Celebrity Entertainment

တတိယအကြိမ် မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ မကြာခင် စတင်တော့မည်

ပြန်လည်မျှဝေလိုက်ပါ..

လူစိတ်ဝင်စားမှု များပြားခဲ့တဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ အစီစဉ်များ ပြန်လည် စတင်တော့မှာ ဖြစ်ကြောင်း သိပါတယ်။တစ်နှစ်ကို တစ်ကြိမ်ကျင်းပခဲ့တာ ဖြစ်တဲ့ ဒီသီချင်းဆိုပြိုင်ပွဲဟာဆိုရင် ခုနှစ်မှာ တတိယအကြိမ်မြောက်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ စီဆင် ၃ ပြိုင်ပွဲများ စတင်တော့မှဖြစ်ကြောင်းကိုတော့ ဒီနေ့ (နိုဝင်ဘာလ ၁၆ရက်) တွင် မြန်မာအိုင်ဒေါ ဖေ့စ်ဘွက်စာမျက်နှာမှာ ရေးသားလာတာ ဖြစ်ပါတယ်။ “မကြာမှီ MNTV တွင်စတင်တော့ မည့် Myanmar Idol Season 3 အသေးစိတ် အချက် အလက်များကို မကြာမှီ Myanmar Idol Official Page မှ ကြော်ငြာပေးသွားပါမည်” ဟုရေးသားထားသည်။ ၂၀၁၆ တွင် ကျင်းပသော ပထမအကြိမ် မြန်မာအိုင်ဒေါ Winner ကတော့ စောလာထော်ဝါး ဖြစ်ခဲ့ပြီး ဒုတိယအကြိမ်မှာတော့ သားငယ်က အနိုင်ရရှိသူ ဖြစ်ခဲ့သည်။ ပထမအကြိမ်ထက် ဒုတိယအကြိမ်တွင် မြန်မာအိုင်ဒေါဟာ ပိုမိုအောင်မြင်လာခဲ့ပြီး နောက်ဆုံး ၁ဝ ယောက် ပြိုင်ပွဲဝင်များဟာ အနုပညာလမ်းကြောင်းပေါ် လျှောက်လမ်းဖို့ နာမည်တစ်လုံးစီရခဲ့ကြသည်။Photos©Myanmar Idol

credit – pannpwint

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment