News Tech

Singles’s Day မှာ ဒေါ်လာ ၂၅.၃ ဘီလီယံရောင်းရပြီး စံချိန်ချိုးသွားတဲ့ Alibaba

ပြန်လည်မျှဝေလိုက်ပါ..

 

နှစ်စဉ် နိုဝင်ဘာလ ၁၁ ရက်ဟာ တရုတ်နိုင်ငံမှာ Single ဖြစ်နေတဲ့သူတွေအတွက်ရည်ရွယ်ကျင်းပတဲ့ Single’s Day ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ Online Retailer ကြီးဖြစ်တဲ့ Alibaba က Single’s Day ကို တရုတ်နိုင်ငံရဲ့ Black Friday အဖြစ်အသွင်ပြောင်းပြီး ပစ္စည်းမျိုးစုံကို လျော့ဈေးနဲ့ ရောင်းချတဲ့နေ့အဖြစ် အသက်သွင်းခဲ့တာဖြစ်ပါတယ်။

အခုနှစ် Single’s Day မှာတော့ Alibaba ကနေ ဒေါ်လာ ၂၅.၃ ဘီလီယံအထိ ရောင်းချခဲ့ရပြီး အခုလို တရုတ်နိုင်ငံရဲ့ တရက်ထဲပြုလုပ်တဲ့ Single’s Day Sales ဟာ အမေရိကန်နိုင်ငံရဲ့ Black Friday Sales နဲ့ Cyber Monday ၂ ခုပေါင်း ရောင်းချရတဲ့ပမာဏထက်တောင် ၂ ဆနီပါးများပြားခဲ့တာဖြစ်ပါတယ်။


Alibaba ရဲ့ ထုတ်ပြန်ချက်အရတော့ ဒီနှစ် Single’s Day မှာ ရောင်းချရတဲ့ ပမာဏက ယခင်နှစ်ကထက် ၄၀ ရာခိုင်နှုန်း ပိုမိုများပြားခဲ့တာဖြစ်ပြီးတော့ ဒေါ်လာ ၁၈ ဘီလီယံဖိုးကို ၁၃ နာရီထဲနဲ့ ရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

US က အစပြုထားတဲ့ Black Friday Sales တွေလိုမျိုးပဲ Alibaba က Single’s Day မှာ အိမ်သုံးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ အလှကုန်ပစ္စည်းတွေအထိ လျော့ဈေးနဲ့ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

Ref : The Verge

credit – akhayar

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment