Sports

ခြေစမ်းပွဲမှာ ကမ္ဘောဒီးယားကို အနိုင်ရရှိခဲ့တဲ့ မြန်မာအသင်း

ပြန်လည်မျှဝေလိုက်ပါ..

ဇော်မင်းထွန်း၊အောင်သူတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

မန်မာအသင်းအနေနဲ့ ယနေ့ ပွဲစဉ်မှာ ခြေစမ်းပွဲဖြစ်သော်လည်း ကမ္ဘာ့အဆင့်သတ်မှတ်ရာတွင် အရေးပါတဲ့ ပွဲစဉ်ဖြစ်တာကြောင့် လူစုံထုတ်ကစားသွားခဲ့ပြီး ဂိုးသမားနေရာမှာ ကျော်ဇင်ထက်၊ညာနောက်ခံနေရာမှာ သက်နိုင်၊ညာတောင်ပံမှာ ဇင်မင်းထွန်း စတဲ့ ကစားသမားအနည်းစုလောက်သာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ကျန်ကစားသမားများမှာ ပုံမှန်ပွဲထွက်နေကျ ကစားသမားများနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲစတယ်ဆိုတာနဲ့ မြန်မာအသင်း တိုက်စစ်ဆင်မှုများပြုလုပ်ခဲ့ပြီး ပွဲချိန် ၁၄ မိနစ်မှာ မြန်မာအသင်း ပြစ်ဒဏ်ဘောရရှိခဲ့ရာ အောင်သူကန်တင်ပေးတဲ့ဘောလုံးကို နောက်ခံလူ ဇော်မင်းထွန်းကခေါင်းတိုက်သွင်းယူပြီး အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။

အဖွင့်ဂိုးရရှိခဲ့တာကြောင့် ပွဲမှာ ပိုမိုမြိုင်ဆိုင်လာခဲ့ပြီး ကမ္ဘောဒီးယားအသင်းကလည်း အခွင့်အရေးအချို့ ပြန်လည်ရရှိခဲ့ပေမယ့် ဂိုးအဖြစ် ဖန်တီးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ပထမပိုင်းပွဲချိန်အတွင်း မြန်မာတိုက်စစ်မှူးများဖြစ်ကြတဲ့ ကျော်ကိုကိုနဲ့ အောင်သူတို့ ဂိုးရရှိဖို့ အခွင့်အရေးကိုယ်စီရရှိခဲ့ပေမယ့်လည်း အသုံးချနိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် ပထမပိုင်းအပြီးမှာမြန်မာအသင်းက ၁-၀ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ အိမ်ရှင်ကမ္ဘောဒီးယားအသင်းက ချေပဂိုးပြန်လည်ရရှိရေး တိုက်စစ်ပြန်လည်မြှင့်တင်ခဲ့တာကြောင့် တစ်ဂိုးပြန်လည်ရရှိခဲ့ပါတယ်။

တစ်ဖက်တစ်ဂိုးစီ ဖြစ်နေချိန်မှာ မြန်မာအသင်းရော အိမ်ရှင် ကမ္ဘောဒီးယားအသင်းပါ လူစားလဲမှုများ ပြုလုပ်ခဲ့ပြီး မြန်မာအသင်းက ပွဲကစားချိန် ၇၁ မိနစ်အရောက်မှာတော့ မြန်မာအသင်း အတွက် ဒုတိယ ဦးဆောင်ဂိုးကို တိုက်စစ်မှူး အောင်သူက ဂိုးသမားကို လှည့်စားကာ လှလှပပ ကန်သွင်းရယူပေးခဲ့တာ ဖြစ်ပါတယ်။

ယနေ့ပွဲအနိုင်ရရှိခဲ့တာကြောင့် မြန်မာအသင်းအနေဲ့ လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကစားမယ့် အိန္ဒိယအသင်းနဲ့ အာရှလားခြေစစ်ပွဲအတွက် စိတ်ဓာတ်ခွန်အားရရှိခဲ့သလို နိုဝင်ဘာလအတွင်း ကမ္ဘာ့အဆင့်သတ်မှတ်ရာမှာလည်း ရမှတ် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

credit – duwun

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment