Health

ကမ္ဘာ့အလှဆုံး မိန်းကလေးပုံစံ (၅) မျိုး

ပြန်လည်မျှဝေလိုက်ပါ..

 

မိန်းကလေးတွေဟာ တစ်ယောက်တစ်မျိုး အလှကိုယ်စီ၊ ချစ်စရာကောင်းတဲ့ အားသာချက်ကိုယ်စီရှိကြပါတယ်။ တစ်ခါတလေ အားနည်းချက်လို့ထင်တဲ့အရာတွေကလည်း မိန်းကလေးတစ်ယောက်ကို ပိုစွဲဆောင်မှု ရှိသွားစေတတ်ပါတယ်။ ဒါကြောင့် ခုဖော်ပြပေးမယ့်အရာလေးတွေကတော့ ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးတွေထဲမှာမှ အလှဆုံးမိန်းကလေးတွေရဲ့ အသွင်အပြင်လေးတွေပဲဖြစ်ပါတယ်။

(၁) ဝဝကစ်ကစ်နဲ့ အမြဲပြုံးတတ်သူ

အလှဆုံးမိန်းကလေးတွေထဲကတစ်ယောက်ကိုပြောပါဆိုရင် ဝဝကစ်ကစ်လေးနဲ့ အမြဲတမ်း ပြုံးနေတတ်တဲ့ ကောင်မလေးတွေပဲ ဖြစ်ပါတယ်။ ဝတဲ့ကောင်မလေးတွေဟာ အလိုလို မျက်နှာချိုပြီး အလိုလို ခင်မင်ဖို့ ကောင်းနေတတ်ကြပါတယ်။ ဒါကိုမှ အပြုံးလေးပါ အမြဲဆောင်တတ်တယ်ဆိုရင်တော့ အရမ်းကို လှပပြီး ချစ်စရာ အရမ်းကောင်းသွားပါတော့တယ်။

(၂) မချမ်းသာပေမယ့် ရောင့်ရဲတတ်သူ

လူတိုင်းဟာ ကောင်းမွန်တဲ့ မိသားစုနောက်ခံမရှိကြပါဘူး။ ဒီလိုပဲ မိန်းကလေးတွေမှာလည်း မချမ်းသာပေမယ့် ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်တတ်တဲ့ မိန်းကလေးတွေဟာ အလှပဆုံးမိန်းကလေးတွေဖြစ်ပါတယ်။ သူတို့ဟာ သူများအပေါ်လည်း ဘယ်တော့မှမကောင်းတဲ့ စိတ်မမွေးသလို ကိုယ့်ဘဝလေးကို အရှိအတိုင်း ပျော်အောင်နေတတ်ကြပါတယ်။ ဒါကြောင့် အလှဆုံးမိန်းကလေးတွေထဲမှာ သူတို့လည်း ပါဝင်ပါတယ်။

(၃) အပြောအဆိုအမူအရာ ယဉ်ကျေးသိမ်မွေ့သူ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ လှနေပါစေ၊ အပြောအဆို အမူအရာကြမ်းတမ်းနေရင် လုံးဝကို ဆွဲဆောင်မှုမရှိသလို သူတို့ရဲ့ အလှဟာလည်း မှေးမှိန်သွားပါတယ်။ ဒါပေမယ့် ရုပ်မလှရင်တောင် အပြောအဆိုအမူအရာ သိမ်မွေ့ယဉ်ကျေးရင် အလိုလိုကို လှပနေပါတော့တယ်။ ဒါကြောင့် အပြောအဆို အမူအရာ ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းကလေးတွေဟာလည်း အလှဆုံး မိန်းကလေးတွေဖြစ်ပါတယ်။

(၄) မွေးရာပါအရာအားလုံးကို လက်ခံနိုင်သူ

မွေးရာပါတွေဖြစ်တဲ့ ခြေလက်အင်္ဂါမပြည့်စုံတာတွေ၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ၊ ဘဝအခြေအနေ နိမ့်ပါးတာတွေ၊ ကိုယ့်ရဲ့ မွေးရာပါအားနည်းချက်တွေအားလုံးကို ကြည်ဖြူစွာလက်ခံပြီး စိတ်ဓာတ်မကျတဲ့ မိန်းကလေးတွေဟာ အလှဆုံးမိန်းကလေးတွေပါပဲ။ သူတို့အလှဟာ အပေါ်ယံကမဟုတ်ဘဲ အတွင်းက ဖြစ်တာကြောင့် သူတို့ကို ဘယ်သူကမှ မမှီပါဘူး။

(၅) သူတစ်ပါးကောင်းကျိုးသယ်ပိုးပေးသူ

မိန်းကလေးတွေမှာ အားသာချက်ကိုယ်စီရှိကြပါတယ်။ အဲဒီ့အားသာချက်ကို ကိုယ့်တစ်ယောက်တည်းအတွက် မဟုတ်ဘဲ အများအတွက် အသုံးပြု၊ အပင်ပန်းခံပြီး သူတစ်ပါးကို ကူညီပေးတာ၊ သူတစ်ပါးကို မျှဝေပေးတာ၊ သူတစ်ပါးအတွက် ကောင်ကျိုးတွေကို သယ်ဆောင်တတ်တဲ့ မိန်းကလေးမျိုးဟာ အလှဆုံးမိန်းကလေးတွေထဲက တစ်ယောက်ပါ။

credit – Em Em (Auntymay)

 

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment