Celebrity Hacking

မင်းသမီး ဖွေးဖွေးရဲ့ ဖေ့စ်ဘွက်စာမျက်နှာ အဟက်ခံရ

ပြန်လည်မျှဝေလိုက်ပါ..

နာမည်ကျော် မင်းသမီး ဖွေးဖွေးကိုယ်တိုင် အသုံးပြုနေတဲ့ ဖေ့စ်ဘွက်စာမျက်နှာဟာ ယနေ့ပဲ အဟက်ခံလိုက်ရပါတယ်။ပရိတ်သတ် ၇ သန်းကျော်ရရှိထားတဲ့ ဖွေးဖွေးရဲ့ ဖေ့စ်ဘွက် ပေ့ခ်ျဟာ M4L Family အမည်ရှိ ဟက်ကာရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ပေ့ခ်ျရဲ့ သက်တမ်းကလည်း ကြာပြီဖြစ်ပါတယ်။ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) ၇ နာရီခွဲအချိန်ခန့်တွင် ဖေ့စ်ဘွက်ပေ့ခ်ျကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဟက်ကင်းလုပ်ခဲ့သူက ပေ့ခ်ျနောက်ခံပုံကို ပြောင်းလဲကာ ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ ယခု သတင်းရေးချိန်ထိတော့ ဒီတိုင်းပဲ ရှိပါသေးတယ်။“This Page is Controlled by <M4L’F4M!1Y>(MAL FAMILY)” ဆိုသည့် စာသားများရေးသား ထားခဲ့သည်ကို တွေ့ရသည်။ ဖွေးဖွေးက ဖေ့စ်ဘွက်ကို ပုံမှန်အသုံးပြုသူဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ဒီပေ့ခ်ျကို အသုံးပြုခဲ့သေးတာလည်း ဖြစ်ပါတယ်။ယခုတိုက်ခိုက်မှုဟာ နိုဝင်ဘာ ၁၅ ရက်က သက်မွန်မြင့်ရဲ့ ဖေ့စ်ဘွက်စာမျက်နှာကို တိုက်ခံခဲ့မှုနှင့် ပုံစံတူဖြစ်ပြီး ဟက်ကာလည်း အတူတူပင်ဖြစ်သည်ကိုတွေ့ရသည်။

credit – pannpwint

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment