Life Style

အမြဲလိုလို Selfie ရိုက်တတ်တဲ့ကောင်မလေးတွေဟာ ဖြူစင်သူလေးတွေဖြစ်တယ်တဲ့

ပြန်လည်မျှဝေလိုက်ပါ..

Selfie အမြဲရိုက်တတ်တဲ့ ကောင်မလေးတွေဟာ တကယ့်ကို နှလုံးသားဖြူစင်သူတွေဖြစ်ကြပါတယ်။ တကယ်လို့သင်ဟာ Selfie အမြဲရိုက်တတ်တဲ့သူတစ်ယောက်ဆိုရင် နှလုံးသားဖြူစင်သူအဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။

(၁) ဝေမျှလိုစိတ်ရှိတယ်

Selfie အမြဲရိုက်တတ်တဲ့ ကောင်မလေးတွေဟာ ဝေမျှလိုစိတ်ရှိတဲ့သူတွေဖြစ်တယ်။ သူတို့ ဘယ်ကိုသွားခဲ့တယ်၊ ဘယ်လိုပျော်ခဲ့တယ်၊ ဘာတွေစားခဲ့တယ် ဆိုတာတွေအားလုံးကို ဝေမျှလိုတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့မစားခင်မှာ ဓာတ်ပုံလေးတွေအရင်ရိုက်တယ်၊ ရောက်လေရာမှာ ဓာတ်ပုံလေးတွေ ရိုက်လာတတ်တယ်ဆိုတာ အားလုံးကို ဝေမျှပေးချင်လို့ဖြစ်ပါတယ်။

(၂) ခွင့်လွှတ်တတ်တယ်

Selfie အမြဲရိုက်တတ်တဲ့ ကောင်မလေးတွေဟာ ခွင့်လွှတ်တတ်သူလေးတွေ ဖြစ်ကြပါတယ်။ သူတို့ Selfie ရိုက်တိုင်း သူငယ်ချင်းတွေ၊ သူများတွေက “ရိုက်ပြန်ပြီ” ဆိုပြီး စကြနောက်ကြ၊ လှောင်ပြောင်ကြပေမယ့် စိတ်ထဲမထားဘဲ၊ စိတ်ဆိုးစိတ်ကောက်မနေဘဲ အမြဲတမ်း ခွင့်လွှတ်တတ်သူလေးတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့လေးတွေဟာ တကယ့်ကို နှလုံးသားဖြူစင်တဲ့ သူတွေဖြစ်ကြပါတယ်။

(၃) အကောင်းမြင်စိတ်ရှိတယ်

Selfie အမြဲရိုက်တတ်တဲ့ ကောင်မလေးတွေဟာ အကောင်းမြင်စိတ်ရှိတဲ့သူတွေပါ။ သူတို့ selfie ရိုက်တယ်ဆိုတာ ပြောစရာမလိုလောက်အောင် လှနေလို့၊ ဒါမှမဟုတ် အရာရာပြီးပြည့်စုံနေလို့မဟုတ်ပါဘူး။ သူတို့ရဲ့ သဘာဝလေးမှာ ကျေနပ်ပြီး သူတို့ကိုယ်သူတို့ အကောင်းဖက်ကနေ မြင်တတ်တဲ့ အကောင်းမြင်စိတ်ရှိသူလေးတွေဖြစ်ကြလို့ပါ။ ဒါကြောင့် သူတို့လေးတွေဟာ တကယ့်ကို စိတ်နှလုံးသားဖြူစင်သူတွေပါ။

(၄) ပျော်ပျော်နေတတ်တယ်

Selfie အမြဲရိုက်တဲ့ ကောင်မလေးတွေဟာ ပျော်ပျော်နေတတ်သူလေးတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ post မျိုးစုံ၊ ရယ်စရာမျိုးစုံလုပ်ပြီး ရိုက်နေရတာကို ပျော်နေတဲ့သူတွေပါ။ သူတို့ဟာ အမြဲတမ်းလန်းဆန်းတက်ကြွပြီး ပော်ျပျော်နေတတ်တဲ့ ချစ်စရာကောင်းသူလေးတွေ ဖြစ်ကြပါတယ်။ တစ်ခါတလေ ကိုယ့်ပုံကိုယ် ပြန်ကြည့်ပြီး တဟားဟားရယ်နေတတ်တဲ့သူတွေပါ။ ဒါကြောင့် ဒီလိုမိန်းကလေးတွေဟာ ပျော်ပျော်နေတတ်တဲ့ နှလုံးသားဖြူစင်သူတွေဖြစ်ပါတယ်။

(၅) သူငယ်ချင်းတွေကိုသံယောဇဉ်ကြီးတယ်

Selfie အမြဲရိုက်တတ်တဲ့ ကောင်မလေးတွေဟာ သူငယ်ချင်းတွေကို အရမ်းခင်တွယ်တတ်တဲ့သူတွေ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူသွားခဲ့တဲ့နေရာလေးတွေ၊ အတူတူပျော်နေတာလေးတွေကို အမြဲတမ်း အမှတ်တရ သိမ်းထားချင်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် selfie အမြဲရိုက်တတ်တဲ့ကောင်မလေးတွေဟာ သူငယ်ချင်းတွေကို ခင်တွယ်တဲ့၊ သံယောဇဉ်ကြီးတဲ့ စိတ်နှလုံးဖြူစင်သူတွေဖြစ်ကြပါတယ်။

credit – Em Em (Auntymay)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment