love & Relationship

အစားအသောက်အကြောင်းကိုပဲတွေးနေတတ်တဲ့ မိန်းကလေးတွေက ကြင်နာတတ်သူတွေပါ …

ပြန်လည်မျှဝေလိုက်ပါ..

မိန်းကလေးတွေက အစားမက်ကြတယ်။ မိန်းကလေးတွေက အစားများများစားမှ အလုပ်များများလုပ်နိုင်မယ်ဆိုပြီး စားတတ်ကြတယ်။ မနက်အိပ်ရာထတာနဲ့ ညအိပ်ချိန်အထိ အစားအသာက်အကြောင်းတွေးပြီးစားနေတတ်တဲ့ မိန်းကလေးတွေဆိုတာ ဒီလိုစိတ်ထားမျိုးတွေကို ပိုင်ဆိုင်ထားကြသူတွေပါ။

၁။ မျှဝေတတ်တဲ့စိတ်ရှိတယ်

သူတို့လက်ထဲမှာ မုန့်တစ်ခုပဲရှိနေတယ်ဆိုရင် မရှိတဲ့သူနဲ့ ဝေမျှစားတတ်တယ်။ ဒီလိုမျှဝေတတ်တဲ့စိတ်ရှိတဲ့သူတွေက ဘယ်ကိစ္စမဆို မျှဝေတတ်တဲ့စိတ်ရှိတယ်။ တစ်ယောက်တည်း ဘယ်အရာကိုမှ လက်ဝါးကြီးအုပ်မထားတတ်ဘူး။ သူတို့မှာ အပြည့်ရှိနေရင် မရှိတဲ့သူနဲ့ မျှဝေပေးတတ်တယ်။ သူတို့မှာ တစ်ဝက်ပဲရှိနေရင်တောင် မျှဝေပေးတတ်ပါသေးတယ်။

၂။ ညှာတာတတ်တဲ့စိတ်ရှိတယ်

သူတို့တွေက တစ်ယောက်တည်း တစ်ကိုယ်ကောင်းဆန်ပြီး အနိုင်မယူတတ်ဘူး။ ကြီးဖား၊ ငယ်နိုင် လိုစိတ်မျိုးမရှိတတ်ဘူး။ အငယ်ကိုဆို ညှာတာတယ်။ ဘယ်ကိစ္စမဆို၊ ဘယ်သူကိုမဆို ညှာတာတတ်တဲ့စိတ်ရှိတယ်။ သူတို့ထက် အားနည်းတဲ့သူဆို ဖေးမတတ်တယ်။ ကိုယ်ချင်းစာပြီး ငဲ့ညှာတတ်ကြတယ်။

၃။ သဒ္ဒါတရားထက်သန်တယ်

သူတို့ကိုယ်တိုင်ပဲ အစားအသောက်အကြောင်းကိုတွေးပြီးစားနေတာမဟုတ်ပါဘူး။ တခြားသူတွေကိုပါ ဝေမျှပေးတတ်တယ်။ သူတို့ရှိတာတွေနဲ့ မရှိတဲ့သူတွေကို ဝေမျှပေးတတ်တယ်။ အဲ့လိုမျှဝေတတ်တဲ့စိတ်ရှိတဲ့သူက သဒ္ဒါတရားထက်သန်ကြတယ်။

၎။ နှစ်သိမ့်ပေးတတ်တယ်

သူတို့တွေက သဒ္ဒါတရားကောင်းရုံတင်မဟုတ်ဘူး။ ၀မ်းနည်းနေတဲ့သူတွေကိုပါ နှစ်သိမ့်ပေးတဲ့နေရာမှာ တော်ကြတယ်။ သူတို့ကိုယ်တိုင်က အစားအသောက်နဲ့ နှစ်သိမ့်ခံရတာကိုကြိုက်တော့ သူများကိုလည်း ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာကိုသိတယ်။

၅။ ကြင်နာတတ်တယ်

သူတို့မှာ သူတို့စားနေရသလို တခြားသူတွေကိုပါ စားစေချင်တဲ့စိတ်ရှိကြတယ်။ အဲ့ဒါကြောင့် ဝေမျှပေးတတ်ကြတယ်။ အဲ့ဒါအပြင် တိရစ္ဆာန်လေးတွေကိုလည်း ကြင်နာတတ်တယ်။ တိရစ္ဆာန်တွေကို သူတို့စားနေတဲ့အထဲကနေလည်း ချကျွေးတတ်ကြသေးတယ်။ သူတို့ဗိုက်မပြည့်ရင်တောင် တိရစ္ဆာန်လေးတွေဗိုက်ပြည့်စေချင်တဲ့အထိကို ကြင်နာတတ်ကြတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Antymay

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment