Funny Life Style

နိုင်ငံခြားက တီထွင်ပြီးထုတ်ထားတဲ့ ဟာသသဖွယ် ပစ္စည်းများ

ပြန်လည်မျှဝေလိုက်ပါ..

 

နိုင်ငံခြားက တီထွင်ပြီးထုတ်ထားတဲ့ ဟာသသဖွယ် ပစ္စည်းများ

လူဦးရေတိုးပွားလာတာနဲ့ အမျှ လူ့အသုံးအဆောင် ထုတ်လုပ်မှုလဲ တိုးတက်လာပါတယ်။လူတွေဟာ တခါတရံမှာ အတွေးချော်တတ်ကြသလို နိုင်ငံခြားပစ္စည်းကိုမှ အထင်ကြီးသူတွေလဲ ဒါတွေကို တွေ့ရင် ရယ်ချင်ပက်ကျိတော့ ဖြစ်မိကြမှာပါပဲ။

10.Quack- Duck Bill Muzzle For Dog

သင်ဟာ ခွေးလေးတွေမွေးထားသူတစ်ယောက်ဆိုရင် ခွေးတွေရဲ့ အော်သံကို ရံဖန်ရံခါ စိတ်ညစ်မိမှာပါပဲ။ဒီလို မဖြစ်အောင် ထုတ်ထားတဲ့ ခွေးတပ် ဘဲနှုတ်သီးဟာ ခွေးတွေကို မအော်အောင် လုပ်ပေးတာဖြစ်ပါတယ်။ခွေးတွေဟာ ဒေါ်နယ်ဒက်ဖြစ်ကုန်ပါတယ်။

9.The Ab Hancer

The Ab Hancer ဆိုတာ သင့်ကို six pack ဖြစ်အောင်လုပ်ပေးတဲ့ အရာဖြစ်ပါတယ်။အနည်းဆုံးတော့ သင့်ကို ကောင်မလေးတွေရဲ့ အမြင်မှာ ဆွဲဆောင်မှုရှိစေအောင် လုပ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

8.Ironius: The Coffee​ Mug iron

အိမ်ရှင်မတွေကို အလုပ်နှစ်ခု တပြိုင်ထဲလုပ်နိုင်အောင် မီးပူတိုက်ရင်း ကော်ဖီကို အပူပေးပြီး သောက်သုံးနိုင်တဲ့ ပုံစံလုပ်ထားတာဖြစ်ပါတယ်။ကော်ဖီ အကျီင်္တွေပေါ်မမှောက်ဖို့ ဂရုစိုက်ဖို့ လိုပါလိမ့်မယ်။

7.Foot Powered Bike

စက်ဘီးကို နင်းတာအဖြစ် လူတိုင်းသိပေမယ့် စက်ဘီးကြီးထမ်းပြီး ပြေးနေရတဲ့ ပုံစံဖြစ်အောင်လုပ်ထားတဲ့ ထူးထူးဆန်းဆန်း ဘီးလို့ ဆိုပါတယ်။ပြား ငါးဆယ်နဲ့ အထက် လူတွေတောင် အပင်ပမ်းခံပြီး စီးမှာမဟုတ်ပါဘူး။လူကောင်းတွေအတွက်တော့ ဟာသပါပဲ။

6.Anti-Pervert Hairy Stockings

နိုင်ငံခြားရဲ့ နွေဦးပေါက်မှာ အအေးလက်ကျန်ရှိတာမို့ အချို့မိန်းကလေးတွေဟာ ဘောင်းဘီရှည်မချွတ်ရသေးပါဘူး။အမွှေးအမျှင်ရှိတာဟာ အအေးသက်သာစေတယ်ဆိုပြီး အမျိုးသားခြေသလုံးလို စတော့ကင်ကို ထုပ်လိုက်တာဖြစ်ပါတယ်။ခြေသလုံးမွှေးတွေလဲ ပါဝင်ပါတယ်။

5.Shower Mic

ရေချိုးရင်း သီချင်းဟဲသူတွေအတွက်တော့ သတင်းကောင်းပါပဲ။ဂျီးတွန်းရင် စင်ပေါ်မှာ မိုက်နဲ့ ဆိုတဲ့ ခံစားမှုကို ပေးနိုင်တဲ့ မိုက်ပုံစံရေမြုပ်ဖြစ်ပါတယ်။

4.Banana slip case

ဂျပန်တွေဟာ တခါတလေမှာ တော်လွန်းလို့ ချော်တာမျိုး ဖြစ်တတ်ပါတယ်။ငှက်ပျောသီး တလုံးစာထည့်ဖို့ဗူးကို ထွင်ပြီး ရောင်းတာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် ငှက်ပျောသီးဗူးကိုတော့ ဘယ်သူမှ တကူးတက သယ်မသွားချင်ပါဘူး။

3.Flask Tie

နက်ကတိုင်ထဲကနေ အရက်ခိုးစုပ်လို့ရမယ့် အိတ်တမျိုးကို ထွင်တာဖြစ်ပြီး မြန်မာနိုင်ငံကို မဖြန့်ဝေပါဘူး။

မြန်မာနိုင်ငံမှာ ရုံးတက်ရင် နက်ကတိုင်ဝတ်တဲ့သူ မရှိလို့ပဲ ဖြစ်ပါတယ်။

2.Female Urination Device

အမျိုးသမီး ဆီးစွန့်တဲ့ ကိရိယာလေးကို လူတော်တော်များများသိမှာဖြစ်ပါတယ်။အနည်းဆုံးတော့ ယောက်ျားတွေနဲ့ အပြိုင် ပန်းလို့ရနိုင်တဲ့ အခွင့်အရေးပါပဲ။

1.Head Mounted Toilet Paper Dispenser

အိမ်သာသုံးနဲ့ မျက်နှာသုံး တစ်ရှုးစက္ကူလိပ်ကို အလွယ်တကူ ယူလို့ရအောင် ဦးထုပ်ပုံစံလုပ် တီထွင်ခဲ့တာဖြစ်ပါတယ်။အနည်းဆုံးတော့ ကိုယ်နဲ့ မရင်းနှီိးတဲံ အိမ်သာမှာ စက္ကူပြဿနာမတက်တော့ပါဘူး။

credit – cantwait2say

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment