Health Knowledge

နမ်းတာနဲ့ပက်သတ်လို့ သင့်အတွက်အကျိုးရှိစေမယ့် သင်မသိသေးတဲ့ အချက်လေးတွေ………

ပြန်လည်မျှဝေလိုက်ပါ..


1.လူတိုင်းက နမ်းတာကိုလိင်ဆက်ဆံရတာထက်တောင် ပိုကြိုက်သေးတယ် !သူတို့ကိုဘာလို့ နမ်းရတာ ကြိုက်တာလဲလို့ မေးလိုက်ရင် သူတို့ကလည်းရှက်ပြုံးပြုံးနဲ့ ပျော်မွေ့လို့ လို့ပြောကြတယ်။ နမ်းတာကအဲ့ဒါထက်ပိုတဲ့ ခံစားချက်ကိုပေးစွမ်းနိုင်တယ်။

နမ်းခြင်းမှ ရရှိနိုင်သောအကျိုးကျေးဇူးများ

2.ကိုယ်ခံစွမ်းအားတိုးပေးတယ်

နယ်သာလန် နိင်ငံရဲ့ သုတေသနပြုချက်အရသင်နမ်းနေတဲ့အချိန်မှာဘက်တီးရီးယားပိုးမွှားသန်း 80 လောက်ကသင့်ရဲ့ ပါးစပ်ထဲမှာရှိနေတယ်။ အဲ့ဒီအများကြီးထဲကမှ ဘက်တီးရီးယားတစ်မျိုးကသင့်ကိုအကျိုးပေးတဲ့ ဘက်တီးရီးယားဖြစ်တယ်။ အထူးသဖြင့် ကိုယ်ခံစွမ်းအားတိုးဖို့အတွက်ပါ။

3.သွားကျန်းမာရေးကောင်းတယ်

နယူးယောက်ကဆရာဝန်တစ်ဦးကနမ်းခြင်းဟာသွားရည်ထွက်အားကောင်းအောင် လှုံဆော်ပေးပြီးအဲ့သွားရည်တွေကသွားထဲမှာရှိတဲ့ အက်ဆစ်ကိုလျော့နည်းစေတယ်။ အဲ့ဒီအရာတွေကသင့်သွားကိုပိုဖြူစေတယ်။ ဒါ့အပြင် အနံ့ဆိုးတွေကိုလည်းပယ်ရှားပေးတယ်။

4. ဦးနှောက်တွေလည်း ကြည်တယ်

သင့်ကိုမွေ့လျော်စေတဲ့အတွက် သင့်ကိုပျော်ရွှင်စေမှာအမှန်ပဲ။ ကျွန်တော်တို့ ပျော်ရွှင်နေတဲ့အချိန် ဦးနှောက်ကလည်းသက်သောင့်သက်သာရှိတယ်။ အဲ့ဒါကြောင့် တယောက်ယောက်နဲ့ နမ်းတဲ့အချိန်ပျော်ရွှင်နေတာဟာမဆန်းပါဘူး။

5.သွေးတိုးနဲ့ ကိုလက်စထရောဓာတ်ကိုလျော့စေတယ်

အပိုပြောတာမဟုတ်ပါဘူး။ တကယ့် ဖြစ်ရပ်ဖြစ်ပြီးသုတေသနလုပ်ထားတာဖြစ်တယ်။ ဒီအရာကသွေးတိုးနဲ့ ကိုလက်စထရောဓာတ်ကိုလျော့နည်းစေတာအမှန်ပဲ !

6.ကယ်လိုရီ လောင်ကျွမ်းပေးတယ်

နမ်းတယ်ဆိုတာကလည်းလေ့ကျင့်ခန်းလုပ်ပေးတာပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒါက ကြွက်သားတွေကိုအသုံးပြုရလို့ပါ။ တခေါက် နမ်းတာက 26 ကယ်လိုရီကိုလောင်ကျွမ်းစေပါတယ်။

7.စိတ်ညစ်တာကို သက်သာစေတယ်

ဒီအချက်ကလည်းသုသေသနလုပ်ပြီးသာဖြစ်တယ်။ စိတ်ညစ်နေတဲ့လူတွေကိုစုစည်းပြီးသူတို့နမ်းပြီးတဲ့နောက် အဲ့စိတ်ညစ်တာတွေကပျောက်သွားတယ်။ ဒီအရာကသင့်ကိုပျော်ရွှင်မှုပေးနိုင်တယ် !

 

Credit: cantwait2say

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment