Life Style

မိန်းကလေးတွေ နေ့စဉ်ဖြစ်လေ့ဖြစ်ထရှိတဲ့ အပြုအမူ(၆)မျိုး

ပြန်လည်မျှဝေလိုက်ပါ..

မိန်းကလေးတွေက ယောကျာ်းလေးတွေထက် ဇီဇာကြောင်တတ်တယ်။ ယောက်ျားလေးတွေ တွေးပုံနဲ့ မိန်းကလေးတွေ တွေးပုံချင်းကမတူတတ်ကြဘူး။ အဲ့ဒါကြောင့် ဒီအပြုအမူတွေက မိန်းကလေးတွေ နေ့စဉ်ဖြစ်လေ့ဖြစ်ထရှိတဲ့ အပြုအမူတွေပါ။

၁။ မိန်းကလေးတွေဆိုတာ ။ ။ အ၀တ်အစားဗီရိုရှေ့ နာရီဝက်လောက်ထိုင်နေတတ်တယ်။ မိန်းကလေးအပြင်တစ်ခါထွက်ဖို့အရေး အ၀တ်ဗီရိုရှေ့မှာ နာရီဝက်လောက်အချိန်ကုန်တတ်ကြတယ်။ အကြောင်းကတော့ အပြင်ဝတ်ဖို့အကျီင်္ကို ထိုင်ရွေးနေလို့ပါ။ ဗီရိုတစ်ခုလုံး အကျီင်္တွေနဲ့ပြည့်နေပေမယ့် ၀တ်စရာအကျီင်္မရှိဘူးလို့ပြောနေတတ်တာ မိန်းကလေးတွေပါ။

၂။ မိန်းကလေးတွေဆိုတာ ။ ။ အပြင်မသွားခင် အကျီင်္တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့်တတ်တယ်။ ဒါကတော့ မိန်းကလေးတိုင်းလုပ်တတ်တယ်။ အပြင်သွားတော့မယ်ဆိုတာနဲ့ အကျီင်္တစ်ထည်ပြီးတစ်ထည့်ဝတ်ကြည့်တာကိုက နာရီဝတ်ကြာတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မလိုက်တဲ့အကျီင်္ဒီဇိုင်းကိုဝတ်မိမှာစိုးလို့ပါ။

၃။ မိန်းကလေးတွေဆိုတာ ။ ။ ဓာတ်ပုံရိုက်တဲ့အခါ တစ်ပုံတည်းနဲ့ပြီးမသွားတတ်ဘူး။ ပုံကောင်းကောင်းတစ်ပုံ မရမချင်း စိတ်ရှည်ရှည်နဲ့ ဓာတ်ပုံရိုက်တတ်ကြတယ်။ သူတို့ရိုက်ထားတာ ပုံ၁၀၀ ဖြစ်နေရင်တောင် ပုံကောင်းတစ်ပုံမရမချင်း မမော်နိုင်မပန်းနိုင်အောင် ဓာတ်ပုံရိုက်တတ်တယ်။

၎။ မိန်းကလေးတွေဆိုတာ ။ ။ စားသောက်ဆိုင် အိမ်သာသွားကြရင် မိန်းကလေးသူငယ်ချင်းတွေနဲ့ အုပ်စုလိုက်သွားတတ်ကြတယ်။ အိမ်သာထဲမှာဆို စိတ်ကြိုက် အားလူးဖုတ်လို့ရပြီး ‘mirror selfie’ ဆွဲတတ်ကြလို့ပါ။

၅။ မိန်းကလေးတွေဆိုတာ ။ ။ဆံပင်ညှပ်ဆိုင်သွားရင် ဆံပင်အရှည်ကို နည်းနည်းပဲညှပ်ခိုင်းတတ်တယ်။ဆံပင်ညှပ်သမားကို လိုတာထက်ပိုညှပ်မိရင်လည်း ရန်တွေ့တတ်ကြတယ်။ အဲ့လိုမျိုး ပိုက်ဆံအကုန်ခံပြီး နည်းနည်းလေးပဲလည်း ညှပ်ခိုင်းတတ်ကြတယ်။

၆။မိန်းကလေးတွေဆိုတာ ။ ။ ၀ိတ်ချတော့မယ့်ပြောပြီးလည်း အစားတွေ ထပ်ထပ်စားနေတတ်တာမျိုးပါ။ အစားကိုမမြင်ခင်မှာတော့ ၀ိတ်ချတော့မယ်ပြောပြီး အစားလည်းမြင်ရော လာတားတဲ့သူက ရန်သူဖြစ်သွားတတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Antymay

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment