News

သားသမီး၎ယောက်ရှိပေမယ့် လှမြဲလှဆဲ ဖိလစ်ပိုင်ရဲမေ

ပြန်လည်မျှဝေလိုက်ပါ..

ရဲသားအလုပ်ဟာ သဘာဝအားဖြင့်အန္တရာယ်များတဲ့အလုပ်ဖြစ်တာကြောင့် အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက တပ်ထဲမှာပိုများပါတယ်။ ဒါပေမယ့်လည်း ရာဇ၀တ်သားတွေကိုနှိမ်နင်းဖို့အတွက် ရဲတပ်ဖွဲ့ထဲဝင်ရောက်ခဲ့တဲ့ ရဲရင့်တဲ့ရဲမေလေးတွေလည်းရှိကြပါတယ်။

ထိုအထဲကတစ်ယောက်ကတော့ ဖိလစ်ပို်င်နိုင်ငံ Zamboanga မြို့မှာရှိတဲ့ ဖိလစ်ပိုင်ပြည်သူ့ရဲတပ်ဖွဲ့မှာ အလုပ်လုပ်နေတဲ့ ရဲမေ Jenny Ian ခေါ် Jane Lee ပဲဖြစ်ကြောင်း viral4real သတင်းမှာတွေ့ရှိရပါတယ်။

 

သူမဟာကလေး၎ယောက်မိခင်တစ်ယောက်ဖြစ်ပါတယ်။ မကြာသေးမီကမှ Facebook စာမျက်နှာ PRO1 အမျိုးသမီးရဲအဖွဲ့မှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်အရ Jenny ဟာဖိလစ်ပိုင်ရဲ့အလှဆုံးအမျိုးသမီးရဲမေ၅ဦးထဲမှာ တစ်ဦးအပါအ၀င်ဖြစ်လာခဲ့ပါတယ်။

သူမရဲမေဖြစ်လာတာကတော့ သူမရဲ့ဖခင်ကြောင့်ဖြစ်ပါတယ်။ Jenny ဟာ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖခင်ကြီးကို အားကျပြီးရဲတပ်ဖွဲ့ထဲဝင်ရောက်လာခဲ့သူပါ။

အစပိုင်းတော့ Jenny ရဲ့အဖေကသူ့ခြေရာနင်းမယ့်သမီးကို အန္တရာယ်များတဲ့အလုပ်ဖြစ်တာကြောင့်ခွင့်မပြုခဲ့ပါဘူး။ သို့ပေမယ့် သူမအသက်၃၀ရောက်လာတဲ့အခါမှာတော့ ဖခင်ဖြစ်သူကို ဖျောင်းဖျပြောဆိုပြီး ရဲတပ်ဖွဲ့ထဲဝင်ခဲ့တာဖြစ်ပါတယ်။

Jenny က ဖခင်သဘောတူညီချက်ရပြီး ရဲတပ်ဖွဲ့ထဲဝင်နိုင်ခဲ့တဲ့အတွက် ၀မ်းမြောက်မိကြောင်းဆိုပါတယ်။ သူမအပြင် အခြားသောအမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေကတော့ P02 Ney-Ney Macaranas P01 Marriel Tajonera P01 Jeanne Cayabyab နဲ့ PS1 Sofia Loren Deliu တို့ပဲဖြစ်ပါတယ်။

credit shwemom

 

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment