Celebrity Entertainment

ခိုးကူး နဲ့ Download Link တွေကြောင့် “ဂါ” MTV (၈)ပုဒ်ပဲ ရိုက်နိုင်တာပါဆိုတဲ့ ၀ိုင်းစု

ပြန်လည်မျှဝေလိုက်ပါ..

ဒီဇင်ဘာလ (၁၆) ရက်နေ့ မှာ ထွက်ရှိမယ့် ” ဂါ ” MTV (၈) ပုဒ်ပဲ ရိုက်နိုင်တာက ခိုးကူးနဲ့ DownLoad Link တွေကြောင့်ပါလို့ အဆိုတော် ၀ိုင်းစုခိုင်သိန်း က MC သို့ပြောခဲ့ပါတယ်။

Image may contain: 1 person, sunglasses and closeup
“၀ိုင်းစု အခွေကို ၀ယ်သိမ်းလို့ရအောင် သေချာလေးရိုက်ထားတယ် ။ အမှတ်တရဖြစ်အောင် ၀ိုင်းစု လုပ်တယ်ပေါ့နော် ။ ၀ိုင်းစု ပရိသတ်တွေလည်း သိပါတယ်။ ဖြစ်နိုင်ရင် နောက်ပိုင်း သီချင်းအပုဒ်ရေ (၁၀) ပုဒ် ဆိုလည်း အပြည့် အ၀ ရိုက်ချင်ပါတယ်။ တတ်နိုင်သလောက် ကူညီ၊ အားဖြည့်ပေးပါလို့ ပြောချင်တယ်။ ၀ိုင်းစု တို့ ခိုးကူးတွေရော၊ Download Link တွေကြောင့်ရော တော်တော် ဒုက္ခ ရောက်ပါတယ်။

Image may contain: 1 person, standing and outdoor

အခုတစ်ခြား အဆိုတော်တွေ လည်းဒီလိုပဲ ရိုက်ကြကုန်ပြီပေါ့နော်။ အခုနောက်ပိုင်းမှာတော့ များသောအားဖြင့် ပေါက်တဲ့သီချင်းတွေ ရွေးပြီးရိုက်တဲ့ Systemဖြစ်သွားပြီ ။ ဘာလို့လဲဆိုရင် ၀ိုင်းစုတို့ ကုန်ကျစရိတ်အရမ်းများတယ်။ တစ်ပုဒ်ရိုက်မယ်ဆိုရင်လည်း အရင်ထက်ပိုပြီးတော့ Charges တွေ အရမ်းတတ်တယ်။တတ်ပြီးတော့ Dowload Link တွေတတ်လာတော့ အရမ်းဆိုးတယ်။ အခွေတွေကလည်း မရောင်းရတော့ဘူး။ သီချင်းတော့ပေါက်တယ်။ Dowload အနေနဲ့ ပေါက်သွားတာဆိုတော့ ဘက်ဂျက်က အဆင်မပြေတော့ဘူး ။ အဲ့တော့ သီချင်းကို အကုန်လုံးက ရွေးပြီး ရိုက်ရတဲ့ခေတ်ဖြစ်သွားတာပေါ့နော် ။ ၀ိုင်းစုမှမဟုတ်ဘူး တော်တော်များများလည်း အကုန်လုံးကို ရိုက်ဖို့တော့ ရှားသွားပြီ ။” လို့ သူမကပြောပါတယ်။

Image may contain: 1 person, standing, ocean, sky and outdoor

credit

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment