Life Style

စိတ်ညစ်နေရင် (သို့မဟုတ်)ဒေါသထွက်နေရင် ဒါတွေလုပ်ပါ

ပြန်လည်မျှဝေလိုက်ပါ..

) သင်မပြောင်းလဲနိုင်တဲ့အရာတွေကို လက်ခံလိုက်ပါသင်ကိုယ်တိုင် ပြောင်းလဲနိုင်တယ် ပြီးတော့ ပြောင်းလဲချင်စိတ်လဲရှိတယ်ဆိုရင် ပြောင်းလဲပစ်လိုက်ပါ

) သင့်အပေါ် မကောင်းတဲ့သူတွေ သင့်စိတ်ညစ်အောင်လုပ်နေတဲ့သူတွေကို လက်လွှတ်လိုက်ပါသူတို့အတွက်စဉ်းစားကြည့်မယ်ဆိုရင်လည်း သူတို့ဘယ်လိုလူတွေလဲဆိုတာ သင်သိပြီးသားပဲ

) သင်အကြိုက်ဆုံး မြူးမြူးကြွကြွတေးသီချင်းတွေ ဖွင့်ပြီး ပေါက်ကွဲပစ်လိုက်ပါရင်ကိုဖွင့်ပြီး အားရပါးရလိုက်ဆိုပါတေးသွားနဲ့ အလိုက်သင့်ကခုန်လိုက်ပါ….

) ပြေးပါခပ်ဝေးဝေးကို ပြေးပါသင့်စိတ်ထဲ သက်တောင့်သက်သာရှိလာတဲ့ အထိပြေးပါနောက်ဆုံးမှာ စိတ်ခံစားချက်တွေ အရေးမပါတော့တဲ့အထိ သင်မောပန်းလာပါလိမ့်မယ်

) သင်ချစ်တဲ့သူ တစ်ယောက်ယောက်ဆီဖုန်းဆက်လိုက်ပါသူတို့ရဲ့ အသံတွေကို ကြားရတဲ့အခါ သင်နေလို့ထိုင်လို့ ပိုကောင်းလာပါလိမ့်မယ်….

) လူစိမ်းတစ်ယောက်ယောက်ကို ပြုံးပြလိုက်ပါဒီနည်းက သင်တို့နှစ်ယောက်လုံး ပြုံးဖြစ်အောင်လုပ်ပေးနိုင်ပါတယ်

) တစ်ယောက်ယောက်ဆီကို အမည်မဖော်တဲ့ ဆုမွန်ကောင်းတောင်းလွှာလေး ပို့ပေးလိုက်ပါ

) သင့်ကိုယ်သင် မကြိုက်တဲ့အချက်တွေကို ချရေးလိုက်ပါပြီးရင် အဲ့ဒါကို စုတ်ဖြဲပြီး မီးရှို့လိုက်ပါ

) သင်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကား တစ်ကားကားကို ထိုင်ကြည့်လိုက်ပါ….

၁၀) သင့်ကိုယ်သင် ယုံကြည်ပါ

Credit: Original Writer

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment