Funny

ကျောင်းသူတစ်ယောက်ရဲ့ ပေးစာ

ပြန်လည်မျှဝေလိုက်ပါ..

သို့ … ဖေဖေနှင့် မေမေ

ကျောင်းစဖွင့်ကတည်းက မအားတော့တာနဲ့ 
မေမေ ဖေဖေတို့ ဆီကို စာမရေးဖြစ်တော့ဘူးနော်။
အခုမှပဲ ဖြစ်ဖြစ်သမျှ အကြောင်းတွေကိ အားရပါးရ
ပြောပြရတော့မယ်။
ဒီစာဖတ်ပြီး တော့လဲ စိတ်ပူမနေကြနဲ့ ဦး။
ဖြစ်ပုံကဒီလို…

ဘာမှတော့ စိုးရိမ်စရာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့
တစ်ပတ်လောက်ကတော့
ပါတီတစ်ခုကို သွားပြီး အပြန်မှာ ခေါင်းတွေ
သွက်သွက်ခါလောက်အောင်ကိုမူးခဲ့တယ်။
ဒါကလည်း ဆေးမှားသောက်မိလို့ ပါ။ အဲဒီဆေးကလဲ
ပါတီမှာတွေ့ တဲ့ကောင်လေးတစ်ယောက်က သမီးကို
စမ်းသောက်ကြည့်ဖို့ ပေးတာလေ။

ဒါပေမယ့် အဲဒီနေ့ က အဖြစ်အပျက်တွေကိုတော့
ပြန်ပြောပြလို့ ရလောက်အောင်
သိပ်ပြီး မမှတ်မိချင်တော့ဘူး။
သမီးရဲ့ အဝတ်အစားတွေ အကုန်လုံးကိုတော့
နောက်နေ့ မနက် ပြန်ရှာတွေ့ ပါတယ်။
အဲဒီအတွက်တော့ ဘာမှ စိတ်ပူစရာမလိုပါဘူး။
ဆေးရုံရောက်မသွားတာပဲ တော်သေးတယ် ပြောရမယ်လေ။
အခုတော့ တစ်နေ့ သုံးကြိမ်လောက် ခေါင်းတအား
ထိုးထိုးကိုက်တာက လွဲလို့ 
ဘာမှမဖြစ်တော့ပါဘူး။

 

ကျောင်းတက်ခါစက အဆောင်မှာ နေတာဆိုတော့
ဆူဆူညံညံ အသံတွေကြောင့် မလွတ်လပ်ဘူးပေါ့။
အခုတော့ ကောင်လေးတစ်ယောက်နဲ့  လိုက်နေတာ
အားလုံး အဆင်ပြေပါတယ်။ သူက
သမီးတို့ ကျောင်းနားက ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်တယ်လေ။

သူကသမီးအပေါ်မှာ ကောင်းရှာပါတယ်။ အခုလဲ သူကလက်ထပ်မယ်တဲ့လေ။ ဘယ်နေ
့ဘယ်ရက်လို့ တော့ မရွေးရသေးပါဘူး။
ဒါပေမယ့် သမီးကတော့ သိပ်ကြာကြာ မစောင့်ချင်တော့ဘူး။
ဗိုက်ကလဲ တနေထက်တနေ့  ပိုပိုပူပူ လာနေပြီ။

ဖေဖေနဲ့  မေမေတို့ ရေ… ဖေဖေတို့ ရဲ့ သမီးက
ကလေးအမေဖြစ်တော့မှာ။ အားလုံးအဆင်ပြေပါတယ်။
တခါတခါတော့ ခေါင်းထဲမူးတူးတူး ရှိတာပေါ့။
ဒါပေမယ်လဲ ဒါက အနာတွေပေါက်နေလို့ 
ဆေးသောက်နေရလို့ ဖြစ်တာပါ။ အနာတွေက
အာဘ်ဒူဆီက ကူးတာလေ။ ဒါလဲ သူ့ အပြစ်တော့ မဟုတ်ပါဘူး။
အမှန်ကသမီးကိုယ်တိုင် စောစောထဲက
ဆင်ခြင်ခဲ့ဖို့ ကောင်းတာပါ။

အာဘ်ဒူကိုတော့ ဖေဖေ မေမေတို့ လက်ခံရလိမ့်မယ်။
သူက ဘာပညာမှတော့ မတတ်ပါဘူး။
ဒါပေမယ့် အရမ်း ရည်ရွယ်ချက်ကြီးတာ။
အခုလဲ သူက ကိုယ်ပိုင်ဓာတ်ဆီဆိုင် ဖွင့်မယ်တဲ့လေ။
သမီးနာမည်နဲ့  ဘဏ်ကနေငွေချေးလို့ ရရင်ပေါ့။
သူကထောင်ကျဖူးထားတော့ ဘဏ်မှာ သူ့ နာမည်နဲ
့ငွေချေးလို့ မရဘူးတဲ့လေ။

ကဲ…

အခုတော့ သမီးရဲ့ ဘဝအခြေအနေ ဘယ်လောက်အထိ
ဆိုးဆိုးရွားရွားဖြစ်သွားနိုင်တယ်ဆိုတာ
အမေတို့ သိပြီမဟုတ်လား။
အမှန်တော့ သမီးပြောခဲ့တဲ့ ခေါင်းကိုက်တာတို့ ၊
ဆေးမှားတာတို့ ၊ကလေးရတာတို့ ၊ အနာတွေပေါက်တာတို့ ၊
ရည်းစားရနေတာတို့ ဆိုတာတကယ်မဟုတ်ပါဘူး။

သမီးဒီလ ဖြေခဲ့တဲ့ စာမေးပွဲ ၅ ဘာသာမှာ နှစ်ဘာသာကကျပြီး နှစ်ဘာသာက ပြန်ဖြေရမှာတဲ့။
ဒါပေမယ့် အခုနက ပြောခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ 
နှိုင်းယှဉ်ကြည့်ရင်တော့
ဒါဟာ ဘာမှ မပြောပလောက်ပါဘူး လေ… နော်

ချစ်တဲ့ သမီး

ရယ်​စရာမဂ္ဂဇင်းမှ

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment