Mobile News

iPhone X တစ်လုံးရဲ့ အမှန်တကယ်ကုန်ကျငွေ

ပြန်လည်မျှဝေလိုက်ပါ..

အားလုံးမျက်ခုံးပင့်ရလောက်အောင် တန်ဖိုးမြင့်မားတဲ့ iPhone X က တော်တော်လေး အောင်မြင်မှုရရှိခဲ့ပါတယ်။

အနည်းဆုံး စတာလင်ပေါင် (၉၉၉)ပေါင် (အမေရိကန်ဒေါ်လာ ၁,၃၁၃ ဒေါ်လာ)ကနေ မိမိရွေးချယ်မှုအပေါ်မူတည်ပြီး 256 GB ဗားရှင်းကို စတာလင်ပေါင် (၁,၁၄၉)ပေါင် (အမေရိကန်ဒေါ်လာ ၁,၅၁၀ ဒေါ်လာ) အထိ ရှိတဲ့ iPhone X ဟာ Apple ရဲ့ iPhone ထုတ်ကုန်များထဲမှာ ဈေးနှုန်းအမြင့်မားဆုံးပဲဖြစ်ပါတယ်။

ပုဂ္ဂလိက လေ့လာစုံစမ်းရေး အဖွဲအစည်းဖြစ်တဲ့ IHS Markit ရဲ့ သုတေသနအရ ဇိမ်ခံပစ္စည်းအမျိုးအစားထဲမှာပါဝင်တဲ့ iPhone X အတွက် Apple ကုမ္ပဏီဟာ တစ်လုံချင်းစီအတွက် ထုတ်လုပ်ခ စတာလင်ပေါင် (၂၈၂.၆၁)ပေါင် (ဒေါ်လာ ၃၇၀.၂၅) သာ ကျသင့်တာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် ဒီကျသင့်တန်ဖိုးငွေထဲမှာ Apple မှ သုတေသနပြုလုပ်မှုတွေ၊ ဒီဇိုင်းအတွက် ပြင်ဆင်မှုတွေနဲ့ စမတ်ဖုန်းအသစ်အတွက် ဈေးကွက်ရှာဖွေမှုများမှာ အသုံးပြုခဲ့တဲ့ မြောက်များစွာသော ရင်းနှီးမြုပ်နှံမှုတွေတော့ မပါဝင်သေးပါဘူး။

“ပုံမှန်အားဖြင့် Apple ဟာ မျက်နှာပြင် အကြီးအသေး၊ အချက်အလက်သိုလှောင်နိုင်မှု ပမာဏအပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်တဲ့ ဈေးကွက်မဟာဗျုဟာကို အသုံးချနေတာပါ” လို့ IHS Markit ရဲ့ မိုဘိုင်းဖုန်းနှင့်ဆက်သွယ်ရေးချိတ်ဆက်မှု လေ့လာရေးဌာနမှုးဖြစ်တဲ့ Wayne Lam က ပြောခဲ့ပါတယ်။

“ဒါပေမယ့် Apple ဟာ သူတို့ရဲ့ Flagship အမျိုးအစားတစ်ခုဖြစ်တဲ့ iPhone X ကို အံအားသင့်လောက်တဲ့ ကြမ်းခင်းဈေးနှုန်း သတ်မှတ်လိုက်တာဟာ smartphone လောကမှာ အဆင့်အတန်းမြင့်မားတဲ့ ဖုန်းဖြစ်ကြောင်း ဖော်ပြလိုက်တာပါပဲ” လို့လည်း ထပ်မံပြောကြားခဲ့ပါသေးတယ်။ ဒီလို မြင့်မားတဲ့ဈေးနှုန်းရှိနေပေမယ့် Apple Store ရဲ့ အပြင်ဘက်မှာ iPhone X ကို ဝယ်ယူဖို့ စီတန်းနေကြတဲ့ အသုံးပြုသူ ရာပေါင်းများစွာကို နောက်မတွန့်စေခဲ့ပါဘူး။

SiThu (Shwemom)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment