News

စိတ်ထိခိုက်သွားတဲ့ မိခင်အတွက် နှစ်ပေါင်း ၂၀ တိတိ မိန်းမလိုဝတ်ဆင် ပြုစုပေးခဲ့တဲ့ အမျိုးသား

ပြန်လည်မျှဝေလိုက်ပါ..

လူ တစ်ယောက်ဟာ သူ့ ဘ၀ အသက် ၅၀ အရွယ် ရောက်သည်ထိ နှစ် ၂၀ တိုင် ညီမ ဖြစ်သူ ဆုံးပါးသွားလို့ စိတ်ထိခိုက်သွားတဲ့ မိခင် ကို ဖြေသိမ့်ဖို့ အမျိုးသမီးလို ၀တ်ဆင် နေထိုင်ခဲ့ပါတယ်။

သူ့ မိခင် ကို ညီမငယ် အစား သမီး တစ်ယောက် အနားမှာ ရှိနေသေးတဲ့ အသွင်နဲ့ ဖျောင်းဖြပြီး စိတ်ရောဂါကို သက်သာရာရစေအောင် ဟန်ဆောင် ပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။Weibo လူမှုကွန်ယက်မှာ တင် သူ့ရဲ့ မိခင် ကို ပြုစုနေတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူ ၄.၂ သန်း ရှိခဲ့ပြီး၊ အဓိက သတင်းစုံ ကဏ္ဍ များက တစ်ဆင့် ဝေမျှယူကြကြောင်း BBC သတင်းဌာန က ဖော်ပြ ခဲ့ပါတယ်။

သူ့ရဲ့ မိခင် ဖြစ်သူဟာ ညီမငယ် ဆုံးပါးသွားတဲ့နောက် လွန်စွာ စိတ်ထိခိုက် ပြီး ဘုံးဘုံးလဲကာ ကျန်းမာရေးပါ ထိခိုက်ခဲ့ကြောင်း၊ ဒါကြောင့် သူ့ အနေနဲ့ မိခင် ကို စိတ်သက်သာရာ ရစေရန် အမျိုးသမီး ကဲ့သို့ ၀တ်ဆင်ကာ အမေ ကို ပြုစုခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။သူက မိခင် ဖြစ်သူဟာ ချက်ခြင်းပဲ သူ့ သမီးငယ် ပြန်ရောက်လာပြီဆိုပြီး ထူထူထောင်ထောင် ဖြစ်သွားခဲ့ ကြောင်း၊ သို့ပေမယ့် စိတ်ကျန်းမာရေး အခြေအနေတော့ ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။
“ အမေ က အရမ်းပျော်သွားခဲ့တယ်။ဒါကြောင့် ကျွန်တော် ဒီလို ဆက်လုပ်ခဲ့ တယ် ” လို့ သူက ပြောပါတယ်။“ အဲဒီ အချိန် ကတည်းက အမျိုးသမီးလို နေခဲ့တာပါ ” “ ကျွန်တော့်မှာ အမျိုးသား ၀တ်စုံ မပိုင်ဆိုင်ပါဘူး ” လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
သူ့ မိခင် က ဗီဒီယိုဖိုင်ထဲမှာ “ ဒါ ကျွန်မ သမီးလေ၊ သမီး တစ်ယောက် ဆုံးသွားတော့ သူက ကျွန်မ သမီး ဖြစ်လာတယ် ” လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ အမျိုးသားက သူ့ မိခင် အတွက် ဆောင်ရွက်ပေးခဲ့တဲ့ အရာ အတွက် အခြားသူများ ဘယ်လို ယူဆမည်ကို စိတ်မပူပါကြောင်း ပြောကြားခဲ့ပါတယ်။
“ ကျွန်တော်က ဘာကြောင့် လူ တွေ ၀ိုင်းလှောင်ရယ်မှာကို ကြောက်နေရ မှာလည်းဗျာ ” လို့ တရုတ်နိုင်ငံ ၊ ကျန်းရှီးနယ်သား ဖြစ်သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒီသတင်းကို ပစ်တိုင်းထောင်၏ မိတ်ဖက် မီဒီယာ ဖြစ်သော opinion leaders news မှ ပြန်လည် မျှဝေပေးပါတယ်။

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment