Sports

ရော်နယ်ဒိုနဲ့ဓာတ်ပုံတွဲရိုက်ခဲ့လို့ မက်ဆီရဲ့စိတ်ဆိုးတာကို ခံနေရတဲ့’ နေမာ’

ပြန်လည်မျှဝေလိုက်ပါ..

ဖီဖာရဲ့ဆုပေးပွဲမှာ နေမာနဲ့သူ့ရဲ့ဖခင်ဟာ ရော်နယ်ဒိုနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကတည်းက ဘာစီလိုနာအသင်းဖော်ဖြစ်တဲ့ မက်ဆီနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

စပိန်သတင်းဌာနဖြစ်တဲ့ Diario Gol ရဲ့ရေးသားချက်အရ မက်ဆီအနေနဲ့ နေမာကို ဘာစီလိုနာအသင်းကို ပြန်လာဖို့တောင် ထောက်ခံပေးခဲ့ပေမယ့် နေမာရဲ့သစ္စာမဲ့တဲ့ လုပ်ရပ်ကြောင့် စိတ်ဆိုးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ကျင်းပပြုလုပ်ခဲ့တဲ့ ဖီဖာရဲ့ဆုပေးပွဲမှာ နေမာနဲ့ နေမာရဲ့ဖခင်တို့ဟာ မက်ဆီရဲ့ပြိုင်ဘက်ကစားသမားဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ အတူတွဲပြီး ဓာတ်ပုံရိုက်ခဲ့တဲ့လုပ်ရပ်ကို မက်ဆီက စိတ်ဆိုးဒေါသထွက်နေတာဖြစ်ပါတယ်။

မက်ဆီ၊ ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ နေမာတို့ဟာ ဖီဖာရဲ့အကောင်းဆုံးအသင်းလူစာရင်းထဲမှာ ပါဝင်ခဲ့ပြီး ခရစ်စတီယာနိုရော်နယ်ဒိုက ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူပြီး မက်ဆီကို အနိုင်ယူခဲ့ချိန်မှာ နေမာက ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တာဟာ မက်ဆီရဲ့နောက်ကျောကို ဓားနဲ့ထိုးသလို ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မက်ဆီက နေမာထွက်ခွာသွားတာနဲ့ပတ်သက်ပြီး နေမာမရှိတော့မှ အသင်းရဲ့ကစားပုံပိုကောင်းမွန်လာတယ်လို့ ပြောကြားခဲ့ပါသေးတယ်။ နေမာအနေနဲ့ ယခုအချိန်အထိ မက်ဆီရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး တုန့်ပြန်မှုတော့ မရှိသေးပါဘူး။

Source & Photos: Daily Mail

Credit;Duwun

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment