Life Style

ဘန်ကောက်ရောက်ရင် မဖြစ်မနေသွားသင့်တဲ့ အနီရောင် Night Life လမ်း

ပြန်လည်မျှဝေလိုက်ပါ..

ဘန်ကောက်ရောက်ရင် မဖြစ်မနေ ဗဟုသုတနေနဲ့ သွားရောက်သင့်တဲ့နေရာ တစ်နေရာကတော့ Asoke မှာရှိတဲ့ Soi Cowboy ဆိုတဲ့လမ်းသွယ်လေး ဖြစ်ပါတယ်… Soi Cowboy ဆိုပြီးပြောလိုက်ရင် Taxi သမားတိုင်းသိတယ်… ယခင်က နံမည်ကျော် ပက်ပုန်းဆိုတဲ့နေရာထက်ပိုမိုက်တယ်… လုံခြုံတယ်… ရိုက်စားမရှိဘူး… ရဲတွေတောင် လုံခြုံရေးချထားပေးတဲ့ Tour Attraction နေရာတစ်နေရာအဖြစ် သေချာဖန်တီးထားတယ်…

Image may contain: 3 people, people standing and indoor

🚦 Soi Cowboy ဆိုတဲ့လမ်းသွယ်လေးက မန္တလေးအခေါ် တစ်ပြလောက်ပဲရှိတယ်… အဲ့ထဲမှာ Pub ပေါင်းစုံရှိတယ်… ဘီကနီနဲ့ ထိုင်းမလေးတွေ ဆိုင်တွေရှေ့မှာ ဧည့်ကြိုနေတာ တွေ့ရလိမ့်မယ်… တောင်ကြည့် မြောက်ကြည့်လုပ်နေရင် လှမ်းဆွဲမယ်… သူတို့ ဆိုင်ကိုထိုင်ခိုင်းမယ်… ပြဿနာမရှိဘူး… ဒီလောက်ပါပဲ… အနီရောင် နီယွန်မီးတွေ… ဆိုင်းဘုတ်တွေအောက်မှာ တူးပိစ်နဲ့ မိန်းကလေးတွေရယ်… ဖြတ်သွားဖြတ်လာ ဧည်သည်တွေရယ်… မျက်စိစားပွဲထိုင် မျက်စိအစာကြွေးရင်း ဘီယာထိုင်မော့နေကြတဲ့ နိုင်ငံစုံက ကာလသားတွေရယ်နဲ့ စည်ကားနေတယ်…

Image may contain: 5 people, night

🚦တကယ်တော့ ဘန်ကောက်မြို့ရဲ့ Night Life ဟာ ငွေကုန်ကြေးကြ မများဘဲ ခုလိုနေရာတွေသိရင် ပျော်စရာအလွန်ကောင်းပါတယ်… ကိုယ်တွေလဲ သူများညွှန်းလို့ အဲ့ဒီလမ်းကို တစ်ခါမှမရောက်ဘူးသေးဘဲ ယောင်တောင်ပေါင်တောင်နဲ့ ရောက်သွားတယ်… ဘယ်ဆိုင်ကိုထိုင်ရမှန်းမသိတော့ တွေ့တဲ့ Cowboy 2 ဆိုတဲ့ဆိုင်ကို ဝင်ထိုင်လိုက်တယ်… ဆိုင်ထဲက အလည်ခေါင် စတိတ်စင်ပေါ်မှာ ကာလသမီးပျိုတစ်သိုက် တူးပိစ်နဲ့ တက်ကနိုစည်းချက်နဲ့အညီ တိုင်ပါတ်ကပြ ဖျော်ဖြေနေတယ်… ဝင်ကြေး မပေးရပေမယ့် ဘတ်တစ်ရာကျော်နဲ့ ဘီယာတစ်ပုလင်းမှာသောက်ရုံပဲ… မြန်မာငွေ ငါးထောင်ကျပ်လောက်နဲ့ ဒါမျိုး Show ကိုတစ်ဝကြီး ထိုင်ရှိုးနိုင်တယ်… ဒါနဲ့ စားပွဲထိုးကို Tip Money ပေးပြီး ဒီလမ်းထဲက ဘယ်ဆိုင်တွေမှာ ထူးထူးခြားခြား ဖျော်ဖြေပွဲ ရှိသေးလဲလို့ Information နှိုက်လိုက်တော့ Long Gun, Suzie Wong ဆိုတဲ့ ဆိုင်တွေမှာ ရှယ် ကပြဖျော်ဖြေတယ်လို့ သိရတယ်… ဒါနဲ့ နောက်တစ်ဆိုင် ပြောင်းထိုင်ကြတယ်…

Image may contain: 3 people, people dancing, crowd and indoor

🚦အမလေး…လေး အဲ့ဆိုင်တွေကြမှ တူးပိစ်တောင် မပါတော့ဘဲ ဗလာနတ္တိ အရှိအတိုင်း ပွဲကြမ်းတော့တာပဲ… အခြားအခြားသော ဘော်လုံးဖောက်ပြတာတို့… ဘီယာပုလင်းကို ဟွာနဲ့ ဖွင့်ပြတာတို့ စတဲ့ ပါဖောမင့်တွေအပြင် တိုင်ပါတ်ကပြကြတာ မူးနောက်နေအောင် အားပါးတရ ကြည့်ပေတော့ပဲ… ကိုယ်တွေကို စတိတ်စင်အောက်မှာ နေရာချပေးထားတော့ သူတို့ အကြမ်းစားကပြနေတဲ့အချိန် ကိုယ့်ဘီယာပုလင်းလေးမှောက်လဲမှာစိုးလို့ ကိုင်ထားရသေးတယ်… ဘေးကပ်လျက်မှာထိုင်နေတဲ့ အိန္ဒိယသား ငစမာန်တစ်ယောက်က ဒီဆိုင်ကို သိပ်ကြိုက်တာဆိုပဲ… သူက အထာတွေသိတော့ ဘတ် ၂၀ တန်လေးတွေ ဆောင်လာပြီး ဟိုထဲထိုးပြီးပေးလိုက် … ဒီထဲထိုးထည့်ပေးလိုက်နဲ့ တစ်ယောက်ထဲလာပြီး ပျော်နေတာ… ဒီမှာလာတဲ့ အနောက်တိုင်းသားတွေဆိုတာကလဲ မြူးကြွတဲ့တေးသံ… မီးရောင်စုံတွေအောက်မှာ အေးအေးဆေးဆေး အုပ်စုလိုက် လာပွေးနေကြတယ်…

Image may contain: 2 people, people sitting and indoor

🚦 ဒါပေမယ့်လဲ တချို့တွေဆိုရင် ကိုယ့်မိန်းမခေါ်လာပြီး အေးဆေး ဘီယာထိုင်သောက်ပြီး အားပေးနေကြတာကိုလဲတွေ့ရတယ်… ဆိုင်ထဲမှာ ကိုယ်တုံးလုံးတွေ သွားလာ ကခုန်နေကြတာဆိုတော့ တခြားကမ္ဘာတစ်ခု ကောက်နေသလိုဘဲ… ဆိုးဆိုးဝါးဝါး မူးရမ်းနေတဲ့သူတွေ မတွေ့ပါဘူး… ကန့်သက်ချက်တွေက အသက် ၂၀ ကျော်မှ အထဲကို ဝင်လို့ရပါမယ်… လက်နက်နဲ့ မူးယစ်ဆေးဝါး မယူဆောင်ရတဲ့အပြင် အထဲမှာ ဆေးလိပ်သောက်ခွင့်မပေးတော့ ကြည့်ရတာ တော်တော်လေး အဆင်ပြေပါတယ်…

🚦 ဘေးကပ်လျက်ထိုင်နေတဲ့ ဒီလမ်းရဲ့ဖောက်သည်ကြီး အိန္ဒိယသားရဲ့ သတင်းပေးချက်အရ After Skool ဆိုတဲ့ဆိုင်မှာလဲ ပွဲကြမ်းကြမ်းလေး ကြိုက်တတ်ရင် သွားသင့်တဲ့ဆိုင်လို့ ဆိုပါတယ်… နောက် ယောကျာင်္းမိန်း … ဖြတ်ဖောက်ချုပ် (Lady Boy) တွေ အသုံးတော်ခံတဲ့ Cockatoo ဆိုတဲ့ဆိုင်လဲ မိုက်တယ်ဆိုတဲ့ ဒေတာတွေရလို့ နောက်တစ်ရက်ထပ်သွားကြည့်တယ်…

Image may contain: 12 people, crowd, night, outdoor and indoor

🚦ဒီနေရာတွေဟာ အများထင်သလို ဆိုးဆိုးဝါးဝါးနဲ့ ကြောက်စရာကောင်းတဲ့နေရာ မဟုတ်ပါဘူး… ကိုယ့်စော်… ကိုယ့်မိန်းမနဲ့လဲ ဗဟုသုတအဖြစ် လာရောက်သင့်တဲ့ အနီရောင် လမ်းသွယ်လေးပါ… မြန်မာငွေ ငါးထောင်ဖိုးလောက် ဘီယာတစ်ပုလင်းသောက်ရုံနဲ့ ဒါမျိုး အသုံးတော်ခံတာကို ကြည့်ရှုရတာ ဘယ်လောက်တန်လိုက်သလဲ… ဒါမျိုးနေရာ ဘယ်မှာ သွားရှာမလဲ… အဲ့ဒီဆိုင်က စော်ခေါ်ထိုင်ရင်တော့ ဘတ် ၅ ရာလောက် Tip Money ပေးလိုက်ပါ… ခေါ်မထိုင်ဘဲ ကိုယ့်ဟာကိုယ်ထိုင်ပြီး အာရုံခံချင်လဲ ဘယ်သူမှ အနှောက်အယှက် မပေးဘူး… လွတ်လွတ်လပ်လပ်နဲ့ ကြိုက်သလောက် ရှိုးပေတော့…

🚦ဒါကြောင့် ဘန်ကောက်ရောက်ရင် ညပိုင်း Explore လုပ်ချင်သူတွေအတွက် ငွေသိပ်မကုန်ဘဲ အတွေ့အကြုံအသစ်တွေရမယ့် Soi Cowboy ကို ည ၉ နာရီနဲ့ မနက် ၂ နာရီအကြား သွားပျော်ကြည့်ပါ…

😁 ဒါမျိုးနေရာတွေကို သွားချင်နေတဲ့ သူငယ်ချင်းတွေရှိရင် ဒီ ပို့စ်လေး Tag ပေးလိုက်ဖို့ မမေ့နဲ့နော် ..

Source – To See The World By ZIN MIN SWE

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment