Celebrity Entertainment

မွေးနေ့မှာ ပရိသတ်တွေအတွက် သီချင်းလက်ဆောင်ပေးမယ့် ထွန်းရတီ

ပြန်လည်မျှဝေလိုက်ပါ..

အဆိုတော် ထွန်းရတီကတော့ ပရိသတ်တွေအတွက် လက်ဆောင်ပေးဖို့ စီစဉ်နေပါတယ်။ အဲ့ဒါကတော့ သူမရဲ့ မွေးနေ့မှာ ပရိသတ်တွေ အတွက် သီချင်းသစ် တစ်ပုဒ်ကို သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ပေးသွားမယ်လို့ ဆိုပါတယ်။

သူမရဲ့ မွေးနေ့ကတော့ နိုဝင်ဘာ(၁၈)ရက်နေ့ ဖြစ်ပါတယ်။

အဲ့ဒီသီချင်းလေး နာမည်ကတော့ အဆုံးမဲ့သောသစ္စာဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်။ တေးရေးကိုတော့ ခင်ဆွေလင်းက ရေးပေးထားတယ်လို့ သိရပါတယ်။

ထွန်းရတီကတော့ ဒီနှစ်ထဲမှာ ချစ်ပြီးသားပါ ဆိုတဲ့ သီချင်းခွေ ထွက်ရှိထားပါသေးတယ်။ Audio အခွေမှာကလည်း က ပရိသတ်အားပေးမှု ရရှိထားတဲ့ အဲ့ဒီအခွေကို MTV အနေနဲ့ ဒီနှစ် ဖေဖော်ဝါရီ လက ထွက်ခဲ့ပါတယ်။

ချစ်ပြီးသားပါ MTV ကို ဒါရိုက်တာ ဝင်းလွင်ထက်၊ အောင်မြတ်၊ ရဲမင်းသူ၊ မေဘရဏီ၊ သော်ဇင်၊ JP၊ Kinar ၊ တို့က ရိုက်ကူးပုံဖော်ပေးထားပြီး သရုပ်ဆောင်များအနေနဲ့ ခင်လှိုင်၊ မြင့်မြတ်၊ ဇေယျ၊ မြတ်သူကျော်၊ အလင်းရောင်၊ အောင်လေး၊ ခါရာ၊ပိုင်တံခွန်၊ ထူး၊ ဥက္ကာမင်းသာ၊ ထွန်းရတီ၊ Aww All၊ Jade Dragon တို့က ပါဝင်အားဖြည့်ထားကြပါတယ်။

ထွန်းရတီဟာ အချစ်များစွာယူ သီချင်းနဲ့ ပရိသတ်တွေသိသွားခဲ့တာ ဖြစ်ပြီး အတွဲခွေများစွာနဲ့ ပထမတစ်ကိုယ်တော်အခွေဖြစ်တဲ့ ” အချစ်များစွာယူ” သီချင်းနဲ့ ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ထွန်းရတီသူမရဲ့ ဒုတိယ စီးရီးထွက်ပြီးရင်လည်း တတိယအခွေအတွက် သီချင်းတွေ စုနေတယ်လို့ သိရပါတယ်။

Photo : ထွန်းရတီ ဖေ့စ်ဘွတ်

credit – duwun

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment