Life Style

စိတ်ကြီးလွန်းတဲ့ ဆတ်ဆတ်ကြဲကောင်မလေးတွေဆိုတာ ဒီလိုပါ….

ပြန်လည်မျှဝေလိုက်ပါ..

တစ်ချို့ကောင်မလေးတွေဟာ အရမ်းကိုစိတ်ကြီးပြီး အရွဲ့တိုက်တတ်ကြပါတယ်။သူတို့ကို စိတ်တိုအောင်၊ စိတ်ခုသွားအောင် လုပ်မိသွားရင် ပြသနာအကြီးကြီး တက်သွားမှာပါ။ အဲလိုပြသနာတက်သွားပြီးရင်လည်း တော်ရုံပြန်မပြေလည်နိုင်ပါဘူး။ အရမ်းလည်းခေါင်းမာပါတယ်။ ခုဖော်ပြပေးမှာကတော့ စိတ်အရမ်းကြီးတဲ့ ကောင်မလေးတွေရဲ့ အမူအကျင့်တွေပဲဖြစ်ပါတယ်။ သင်လည်း ဒီလိုကောင်မလေးမျိုးလားဆိုတာ ကြည့်လိုက်ပါဦး။

(၁) ခိုင်းတာမကြိုက်ဘူး

ကိုယ်လုပ်ဖို့စဉ်းစားထားတဲ့ အရာကိုတောင် တစ်ယောက်ယောက်က လာခိုင်းရင် ပေတေပြီးကို ထိုင်နေတတ်ကြပါတယ်။ ကိုယ့်ကို လာခိုင်းတာ၊ အထူးသဖြင့် အကြောကြီးနဲ့လာ အမိန့်ပေးတဲ့ ပုံစံမျိုးကို အရမ်းမုန်းကြပါတယ်။ လုပ်စရာရှိပြီဆိုရင်လည်း သူများမခိုင်းခင် ကိုယ့်အသိစိတ်နဲု့လုပ်တတ်ကြပါတယ်။ သူတို့မလုပ်ပဲထားတဲ့အရာတွေကို သွားမခိုင်းမိလိုက်နဲ့ ပေါက်ကွဲသွားပါလိမ့်မယ်။ သူတို့မှာ အဲဒါကိုမလုပ်ရတဲ့ အကြောင်းအရင်းရှိနေလို့ပါ။

(၂) အော်တာမကြိုက်ဘူး

ဒီလိုကောင်မလေးမျိုးကိုသွားအော်လိုက်မိရင်တော့လား ကမ္ဘာ့စစ်တောင် ဖြစ်သွားနိုင်ပါတယ်။ သူတို့ကို အော်တာအမုန်းဆုံးပါပဲ။ ဆူစရာရှိလည်း ညင်ညင်သာသာလေးပြော၊ ဆုံးမစရာရှိလည်း ချိုချိုသာသာလေးဆုံးမရင် သူတို့လောက် ပြောစကားနားထောင်တဲ့သူ မရှိတော့လောက်အောင်ကို လိမ္မာကြပါတယ်။ ဒါပေမယ့် သွားဟောက်တာ၊ အော်တာတွေလုပ်မိရင်တော့ သူ့ရဲ့ အရွဲ့တိုက်တဲ့ဒဏ်ကို ခံဖို့သာပြင်ထားပေတော့။

(၃) စကားအမှားမခံဘူး

ဒီလိုမိန်းကလေးတွေဟာ အရမ်းကိုအသေးစိတ်ကြပါတယ်။ သူတို့ကိုပြောလိုက်တဲ့စကားလုံးတွေကို အသေးစိတ်ပြန်လည်း ဆင်ခြင်သုံးသပ်တတ်ကြပါတယ်။ သူတို့ကို ကျောသလိုလို၊ တင်စီးသလိုလို အကျောကြီးနဲ့တော့သွားမလုပ်ပါနဲ့။ လုံးဝ သေးသေးတင်မခံပါဘူး။ လုံးကြီးတင်ပြီး အဆံပါပြန်ခတ်တတ်ကြပါတယ်။ ဒါကြောင့်သူတို့ကို စကားပြောတဲ့အခါ၊ စနောက်တဲ့အခါတွေမှာ အမှားမပါဖို့ အထူးသတိပြုရပါမယ်။

(၄) စည်းကျော်တာမကြိုက်ဘူး

ဒီလိုမိန်းကလေးတွေဟာ ပျော်ပျော်နေတတ်တယ်၊ ပေါတောတောနေတတ်တယ်ဆိုပေမယ့် သူတို့မှာ စည်းတစ်ခုရှိပါတယ်။ သူတို့ကို ပေါတောတောနေလို့ ကြိုက်သလို ပြောဆိုလို့ရမယ်မထင်နဲ့ စည်းကျော်လာတာနဲ့ ပြင်းထန်စွာ တုန့်ပြန်တတ်တဲ့အကျင့်ရှိပါတယ်။ သူတို့ဟာ ခင်ခင်မင်မင်ပျော်ပျော်ရွှင်ရွှင်နေတတ်ကြပေမယ့် သူတို့ကို လေးစားမှုမရှိတာ၊ အပေါစားလိုသဘောထားတာ လုံးဝမကြိုက်ကြပါဘူး။

(၅) ထိပ်တိုက်မဖြစ်စေနဲ့

စိတ်အရမ်းကြီးတဲ့ကောင်မလေးတွေဟာ ထိပ်တိုက်တွေ့ဖို့ မသင့်တော်ဆုံးလူတွေ ဖြစ်ပါတယ်။ သူတို့ဟာ တစ်စုံတစ်ယောက်နဲ့ ထိပ်တိုက်မဖြစ်ခင်မှာ warning ပေးတတ်ပါတယ်။ အကြောင်းကတော့ သူတို့အကြောင်းသူတို့သိလို့ပါ။ သူတို့ warning ပေးထားတာကို ဂရုမစိုက်ပဲ ဆက်တိုးလာရင်တော့ လူသတ်မှုတောင်ဖြစ်သွားနိုင်ပါတယ်။ ဒေါသကြီးချက်ကတော့ အံ့မခန်းပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Auntymay

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment