Life Style

တခြားဂြိုလ် တခု ကိုရောက်သွားသလို ထူးခြားဆန်းကျယ်လှတဲ့ ကမ္ဘာပေါ်က လည်ပတ်စရာ နေရာများ…..

ပြန်လည်မျှဝေလိုက်ပါ..

 

လူတိုင်းနီးပါး ခရီးထွက်ခြင်း ကို သဘောကျ နှစ်သက်ကြပါတယ်။ တကယ်လို့ သမ ရိုးကျ ခရီးသွား စရာ လည်ပတ်စရာ နေရာ တွေကနေ ခွဲထွက်ပြီး ကိုယ် ကို ကိုယ်တခြား ကမ္ဘာ တစ်ခုကို ရောက်သွားလို ခံစားရစေတဲ့ နေရာ တွေကို သွားလည်ချင်ရင်တော့ အောက်မှာ ရူးကြောင် ကြောင် နိုင်တဲ့ နေရာလေးတွေကို စုစည်းတင်ပြလိုက်ပါတယ်။

image

image

(1) The High-Heel Weeding Church, Taiwan

ဒီဘုရားကျောင်းကတော့ အကြီးစား ရူးဖိနပ်ပုံစံတည်ဆောက်ထားတာပါ။ အမြင့်ပေ ၅၅ ပေနဲ့ အပြာရောင် မှန်ချပ် ၃၀၀ ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ အဲ့ဒီဖန်တီးမူအတွက် ဗိသုကာ ပညာရှင်တွေဟာ စင်ဒဲလားရဲ့ ဖိနပ် ပုံစံကို မှီငြမ်းတယ်လို့သိရပါတယ်။

image

image

(2) Beaujolais Nouveau Spa, Japan

Yunessun Spa Resort မှာဆိုရင် ဧည်သည်တွေဟာ ၃.၆ မီတာ အမြင့်ရှိတဲ့ ဝိုင် ပုလင်းနားမှာ များပြားတဲ့ ဝိုင်တွေနဲ့ ရေကူး အပန်းဖြေနိုင်ပါတယ်။ ဒါအပြင် ရေကူး တဲ့ကန်ထဲကို ချောကလက် ဟင်းတမျိုး မျိုးနဲ့ ကော်ဖီ လဲ ယူဆောင်နိုင်ပါတယ်တဲ့။ အိုမိုင်ဂေါ့ ကိုယ်တော့ ဝိုင်ကမ္ဘာ ထဲက မထွက်ပါရစေနဲ့တော့ အချစ်ရယ်။

image

The Wizarding World of Harry Potter, Florida

ဒီနေရာမှာရှိတဲ့ဆွဲဆောင်မူရှိတဲ့အရာတွေနဲ့ အပြင်အဆင်တွေဟာ ကျွန်တော်တို့ အကြိုက်ဟယ်ရီပေါ်တာ စာအုပ်တွေ ရုပ်ရှင်တွေရဲ့ ပတ်ဝန်းကျင်အနေထား ကို ပြန်ဖန်တီးဖို့တည်ဆောက်ထားတာပါတဲ့။ အို မိုဒါဆို ဟယ်ရီပေါ် ရုပ်ရှင်တွေ ထဲက အခန်းတွေကို တကယ်လေ့လာနိုင်တာပေါ့နော်။

image

image

(4) Bubblegum Alley, California

ဒီလမ်းကျဉ်းကိုတော့ San Luis Obispo မှာ ၁၉၆၀ နှစ်တွေတွေမှာတည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီကတည်းက လမ်းကျဉ်းနေရာ ဟာ တကယ့်အနုပညာ အစိတ်ပိုင်းတွေနဲ့ ပြည့်လာခဲ့ပါတယ်။ The chewy masterpiece ကို ၁၅ မီတာရှည်တဲ့ နံရံတွေမှာ ပြုလုပ်ထားပြီးတော့ ခရီးသွားလာသူတွေရဲ့ ပီကေ ပူပေါင်းတွေနဲ့ ဖုံးအုပ်ထားပါတယ်။

image

image

(5) The Petrifying Well, England

သဘာဝက တည်ဆောက်ပေးထားတဲ့Mother Shipton’s Cave မှာ မင်းသာ တခုခု သွားထားရင် အပြင်ဘက်မှာ ကျောက်သားအဖြစ်ကျန်ရှိနေမှာဖြစ်ပါတယ်။ ဒီအဖြစ်ပျက်အတွက် မှော်ဆန်တဲ့အဖြစ်ပျက်မျိုးတော့မရှိပါဘူး။ ကျောက်အဖြစ်ပြောင်းစေတဲ့ ရေတွင်းထဲက ရေဟာ တွေ့နေကျမဟုတ်တဲ့သတ္တုဓာတ်တမျိုးဖြစ်ပြီးတော့ မင်းအတွင်းမှာ ထားခဲ့တဲ့ ပစ္စည်းတိုင်းကို ဖုံးအုပ်သွားလို့ဖြစ်ရတာပါ။

image

image

(6) Karni Mata Temple, India ဒီခပ်ဆန်းဆန်းနေရာ တခုကတော့ ကြွက်တွေ ၂၀၀၀၀ ကျော် နေထိုက်ကြပါတယ်တဲ့။ သူတို့ကတော့ မြင့်မြတ်တဲ့အရာတွေလို့သတ်မှတ်ကြပါတယ်။ အဲ့ဒီကြွက်တွေကို “kabbas” လို့ခေါ်ကြပြီးကမ္ဘာတစ်ဝန်းကခရီးသွားတွေနဲ့ ဒေသခံ တွေက ကိုးကွယ်ကြပါတယ်။ ဘုရားကျောင်းထဲဝင်ရင် ဖိနတ်ချွတ်ရပါတယ်။အဲ့ဒီကြွက်တွေ ကိုက်ထားတဲ့အရာကို စားရ၇င်တော့ မင်းက ကောင်းချီးပေးခံရတာပါတဲ့ကွယ်။

image

image

(7) Avanos Hair Museum, Turkey သမိုင်းလေးနဲ့ ဒီပြတိုက်ကို ဒေသခံ အိုးလုပ်သူတယောက်က ၁၉၇၉ မှာဖွင့်ခဲ့တာပါ။ သူနာမည်က Chez Galip ပါတဲ့။ သမိုင်းလေးကတော့ သူရဲ့မိန်ကလေးသူငယ်ချင်းကို လက်ဆောင်ပေးပါလို့တောင်းဆိုတဲ့အခါ သူမ က သူမရဲ့ဆံပင် တခွေတလိပ် ကိုပေးခဲ့ပါတယ်။ သူက အဲ့ဒီဆံပင်ကို သူရောင်းတဲ့ မြေးအိုဆိုင်မှာ တပ်ထားခဲ့ပါတယ်။ အလည်လာသူတွေက ဘာလို့ဆံပင်ကို ထားလဲ မေးတဲ့အခါ သူ့ရဲ့အကြောင်းပြောပြခဲ့ပါတယ်။ တခြား အမျိုးသမီးတွေ က ဒီအကြောင်းကို ခံစားရပြီး သူတို့ရဲ့ ဆံပင်အချို့ကိုလဲ သူ့အတွက် ထားပေးခဲ့ပါတယ်။ အဲ့ဒီနောက် Galip က ပြတိုက်အဖြစ်ဖွင့်ဖို့ဆုံးဖြတ်ခဲ့တာပါ။ ယနေ့မှာတော့ ၁၆၀၀၀ လောက်ဆွဲချိတ်ထားတဲ့ ဆံနွယ်တွေနဲ့ အမြောက်အမြားခင်းကျင်းပြသ ထားပါတယ်။

image

image

(8) Carhenge, Nebraska

Alliance ရဲ့မြို့တော်အနီးမှာတည်ရှိပါတယ်။ နောက်ပြီး The American version of Stonehenge တွေကို ပြသထားပါတယ်။ အဲ့ဒီနေရာကို အမေရိကန်အဆင့်ကား၃၈ နဲ့ဖန်တီးထားပါတယ်။ အဲ့ဒါတွေ အကုန်လုံးကို မီးခိုးေ၇ာင် ဆေးသားတွေ ချယ်ထားပြီး စက်ဝိုင်းပုံ စီစဉ်ထားပါတယ်။ ဒါအပြင် အချို့သော အနုပညာလက်ရာရှိတဲ့ ကားအဟောင်းတွေ ကို အမျိုးမျိုးသော အရောင်တွေနဲ့ ချယ်ထားတာလဲရှိပါတယ်။

image

image

(9) The White Restaurant, Georgia

Batumi မှာ အပေါ်အောက် ဇောက်ထိုးဖန်တီးထားသူကတော့ Georgia ဖြစ်ပါတယ်။ နောက်ပြီး အဆောက်အုံ၇ဲ့ပြင်ဆင်မူအပြင် အရသာရှိတဲ့ အချက်ပြုတ်တွေကြောင့်လဲ နာမည်ကြီးပါတယ်။

image

image

image

(10) The Wang Saen Suk Hell Garden, Thailand

ငရဲ ကဘာနဲ့တူလဲဆိုတာ တွေးဖူးလား။ ဒီမှာ ကြည့်လိုက်။ ထိုင်းရဲ့နာမည်ကြီး နေရာတခုပါပဲ။ ဘုန်းကြီးကျောင်း ဥယျာဉ် တခုလဲဖြစ်ပါတယ်။ Thailand Hell Horror Park လို့နာမည်ကြီးပြီးတော့ ဗုဒ္ဓ ရဲ့အယူဝါဒ အရ ပြင်ဆင်ပြသပေးထားတဲ့ ဇာတ်ဝင်ခန်းတွေလဲ ဖြစ်ပါတယ်။ အဝင်ဝမှာတော့ Welcome to Hell လို့ဆိုင်းပုတ် ထားရှိပြီး တကယ်ကို မကောင်းတဲ့အရာတွေ ပြည့်နက်နေတာကို တွေ့ရမှာပါ။ အဲ့ဒီအရာတွေကတော့ တခုခု ကိုယ် မကောင်းကျူးလွန်မိ လို့လောက ငရဲက အပြစ်ပေးတဲ့ပုံတွေကို အခန်းလိုက်ပြသပေးထားတာတွေ ဖြစ်ပါတယ်။ ချစ်သူနဲ့ အတူတူ သွားလည်ကြည့်ပေါ့နော်…ခ်ခ်။

credit – mingalarbarmorning

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment