love & Relationship

စုံတွဲများ ချစ်တင်းနှောပြီးချိန် တန်းမအိပ်ဘဲ ဒီလိုတွေလုပ်ပေးခြင်းက စိတ်ကျေနပ်မှု ရရှိနိုင်

ပြန်လည်မျှဝေလိုက်ပါ..

ကိုယ်ပိုင်ဆိုင်ထားတဲ့ relationship နဲ့ အချစ်ကို ပျော်ရွှင်စိတ်ကျေနပ်မှုရရှိဖို့ဆိုတာ လိင်ဆက်ဆံပြီးချိန်မှာတောင် နွေးထွေးကြင်နာတတ်ဖို့ လိုပါတယ် လေ့လာမှုတွေအရ စုံတွဲအများစုဟာ လိင်ဆက်ဆံပြီးချိန်တိုင်း တန်းအိပ်သွားတတ်ကြတယ်လို့ ဆိုပါတယ် လူဆယ်ယောက်မှာ ၈ယောက်ဟာ အကောင်းဆုံး လိင်ဆက်ဆံမှု ပြီးဆုံးသွားတာနဲ့ သူ့ရဲ့ လက်တွဲဖော်နဲ့အတူ အိပ်စက်ဖို့ လုပ်ကြတော့တယ်လို ပြောပါတယ်

အမှန်တကယ်အားဖြင့် ချစ်တင်းနှောပြီးချိန်မှာ တစ်ယောက်နဲ့တစ်ယောက်ဟာ ပိုမိုရင်းနှီးနွေးထွေးနေမှာဖြစ်ပြီး အဲ့ဒိအချိန်ဟာ မိမိရဲ့ လက်တွဲဖော်နဲ့အတူ ပျော်ရွှင်စရာအချိန်တွေကို ဖန်တီးဖို့ အကောင်းဆုံးပါပဲ ချစ်တင်းနှောပြီးချိန်မှာ ကိုယ့်ရဲ့ partner နဲ့အတူ ပြုလုပ်သင့်တဲ့ အကောင်းဆုံး အကြံပြုချက်တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်

၁။အစားစားပါ။

လိင်ဆက်ဆံပြီးချိန်မှာ အများအားဖြင့် အားအင်တွေ လျော့နည်းသွားတတ်ပါတယ် ဒီအချိန်မှာ တန်းအိပ်မယ့်အစား နှစ်ယောက်အတူတူ အစားအသောက် ပြုလုပ်စားသောက်တာမျိုး လုပ်သင့်ပါတယ် လိင်ဆက်ဆံချိန် ကယ်လိုရီတွေ အများအပြား လောင်ကျွမ်းပြီးပြီဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် အစားအသောက် ခွံကျွေးတာမျိုး ပြုလုပ်သင့်ပါတယ် နှစ်ဦးအတွက် အကောင်းဆုံးကတော့ ပန်းသီးစားပါ။

၂။ဓါတ်ပုံရိုက်ပါ။

နောက်ထပ် အကြံပြုချက်တစ်ခုကတော့ အိပ်ရာပေါ်မှာ နှစ်ယောက်အတူတူ ဓါတ်ပုံရိုက်ဖို့ပါ လိင်ဆက်ဆံမှုပြုပြီးချိန် သင့်ရဲ့ မျက်နှာဟာ ဝင်းပနေပြီး ကင်မရာထဲ လှနေမှာ အသေအချာပါပဲ

၃။စကားစမြည်ပြောပါ။

ဒီအချိန်ဟာ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ စကားပြောဖို့ အကောင်းဆုံးအချိန်ဆိုလည်း မမှားပါဘူး။ ဒီလို အပြန်အလှန် ပြောဆိုခြင်းဟာ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုလည်း ပိုပြီးလေးနက်ကောင်းမွန်စေပါတယ် ဟာသဖြစ်စေ အကြောင်းအရာတစ်ခုခုကို တိုင်ပင်ဆွေးနွေးဖို့ ကောင်းတဲ့ အချိန်လေးတစ်ခုဖြစ်တာကြောင့် အိပ်စက်ခြင်းနဲ့ အချိန်မကုန်စေလိုပါဘူး။

၎။ထွေးပွေ့ဖက်ထားပါ။

ချစ်တင်းနှောပြီးချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ထွေးဖက်ထားခြင်းဟာ နှစ်ဦးစလုံးရင်ကို နွေးထွေးစေပြီး စိတ်ကျေနပ်မှု အမှန်တကယ် ရရှိစေပါတယ် ဒီလို ထွေးဖက်ရင်းနှင့်ပင် ပါး ၊လည်ပင်းတဝိုက်ကို နူးညံ့တဲ့ အနမ်းများခြွေပြီး မိမိရဲ့ အချစ်ကို တစ်ဖက်သူခံစားနိုင်အောင် ပြသလို့ ရပါတယ် ဒီလို ဖက်ထားခြင်းက လိင်ဆက်ဆံခြင်းကြောင့် ဖြစ်တဲ့ ပင်ပန်းမှုတွေကိုလည်း သက်သာသွားစေတယ်လို့ ဆိုပါတယ်

၅။ဇာတ်လမ်းကြည့်ပါ

နောက်တစ်ချက်ကတော့ ဇာတ်လမ်း အတူတူကြည့်ခြင်းပါပဲ သရဲ လူသတ်ကားလို ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းထက် ရိုမတ်တစ်ဆန်တဲ့ အချစ်ဇာတ်လမ်း ဟာသကား လို ပျော်ရွှင်စရာ ဇာတ်လမ်းအမျိုးအစားကို ပိုပြီး ကြည့်သင့်ပါတယ်

၆။ရယ်မောပါ

ဟာသအကြောင်းအရာကိုဖြစ်ဖြစ် နှစ်ဦးသား လိင်ဆက်ဆံခဲ့တဲ့ အကြောင်းအရာကိုပဲဖြစ်ဖြစ် ဟာသနှောကာ အချင်းချင်းဝေမျှရင်း ရယ်မောပျော်ရွှင်စရာများ ဖန်တီးပါ။ ဒီလိုလုပ်ခြင်းက အိပ်ရာပေါ်က ကိစ္စတွေမှာ နှစ်ဦးသားကို ပိုမိုရင်းနှီးနီးကပ်စေနိုင်ပါတယ်

၇။အနာဂတ်အကြောင်းဆွေးနွေးပါ

လိင်ဆက်ဆံမှု ပြီးပြီးချင်း ဆွေးနွေးရမယ်လို့ မဆိုလိုပါဘူး လိင်ဆက်ဆံမှုအပြီး အနားယူချိန် အိပ်မပျော်ခင်အချိန်မှာ နှစ်ဦးသားအနာဂါတ်အတွက် တိုင်ပင်ပြောဆိုခြင်းမျိုး ပြုလုပ်နိုင်ပါတယ် အိပ်ရာပေါ်မှာ အတူလှဲရင်း အိပ်မက် ရည်မှန်းချက် အနာဂတ်တွေကို အကောင်အထည်ဖော်ဖို့ အစီအစဉ်တွေကို တိုင်ပင်ပြောဆိုကြည့်ပါ

၈။အချိတ်အဆက်ပြန်မိပါစေ

နှစ်ဦးစလုံးဟာ လိင်ဆက်ဆံပြီးချိန်မှာ မောပန်းနွမ်းနယ်မှုကြောင့် တစ်ယောက်နှင့်တစ်ယောက် အနည်းငယ် ကင်းကွာသွားတတ်ပါတယ် ဒီလိုအချိန်မှာ ပြန်လည် နီးနီးကပ်ကပ် ဖြစ်စေဖို့က အထက်ဖော်ပြပါ အချက်တွေကို ပြုလုပ်ဖို့လည်း လိုပါတယ် ခပ်တန်းတန်းမနေဘဲ တစ်ယောက်နှင့်တစ်ယောက် စနောက်ခြင်း ထိတွေ့ခြင်းများဖြင့် စိတ်ချင်း ပြန်လည်နီးစပ်အောင် ပြုလုပ်သင့်ပါတယ်

CHAN (ရွှေအင်းလေး)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment