Funny

အိမ်သာထဲက အချစ် ဒသန များ😜😜😜

ပြန်လည်မျှဝေလိုက်ပါ..

ရီရလို့ သူများဆီကခိုးလာတာ😝😝😝😝😝

* အိမ်သာထဲဝင်တိုင်း

အီအီး ပါတယ်လို့ မထင်နဲ့ ရင်ဘတ်ထဲဝင်တိုင်းလည်း အချစ်လို့ မထင်နဲ့ *

*ဘာလဲ – အချစ် ?

ပေါက်လိုက်တဲ့ အီး ကတောင် သစ္စာပိုရှိတယ်

ဘယ်မှ ထွက်မသွားခင် ကိုယ့်နှာခေါင်းကို အရင် လာနှုတ်ဆက်သေးတယ်*

*အစာဟောင်းလည်း ဗိုက်ထဲ မထားနဲ့ အဆက်ဟောင်းလည်း ရင်ထဲ မထားနဲ့*

*ဘူခနဲမြည်တိုင်း နံတယ် မထင်နဲ့ အသံမမြည်ပဲလည်း နံဟောင်နေတတ်တယ်

ဖွင့်ပြောမှ ချစ်တယ်လို့ မထင်ပါနဲ့ ဖွင့်မပြောတဲ့အချစ်တွေကလည်း သစ္စာရှိတတ်ပါတယ်*

*ချစ်သူက ( ကို ) ဆို ကိုက ( သဲ ) ပြီးသား
ချစ်သူက စို ဆိုရင် ကိုက ရွှဲပြီးသား

ချစ်သူက ညို ဆိုရင် ကိုက မဲ ပြီးသား

ချစ်သူက နီ ဆိုရင် ကိုက ရဲ ပြီးသား

ချစ်သူက မောင် ဆိုရင် ကိုက ဟောင်ပြီးသား

ချစ်သူက ဘူ ဆို ကိုက ရှူပြီးသား *

* ချာတိတ် အိမ်သာထဲမှာ ဖုန်းကြည့်ချင်ကြည့် ရင်ဘတ်ထဲတော့ အမုန်းမရှိစေနဲ့ *

* အချစ်ဆိုတာ ခန့်မှန်းရခက်တဲ့ ( အီအီး) လိုပဲ

တခါတခါ မနည်းကို ညစ်ထုတ်ရတယ်

တခါတခါ တရစပ်ကို ကျလာပြန်ရော *

* အချစ်ဆိုတာ ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ အိမ်သာတစ်ခု လူတိုင်း အသုံးမပြုဖူးသူ မရှိဘူး *

* အချစ်ကို ဖွင့်မပြောရဲသူတွေဟာ အိမ်သာတက်ချင်တာကို အိမ်သာ လူမအားသလိုပဲ တိတ်တခိုးဝေဒနာ အတော် ခံရခက်ပါတယ် *

* နှင်းဆီရေ ပင်ယံမှာဆိုပြီး ဘဝင် မထန်ပါနဲ့

အိမ်သာတက်ရင်တော့ လူတိုင်း ဖင်လှန်ရတာပါပဲ အမြင်မှန် ရစမ်းပါ *

* ပါတာက ဖင် နံတာက နှာခေါင်း မဆီမဆိုင် လက်က ဆေးရသေး

ချစ်တာက နှလုံးသား အောင့်လာတာက ရင်ဘတ်

မဆီမဆိုင် မျက်လုံးက မျက်ရည်ကျရသေး *

* သစ္စာမရှိတဲ့ သူကို ချစ်မိတာ

ရေမရှိတဲ့ အိမ်သာမှာ ပါချလိုက်သလိုပဲ ထိုင်ရခက် ထ ရ ခက် *

* တစ်သျှူးချင်း အတူတူ အနေမတတ်တဲ့ တစ်သျှူးက အီအီး ပေတယ်

နှလုံးသားချင်း အတူတူ မနေတတ်တဲ့ နှလုံးသားက အသဲကွဲတယ် *

* မျက်နာများတဲ့သူဟာ တန်ဖိုးမဲ့တဲ့ အများသုံး ဈေးအိမ်သာ လိုပဲ *

* တွေ့ကရာ မစားနဲ့ – ဝမ်းပျက်မယ်

တွေ့ကရာ မချစ်နဲ့ – လွမ်းတတ်တယ် *

credit – ori writer

 

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment