Celebrity Entertainment

ကိုယ်တိုင်ရေးတဲ့သံစဉ်ကို ကမ္ဘာကသိမှာမို့ ပျော်နေတဲ့အိမ့်ချစ်

ပြန်လည်မျှဝေလိုက်ပါ..

 

အိမ့်ချစ်က နိုဝင်ဘာလ ၁၄ရက်နေ့ Philippines Manila မှာပြုလုပ်တဲ့ Asean Music Festival 2017 ပွဲမှာ သီဆိုဖျော်ဖြေဖို့ ရောက်ရှိနေခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒိပွဲဟာ သတ်မှတ်ထားတဲ့ လူဦးရေထက် များစွာ ရောက်ရှိလာခဲ့တာကြောင့် ပွဲကိုဖျက်သိမ်းလိုက်ရတယ်လို့လဲသိရပါတယ်။ ပွဲဖျက်လိုက် ရပေမယ့် နိုင်ငံတကာက ရုပ်သံတွေရဲ့ အင်တာဗျူးခြင်းခံခဲ့ရတာကြောင့် သူမရဲ့ သီချင်းတွေကို နိုင်ငံတကာက သူတွေ များကြီးသိတော့မှာမို့ သူမရင်ခုန်နေပါတယ်လို့ သိရပါတယ်။

K3jkzxvy3lv9wjnnacv9

Ut7shbbhwhfnq0ju0uuq

သူမဟာ ကိုယ်တိုင်ရေးထားတဲ့ အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို တစ်ကမ္ဘာလုံးကလူတွေ ကြည့်ကြတော့မှာ ဖြစ်ပါတယ်။ သူမကို နာမည်ကြီး FM တစ်ခုကအင်တာဗျူးပြုလုပ်ခဲ့ပြီး သူမရဲ့ ပထမဦးဆုံးကိုယ်ပိုင် ရေးကိုယ်တိုင်ဆို အင်္ဂလိပ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Crazy ဆိုတဲ့ သီချင်းကိုလည်း သူတို့ရဲ့ Youtube Channel မှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

R401lh9mmsvhxkgghzhh

Rpvbiu6pytdeore1awcy

ဒီသီချင်းကို နောက်တစ်ပတ် Youtube မှာ တက်လာတဲ့အခါ သူမ စာမျက်နှာကနေထုတ်လွှင့်ပေးသွားမှာပါတဲ့။ ပရိတ်သတ်ကြီးလဲ အားပေးပါဦးတဲ့။ သူမ သီဆိုဖျော်ဖြေမယ့် Asean Music Festival 2017 ပွဲဟာလဲ လူ၃ထောင်စာနေရာသာရှိတဲ့ ပွဲဖြစ်တာကြောင့် လူ၅သောင်းကျော် လာရောက်ခဲ့တဲ့ အခါမှာ ပရိတ်သတ်တွေကြား အခက်အခဲတွေများစွာရှိခဲ့တာကြောင့် ပွဲကိုဖျက်သိမ်းခဲ့ရတာလဲ ဖြစ်တယ်လို့ သိရပါတယ်။

Cjaqgxlb99qyxdlrypkp

Fvciv2wnuvr4mharv1tu

အိမ့်ချစ်ကိုချစ်တဲ့ပရိတ်သတ်ကြီးရေ Like & Share လေးလုပ်ပြီး အားပေးလိုက်ပါအုံးနော်။ ဖတ်ရှု့ပေးကြတဲ့ မိုမိုလေး ပရိတ်သတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

credit – KKK(momolay)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment