News Sports

“မြန်မာလိဂ် အကောင်းဆုံး ကစားသမားဆုကို သုံးနှစ်ဆက်တိုက် အောင်သူ ရရှိ”

ပြန်လည်မျှဝေလိုက်ပါ..

မန်မာလိဂ် အကောင်းဆုံး ကစားသမားဆုကို အောင်သူ သုံးနှစ်ဆက်တိုက် ရရှိ”

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲတလျောက် အကောင်းဆုံး ကစားသမားဆုကို အောင်သူက သုံးနှစ်ဆက်တိုက် ရရှိခဲ့သည်။

Image may contain: 4 people, people smiling, people standing

Image may contain: 4 people, people smiling, people standing and text

နိုဝင်ဘာ ၂၅ ရက် ညပိုင်းက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် MNL Awards Night Ceremony ၌ ရတနာပုံတိုက်စစ်မှူး အောင်သူက ၂၀၁၇ ခုနှစ် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။ ယင်းဆုတံဆိပ်အပြင် ဘောလုံးအဖွဲ့ချုပ်က ထပ်မံချီးမြှင့်သည့် ဂုဏ်ပြုဆုငွေ သိန်း ၂၀ ကိုလည်း လက်ခံရရှိခဲ့သည်။

Image may contain: 2 people, indoor

အောင်သူသည် ပြီးခဲ့သည့် ၂၀၁၅ ၊၂၀၁၆ ခုနှစ်တို့တွင် မြန်မာလိဂ် အကောင်းဆုံးကစားသမားဆု ရရှိထားသည့်အတွက် ယခုနှစ်၌ သုံးနှစ်ဆက်တိုက် ရရှိခဲ့ခြင်းဖြစ်သည်။
သတင်း၊ဓာတ်​ပုံ-​ရွှေဘုတ်

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment