News

တက်တူးကြောင့်မျက်လုံးအထုတ်ခံရမယ့်အခြေအနေဖြစ်နေတဲ့မော်ဒယ်လေး

ပြန်လည်မျှဝေလိုက်ပါ..

အသက်၂၄နှစ်အရွယ် ကနေဒါ Ottawa ကမော်ဒယ်မလေးတစ်ယောက်ဟာ မကြာသေးမီကမှ သူမရဲ့မျက်ဖြူသားပေါ်ထိုးထားခဲ့တဲ့ တက်တူးနဲ့ပတ်သက်ပြီး စိတ်မချမ်းမြေ့စရာ ရလဒ်ဆိုးတွေဖြစ်နေခဲ့ကြောင်း Mirror မှာတွေ့ရှိရပါတယ်။ မျက်ဖြူသားပေါ်ထိုးတဲ့တက်တူးကို Scleral tattooing လို့ခေါ်ကြပြီး မျက်သားအဖြူရောင်ပေါ်ကို ဆေးထိုးပြီးတဲ့အခါ ဆိုးဆေးကမျက်ဖြူသားအနှံ့ကို ပျံ့နှံ့သွားတာဖြစ်ပါတယ်။

မော်ဒယ်မလေးနာမည်ကတော့ Catt Gallinger ပါ။ ကံမကောင်းအကြောင်းမလှဖြစ်ပြီး ဆေးထိုးမှားခဲ့တဲ့သူမဟာ အခုဆိုရင် မျက်လုံးအမြင်အာရုံတွေေ၀၀ါးလျက်ရှိနေပါတယ်။ ခရမ်းရောင်မှင်တွေကလည်း မျက်လုံးကနေ ကျလာနေပြီးတော့ တစ်သက်လုံးမျက်စိအမြင် ချို့ယွင်းသွားမှာဖြစ်ပါတယ်။

Catt ဟာ ယောင်ကိုင်းနေပြီး မျက်ရည်တွေတွေကျနေတဲ့ သူမဓာတ်ပုံတွေကို Facebook မှာတင်ခဲ့တာဖြစ်ပါတယ်။ Catt က စိတ်ဓာတ်ကျဆင်းလျက်ရှိပြီး မျက်လုံးဖယ်ထုတ်လုနီးနီးဖြစ်နေကြောင်း ပြောပြခဲ့ပါတယ်။ GlobalNews.ca မှာတော့ “…ကျွန်မအကြိမ်ပေါင်းများစွာ စဉ်းစားပြီးပြီ…တသက်လုံးဒီပုံစံအတိုင်းသာ ဆက်သွားရမယ်ဆိုရင် ကျွန်မမျက်လုံးကို ထုတ်ပစ်လိုက်တာကောင်းမယ်…” လို့ Catt ကဆိုပါတယ်။

သနားစရာကောင်းတဲ့ Catt ဟာ ရုပ်ပိုင်းဆိုင်ရာမျက်လုံးထိခိုက်သွားတဲ့အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ကျဆင်းလျက်ရှိနေပါတယ်။ ညသန်းခေါင်မှာလဲ သူမကအိပ်မပျော်နိုင်ဘဲ တစ်ခုခုဖြစ်မှာစိုးရိမ်တဲ့အတွက်ကြောင့် ကြောက်ရွံ့ပြီး အထိတ်တလန့်နဲ့လူတွေကို လိုက်နှိုးရကြောင်း ပြောပြခဲ့ပါသေးတယ်။

[email protected]

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment