News Sports

ထိုင်းကလပ် အသင်းမှာ တစ်လ အမေရိကန်ဒေါ်လာ $7000 ရမည့်အောင်သူ

ပြန်လည်မျှဝေလိုက်ပါ..

ရတနာပုံ အသင်းနဲ့ မြန်မာ့လက်ရွေးစင် အသင်းရဲ့ အဓိက ကစားသမား အောင်သူ ဟာ လာမယ့်နှစ်ဘောလုံးရာသီမှာ ထိုင်းကလပ် Police Tero အသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားတော့မှာဖြစ်ပါတယ်။

Image may contain: 4 people, people smiling, people standing

ရတနာပုံအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း နဲ့ Police Tero အသင်း ဥက္ကဋ္ဌ ဘရိုင်ယန် တို့ အသေးစိတ် ဆွေးနွေးခဲ့ပြီး အငှားစေလွှတ်ဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

Image may contain: 4 people, people playing sports and outdoor

ရတနာပုံအသင်း ဥက္ကဋ္ဌ ကတော့ ရတနာပုံ အသင်းမှ မဟုတ်ပဲ ပြည်ပကလပ် အသင်းတွေက မြန်မာကစားသမားတွေကို ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ၀မ်းမြောက်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။မြန်မာ ကစားသမားတွေအနေနဲ့ ပြည်ပတွေအထိ သွားရောက်ကစားဖို့ ကြိုးစားဖို့လိုအပ်ပြီး ဒီနေရာမှာ မရပ်ပဲ တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားအောင်ကြိုးစားသင့်တယ်လို့ ရတနာပုံအသင်း ဥက္ကဋ္ဌ က ဆိုခဲ့ပါတယ်။

အောင်သူ ဟာ Police Tero အသင်းမှာ လစာ အပြင် အိမ်ခန်း(၁)ခန်း ၊ ကား (၁)စီး နဲ့ အသွားအပြန် လေယာဉ်လက်မှတ် (၄)ခေါက်စာ ရရှိမှာဖြစ်ပါတယ်။ အောင်သူ ဟာ အခုလ (၂၆)ရက်မှာ ထိုင်းနိုင်ငံကို ထွက်ခွာမှာ ဖြစ်တဲ့အတွက် (၂၆)ရက် မွန်ဂိုလီးယား အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲမှာ မြန်မာယူ(၂၃)အသင်း အတွက် ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။ Police Tero အသင်းဟာ ပြီးခဲ့တဲ့ရာသီ အသင်း (၁၈)သင်းပါ ထိုင်း T1 လိဂ်မှာ အမှတ်ပေးဇယား အဆင့် (၁၄)နေရာမှာ ရပ်တည်ခဲ့ပါတယ်။

Photos From – Yadanarbon FC

5 PLUS NEWS

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment