Celebrity Entertainment

ဂီတသက်တမ်း ၁၀ နှစ်မှာ ၄ခွေမြောက် တစ်ကိုယ်တော်အခွေထွက်ရှိခဲ့တဲ့ ချမ်းချမ်း

ပြန်လည်မျှဝေလိုက်ပါ..

အဆိုတော်ချမ်းချမ်းကတော့ သို့…ချစ်နေတုန်းပဲ တစ်ကိုယ်တော်အခွေကို ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပရိသတ်တွေဆီ အရောက်ပို့ဆောင် သွားတော့မယ်လို့ သိရပါတယ်။ အခွေနဲ့ ပတ်သက်တဲ့အမှတ်တရ စကားသံတွေကိုလည်း Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

 

” သို့.. ချစ်နေတုန်းပဲ ဆိုတဲ့ ခေါင်းစဉ်လေးကို အစ်မချစ်တဲ့ ပရိသတ်တွေဆီ စာလွှာလေးပါးလိုက်သလိုပါပဲ။ အခွေထဲမှာလည်း Varsion ၂ မျိုးပါ တယ်။ ဒါလေးကိုအားထားပြီးတော့ ထည့်ပေးလိုက်ပါ ပုံစံလေးကလည်း အချစ်သီချင်းလေးဖြစ်တာကြောင့် တစ်စုံတစ်ယောက်ကို ရည်ညွှန်းတဲ့အခါကျရင်လည်း ဒီအခွေလေးက ပေးလို့ကောင်းတယ်ပေါ့နော်” လို့ ဆိုပါတယ်။

 

သို့ .. ချစ်နေတုန်းပဲ အခွေကလည်း ပရိသတ်အကြိုက်နဲ့ထပ်တူကျဦးမယ်လို့ ချမ်းချမ်းက ပြောပါတယ်။

” သီချင်းအမျိုးအစားတွေကတော့ အမျိုးအစား စုံစုံလင်လင်ထည့်ပေးထားတယ်။ DJ ပုံစံလေးတွေလည်းပါတယ်။ အဓိက ကတော့ အစ်မ ပရိသတ်တွေကို အစ်မလုပ်ပြနိုင်တဲ့ သီချင်းအမျိုးအစားလေးတွေကိုပဲ ကြိုးစားထားတာ။ အချိန်ကလည်း ၂ နှစ်ကျော်လောက်ယူထားတာဆိုတော့ အစ်မပရိသတ်တွေအတွက် စိတ်တိုင်းကျဖြစ်မယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

 

၎ခွေမြောက်တစ်ကိုယ်တော်အခွေ ဖန်တီးနိုင်ခဲ့တဲ့ အမှတ်တရစကားသံတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

”မိသားစုကို အချိန်ပေးလိုက်၊ အလုပ်ကို အချိန်ပေးလိုက် အခွေတွေ သွင်းလိုက် ဆိုတော့ အစ်မလည်း စိတ်ရော လူရော ပင်ပန်းခဲ့ပါတယ်။ ဒါပေမယ့် အစ်မရဲ့ ပရိသတ်နဲ့ မထိတွေ့ရတာ ၂ နှစ်လောက်ရှိပြီ အနုပညာ သက်တမ်း ၁၀ နှစ်ပြည့်တဲ့ အချိန်မှာ အစ်မရဲ့ ၄ ခွေမြောက် တစ်ကိုယ်တော်အခွေ ထွက်နိုင်အောင် အစ်မကြိုးစားတာပေါ့။ One Lady Show မထွက်ခင်မှာ တစ်ကိုယ်တော်အခွေကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့တာပါ” လို့ ချမ်းချမ်းက Duwun Media ကိုပြောပြခဲ့ပါတယ်။

 

အဆိုတော် ချမ်းချမ်းကတော့ Melody World 2007 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်လာတာဖြစ်ပါတယ်။ သူ့အနေနဲ့ ၂၀၁၇ ခုနှစ်မှာ ဂီတ သက်တမ်း ၁၀ နှစ်ပြည့်ခဲ့ပါပြီ ဒီကာလ အတွင်းမှာလည်း သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီး ၄ ခွေကို ထွက်ရှိနိုင်ခဲ့တာဖြစ်ပါတယ်။

credit duwun

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment