News

‘ မိဘများက သဘောမတူပေမယ့် ၅၃ နှစ်အရွယ် ရည်းစားနှင့် လက်ထပ်မည့် ၁၉ နှစ်သမီး

ပြန်လည်မျှဝေလိုက်ပါ..

အသက် ၁၉ နှစ်အရွယ် မိန်းကလေး တစ်ဦးက အွန်လိုင်းတွင်တွေ့သည့် အ သက် ၅၃ နှစ်အရွယ် အမျိုးသားနှင့် လက်ထပ်တော့မည်ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုနေ မိုက်ကယ်လာမက်ဆင်က မိမိသည် မိမိထက် အသက် ၃၃ နှစ်ကြီးသည့် ဝီလျံမယ်ဒရာကို အရူးအမူးချစ်မိနေပြီဟုဆိုသည်။

၅၃ နှစ်အရွယ် ဝီ လျံမယ်ဒရာသည် ကုန်တင်ကားမောင်းသူ
ဖြစ်သည်။ အွန်လိုင်းတွင် ဝီလျံ၏ဓာတ်ပုံ တွေ့လိုက်ရရာမှ အလွန်ချစ်မိသွားကြောင်း၊ အပြင်တွင်တွေ့သည့်အခါတွင်လည်း ချစ်မိသွားသဖြင့်စေ့စပ်လိုက်ပြီဖြစ်ကြောင်း ဆယ်ကျော်သက်သမီးပျိုကဆိုသည်။

သို့သော် ဝီလျံအကြောင်း မိဘကို ပြောပြလိုက်သည့်အခါ မိဘများက ခါးခါး သီးသီးငြင်းပြီး နိုင်ငံကူးလက်မှတ်ကိုလည်း သိမ်းလိုက်ကာ ၎င်းကိုစိတ်ကျန်းမာရေးဆရာဝန်ထံ ပို့လိုက်တော့သည်ဟု မိန်းကလေးကဆိုသည်။

သို့သော်လည်း ၎င်းသည် ဝီလျံကိုအလွန်ချစ်မိနေပြီဖြစ်၍ မရ ရသည့်နည်းဖြင့် နိုင်ငံကူးလက်မှတ် ပြန်ရအောင်လုပ်ကာ ကနေဒါကို လိုက်သွားတော့သည်။ မူလက ချက်ချင်းလက်ထပ်ရန် ဆုံးဖြတ်ထားသော်လည်း ချစ်သူ ၏မိသားစုကို ငဲ့ကွက်သောအားဖြင့် လက်ထပ်မည့်အချိန်ကို နောက်နှစ် ရွှေ့လိုက် သည်ဟု ၎င်းက ဆက်ပြောသည်။

ချယ်ရီ
Ye Htut Oo

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment