Celebrity Entertainment

မီးလေး ခဏလောက်မှိန်ပေးပါ’ ဆိုတာတွေ မကြာခင်လာတော့မယ် ဆိုတဲ့ ကျော်ထက်အောင်

ပြန်လည်မျှဝေလိုက်ပါ..

လူစိတ်ဝင်စားမှု များပြားခဲ့တဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှ  ”မီးလေးခဏလောက် မှိန်ပေးပါ” ဆိုတာတွေ မကြာခင် လာတော့မယ်လို့ အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်က ပြောလာပါတယ်။၂၀၁၆ ခုနှစ်က စတင်ခဲ့တဲ့ မြန်အာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲနဲ့ အတူ ကျော်ထက်အောင်လည်း နာမည်တစ်လုံးရလာပြီး ခုတော့ ရုပ်ရှင်မင်းသားတစ်ယောက် ဖြစ်နေပါပြီ။မကြာခင် စီစင် ၃ စတင်တော့မှာ ဖြစ်ကြောင်း ကျော်ထက်အောင်က ဒီနေ့ ဆန်းဒေးဂျာနယ်နဲ့ အင်တာဗျူးတစ်ခုမှာ ပြောလာတာ ဖြစ်ပါတယ်။“ခဏနေပြန်လာခဲ့ပါ့မယ် တို့၊ မီးလေးခဏလောက် မှိန်ပေးပါ အစီစဉ်တွေ ပြန်လာတော့မယ် ဆိုတော့ ဒီအသံတွေ ဒီရုပ်တွေ ဒီလိုရင်ခုန်စရာကောင်းတဲ့ ဟာတွေ ပြန်ပြီး မြင်ရမယ့်အပြင် နောက်ထပ် ဆယ်ယောက်ကိုလည်း ပရိတ်သတ်က ကြည့်ရပါအုံးမယ်ဗျ” လို့ ပြောထားသည်။မြန်မာအိုင်ဒေါ အစီအစဉ်တွေ မကြာခင် ပြန်စတော့မယ်လို့လည်း မကြာခင်က ၄င်းတို့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ကြာညာထားတာ ဖြစ်ပါတယ်။

(ယခင်လျှောက်လွှာနမူနာ)

ပထမကြိမ် လျှောက်လွှာများကိုတော့ ၂၀၁၅ စက်တင်ဘာလတွင် စတင်ခေါ်ယူခဲ့ပြီး ဒုတိယအကြိမ် မြန်မာအိုင်ဒေါ လျှောက်လွှာ ခေါ်ယူမှုများကိုတော့ ၂၀၁၆ သြဂုတ်လမှာ စတင်ခဲ့တာကို တွေ့ရပါတယ်။ တတိယအကြိမ်တွက်တော့ နှစ်စမှာ ခေါ်ယူမယ်လို့ ယုံကြည်ရပါတယ်။ Photos©Kyaw Htet Aung,Myanmar Idol

Credit -pannpwint

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment