Hacking News

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ

ပြန်လည်မျှဝေလိုက်ပါ..

Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခုဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ အန္တရယ်ကြီးတဲံ တိုက်ခိုက်မှုမနှန်း သိခဲ့ရတာဖြစ်ပါတယ်။
CCleaner ဟာ အသုံးပြုသူအရေအတွက်ဟာ မိုဘိုင်းမှာရော ကွန်ပြူတာမှာပါ အသုံးပြုများပြီး သန်းဂဏန်းကျော်ရှိတဲ့အတွက် အန္တရာယ်အများဆုံး ဝင်ရောက်တိုက်ခိုက်မှုလို့ ပြောလို့ရပါတယ်။
အဓိကတော့ တိုက်ခိုက်ဖောက်ထွင်းသူတွေက ကုမ္ပဏီကြီးတွေဖြစ်တဲ့ Singtel, Intel, Google, Epson, Akamai, Samsung, Sony, VMware, HTC, Linksys, D-Link, Microsoft, and Cisco တို့ကို ဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်။
နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ခိုးယူဖို့ရည်ရွယ်ပြီး ပြန်ရောင်းချခြင်းမျိုးလုပ်မှာဖြစ်ပါတယ်။ဟက်ကာ စကားနဲပပြောရရင် နောက်တံခါးတချပ်ပွင့်တာနဲ့ လုံခြုံရေး လုံးဝကျိုးပေါက်သွားပြီလို့ ပြောနိုင်အောင် နောက်တံခါးတချပ်ပဲ ဖွင့်ဖို့ကျန်ရှိခဲ့တာဖြစ်ပါတယ်။
CCleaner ရဲ့ နောက်ဆုံး version ကသာ လုံခြုံမှုရှိမှာ ဖြစ်ပြီး ကျန်တဲ့ version အဟောင်းတွေက စိတ်မချရဘူးလို့ Cisco က လတ်တလောမှာ ကြေငြာချက်တွေထုတ်ပြန်ထားတယ်။
လောလောဆယ်တော့ သတင်းအချက်အလက် ခိုးယူခံရတဲ့ သတင်း တစုံတရာ မကြားရသေးပါဘူး။Malware ကနေ ဝင်ရောက်တဲ့ code ကို ခြေရာခံတဲ့အခါ Group 72 ဒါမှမဟုတ် Axium tools တွေကို အသုံးပြုထားတယ်လို့ဆိုပါတယ်။
Novetta လုံခြုံရေးဋ္ဌာနကတော့ Chinese intelligence services က ပါဝင်ပတ်သက်မှုရှိမယ်လို့ သုံးသပ်ထားပါတယ်။

credit to : DigitalTimes.com.mm

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment