ကိုက်နေပြီဆိုတာ အလွယ်တကူ ဘယ်လိုသိနိုင်မလဲ။

1. Data Usage 

Data သုံးတဲ့နှုန်းက အရမ်းမြန်လာပါမယ်။ Virus တို့ရဲ့ သဘောတရားက App တွေကို Background ကအစ အကုန် run ပစ်လို့ သင့် Data သုံးနှုန်း မတရား မြန်လာပါလိမ့်မယ်။

2. Apps down

ဂိမ်းဆော့နေတုန်း ရပ်သွားတာ။ ဖုန်းပြောနေရင်း ရုတ်တရက် ကျသွားတာ။ Facebook သုံးနေရင်း ချက်ချင်းပိတ်သွားတာ စတာတွေဟာ ဗိုင်းရပ်စ်ရဲ့ လက္ခဏာပါပဲ။

3. Pop-up Ads

ဖုန်းသုံးနေရင်း Website တွေ ဝင်ကြည့်ရင် ကြော်ငြာလေးတွေ ပေါ်ပေါ်လာတတ်ပါတယ်။ ဒါကတော့ ဖြစ်နေကျပါ။ ဒါပေမယ့် အလိုလိုနေရင်း Pop-up တွေ ပေါ်လာပြီဆိုရင်တော့ အဲ့ဒါ Virus ကြောင့်ပါ။

4. Bill

ဖုန်း Bill တွေ မတရားဖြတ်သွားတာ package တွေဝယ်ပေမယ့် ခဏလေးနဲ့ကုန်သွားတာ စတာတွေဟာ Virus က အကုန်လျှောက် run နေလို့ ဖြတ်သွားတာ ဖြစ်ပါတယ်။

5. Battery reduce

ဖုန်းအားအပြည့်သွင်းထားပေမယ့် နာရီဝက်လောက်ပဲ သုံးရတာ။ သင့်ဖုန်းအား ကျန်နေဦးမယ် ထင်ပေမယ့် power ပိတ်ပြီး ကျသွားတာ မျိုးတွေဟာ Virus ရဲ့လက်ချက်တွေပါပဲ။

ဒါပေမယ့် ဒီအချက်တွေအကုန်လုံးဟာ သိသိသာသာနဲ့ လွန်လွန်ကျူးကျူးဖြစ်မှသာ Virus ဝင်နေပြီလို့ သတ်မှတ်လို့ရတာပါ။ သာမန်အကြောင်းတစ်ခုကြောင့် အထက်ပါအချက်များလည်း ဖြစ်နိုင်တယ်ဆိုတာ သတိပြုစေလိုပါတယ်။

credit – mytechmyanmar

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment