Celebrity

“မြန်မာသံစဉ် သီချင်းအသစ်တွေ စီစဉ်နေပါတယ်” ဆိုတဲ့ စိုးစန္ဒာထွန်း;

ပြန်လည်မျှဝေလိုက်ပါ..

မြန်မာသံစဉ် အဆိုတော် တေးသံရှင် စိုးစန္ဒာထွန်းတစ်ယောက်ကတော့ သီချင်းအသစ်တွေ စီစဉ်နေတယ်လို့ သိရပါတယ်။

မြန်မာသံစဉ်တွေ ကြီးစိုးခဲ့တဲ့ တစ်ချိန်က အောင်မြင်ခဲ့သူ အဆိုတော် စိုးစန္ဒာထွန်း သီချင်းသစ်တွေဖန်တီးမှု အချိန်ကြာလွန်းနေခဲ့တာ ဖြစ်ပါတယ်။

ခုတော့ အသစ်တွေစီစဉ်နေတဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာတွင် ယနေ့ (ဒီဇင်ဘာလ ၃ ရက်) မှာ ရေးသားထားတာကို တွေ့ရပါတယ်။

“မင်္ဂလာပါရှင်​ အားလုံး ချမ်း​မြေ့ပါ​စေ …….. စန္ဒာ ခု ရက်​ပိုင်း “နှလုံးသားရဲ့​စောမွန်​လှ” ဆိုတဲ့ မြန်​မာသံစဉ်​​တေးသီချင်းသစ်​များ တစ်​ကိုယ်​​တော်​စီးရီး​လေး စီစဉ်​​နေပါတယ်​အချိန်​ကြာမြင့်​စွာ ပရိတ်​သတ်​အတွက်​ အ​ခွေ​တွေမထုတ်​ဖြစ်​တဲ့အတွက်​ ခု​နောက်​ပိုင်း အတိုးချပြီး အ​ကောင်းဆုံး မတူည်ီတဲ့ ရသ​တွေ နဲ့ တင်​ဆက်​​ပေးသွားမှာပါအား​ပေးကြမယ်​လို့ ​မျှော်​လင့်​ပါတယ်​ “ လို့ ရေးသားထားတာ ဖြစ်ပါတယ်။

မြန်မာသံစဉ် ကတ်စက်ခွေခေတ်များက နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ စိုးစန္ဒာထွန်းရဲ့ အခွေများဟာ ကတ်စက်ပိုင်ရှင်တိုင်းမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Photos©Soe Sandar Tun

 

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment