Funny

မြင်ဖူးသမျှထဲမှာ အမိုက်စားဆယ်လ်ဖီများ

ပြန်လည်မျှဝေလိုက်ပါ..

ဒီတစ်ခါမှာတော့ သာမန်ဆယ်လ်ဖီနဲ့မတူပဲကွဲထွက်နေတဲ့ သင်မြင်ဖူးသမျှထဲမှာ အမိုက်ဆုံး အကြမ်းဆုံးဖြစ်လောက်တဲ့ ဆယ်လ်ဖီပုံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။  ။

1.ပုံပါမိန်းကလေးကတော့ သူမသူငယ်ချင်းကို ယောဂကျင့်နည်းလှုပ်ရှားမှုတစ်ခုချင်းစီကို မြင်သာအောင် တစ်ခါတည်းဆယ်လ်ဖီဆွဲပြီး ပို့ပေးနေတာထင်ပါတယ်။ဖြဲကားထားတဲ့ခြေထောက်၊စူထွက်ထားတဲ့နှုတ်ခမ်းနဲ့ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုအကြွပုံတွေကြောင့် Instagramမှ ဒီပုံတွေကိုမဘမ်းပစ်ဖို့တော့ မျှော်လင့်ပါတယ်။

2.ဒီကောင်လေးကတော့ သဘာဝပုံအတိုင်းထွက်အောင် ကင်မရာကိုဂရုမစိုက်တဲ့ လျှပ်တပြက်မျက်နှာပေးပုံစံနဲ့ရိုက်ခဲ့တဲ့ ဆယ်လ်ဖီဆရာကျသူကြီးပါ။

3.ငှက်ပျောသီးစားနေချိန် တစ်စုံတစ်ယောက်နဲ့ မျက်လုံးချင်းဆုံအောင်ကြိုးစားဖို့ဆိုတာ အတော်ကိုကိုးရိုးကားယားနိုင်တယ်ဆိုပေမယ့် ဒီလိုငှက်ပျောသီးမျိုခါနီးဆဲဆဲ ဆယ်လ်ဖီဆွဲဖို့ပြင်နေစဉ် လူမိသွားတာက ပိုရှက်စရာကောင်းနေမလားပဲနော်။

4.ဒီတစ်ခါမှာတော့ မသင့်လျော်တဲ့အနေအထားထောင့်ကနေ ဆယ်လ်ဖီဆွဲဖို့ကြိုးစားနေတဲ့ မိန်းကလေးပုံကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

5.အမှန်တော့ ဆယ်လ်ဖီပုံရိုက်ရင် ဘေးကသူတွေပါချင်၊မပါချင် ခွင့်ပြုချက်ရပြီးမှရိုက်သင့်တာမှန်ပေမယ့် ဒီပုံထဲကအဘိုးအို ကောင်လေးကိုကြည့်နေတဲ့အကြည့်က ဆယ်လ်ဖီဆိုတာ ဘာမှန်းနားမလည်ပဲ အများသုံးအိမ်သာမှာပြုံးပြီးရပ်နေတဲ့ ကောင်လေးကိုအံ့သြနေတဲ့ အကြည့်နဲ့ပါ။

6.ပလက်ဖောင်းတစ်လျှောက် လဲလျောင်းနေဟန်sexyပို့စ်နဲ့ ထူးထူးခြားခြား အပတ်တကုတ်ဆယ်လ်ဖီပတ်ဆွဲနေသူကို ဘသူကများအမိအရမှတ်တမ်းတင်လိုက်ပါလိမ့်နော်။

7.အလုပ်ခွင်နေရာမျိုးမှာ ဖုန်းနဲ့ဆယ်လ်ဖီဆွဲဖို့အခွင့်မကြုံရင် Laptopနဲ့လည်းဆွဲနိုင်ပါတယ်။ဒါပေမယ့် အများကသတိပြုမိစေတဲ့နေရာမျိုးမှာတော့ မဖြစ်စေနဲ့ပေါ့။

8.One Directionရဲ့ collection itemsတွေ ဖျတ်ခနဲတွေ့မိလို့ ပိုင်ဆိုင်ခွင့်ရချိန် ရူးခါမတတ်အပျော်လုံးဆို့နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ဆယ်လ်ဖီပါ။သူမရဲ့ဖြစ်ပေါ်လာတဲ့မျက်နှာအနေအထားတွေကိုမှတ်တမ်းတင်ဖို့ ဘယ်အချိန်ထုတ်မိလိုက်မှန်းမသိတဲ့သူမရဲ့ဖုန်းနဲ့ အကြိမ်ကြိမ်ဆယ်လ်ဖီဆွဲနေခဲ့ပုံကတော့ သူမဆယ်လ်ဖီဆွဲနေခဲ့တဲ့ပုံရိပ်ကို အခြားသူတစ်ယောက်ကနေပြီးတော့ အမိအရမှတ်တမ်းတင်နိုင်ခဲ့တဲ့ထိပါပဲ။

9.ကိုယ့်ဘေးမှာဘသူ့မှမရှိချိန် တစ်ယောက်တည်းရှိနေတဲ့အခါမျိုးမှာ မျက်နှာပေးအနေအထားမျိုးစုံနဲ့ ဆယ်လ်ဖီဆွဲနေတတ်ပါတယ်။အကြောင်းက တစ်စုံတစ်ယောက်များဘေးမှာရှိခဲ့ရင် ပုံထဲကလို ကိုယ့်အမူအရာတွေကို ကြောင်တောင်တောင်ပြူးးကြောင်ပြီး ကြည့်နေမှာအသေအချာမို့လို့ပါပဲ။

10.သူများလိုအိမ်သာထဲဝင်မရိုက်ပဲ အိမ်သာရှေ့ခုံလေးချပြီး ဝတ်စုံပြည့်နဲ့ဆယ်လ်ဖီဆွဲနေတာကတော့ အမိုက်စားအိုင်ဒီယာပါပဲ။

11.စာသင်ခန်းအတွင်းမှာ ဘသူ့ကိုမှဂရုမစိုက် စိန်ခေါ်တဲ့ပို့စ်နဲ့ဆယ်လ်ဖီဆွဲနေတဲ့ သူမကိုတော့ ဒဏ်ပေးခံရအောင် ဘသူကများအမိအရမှတ်တမ်းတင်ပြီး အင်တာနက်ပေါ်ဖြန့်ခဲ့ပါလိမ့်နော်။

12.အက်ကွဲနေတဲ့နောက်ခံမှန်နဲ့ မျက်နှာအနေအထားဆက်စပ်ပြီး ဆယ်လ်ဖီဆွဲခဲ့တဲ့အိုင်ဒီယာကလည်း ဆန်းပါတယ်။

13.ခုခေတ်မှာ မတော်တဆကားတိုက်ပြီး လိုအပ်တဲ့ခွဲစိတ်ကုသမှုတွေပြုလုပ်ပြီးချိန်မှ သင်နံရိုးများစွာကျိုးသွားခဲ့ကြောင်း သတိရရချင်း သိလိုက်ရချိန် ဘာအရင်လုပ်မယ်ထင်သလဲ?ပုံထဲကမိန်းကလေးလို နံရိုးတွေပိုမိုနာကျင်ဒဏ်ဖြစ်အောင် ဖုန်းကိုကြိုးစားထုတ် အနေအထားကြိုးစားပြင်ပြီး ဖျတ်ကနဲဆယ်လ်ဖီဆွဲ လူမှုကွန်ယက်ပေါ်သနားစရာမျက်နှာပေးလေးနဲ့များ လှမ်းတင်နေမလားပဲ။ဒါကတော့ တကယ့် အကြမ်းစားဆယ်လ်ဖီအစစ်…။

credit cantwait2say

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment