Celebrity

အသက် ၃ဝ ပြည့်မွေးနေ့ ကျရောက်လာတဲ့ သင်ဇာဝင့်ကျော်

ပြန်လည်မျှဝေလိုက်ပါ..

(ယခင်မွေးနေ့ပုံ)

သရုပ်ဆောင် သင်ဇာဝင့်ကျော်တစ်ယောက် ဒီနေ့ (ဒီဇင်ဘာ ၄ ရက်) မှာ အသက် ၃ဝ ပြည့် မွေးနေ့ ကျရောက်လာပြီ ဖြစ်ပါတယ်။ဖေ့စ်ဘွက် ခေတ်မစားခင်တည်းက လူစိတ်ဝင်စားမှုခံခဲ့ရသလို ယခုလည်း ဖေ့စ်ဘွက်မှာ လူစိတ်ဝင်စားမှုခံနေရဆဲ မင်းသမီးတစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်က ဘာပဲဖြစ်ဖြစ် အောင်မြင်တဲ့ မင်းသမီးတစ်ဦးလို့ ဆိုရမှာပါ။သင်ဇာက သူမရဲ့ ၂၆ ၂၇ စတဲ့ မွေးနေ့တွေမှာ နာမှုကူညီရေးအသင်းလို ပရဟိတအသင်းတွေမှာ သက်စေ့ အလှူငွေတွေ လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ဒီနှစ်မှာတော့ မွေးနေ့ရှင်သင်ဇာတစ်ယောက် နေမကောင်းဖြစ်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို မနေ့က သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာတွင် ရေးသားထားသည်။“ဒီနှစ်မွေးနေ့မှာသင်ဇာချစ်ရတဲ့Fanတွေနဲ့မတွေ့ရတော့တာစိတ်မကောင်းပါဘူး…မွေးနေ့မတိုင်ခင်နေမကောင်းဖြစ်လိုက်လို့လုပ်ရမဲ့အလုပ်တွေလက်လွှတ်လိုက်ရသလို…မွေးနေ့မှာလဲ လှူနေကြနေရာတွေကိုလှူဖြစ်ပေမဲ့ ကျန်းမာရေးမကောင်းလို့ ကိုယ်တိုင်သွားမလှူနိုင်တာကိုစိတ်မကောင်းအဖြစ်ဆုံးပါ…ပျက်ကွက်ခဲ့သမျှကိစ္စအားလုံးအတွက်တောင်းပန်ပါတယ်ရှင်” လို့ ရေးသားထားတာ ဖြစ်ပါတယ်။ထူးခြားခဲ့တာ တစ်ခုတော့က သင်ဇာတစ်ယောက် မနှစ်က ဖြေခဲ့တဲ့ အင်တာဗျူးတစ်ခုပါ။ အဲ့ဒါကတော့ အသက် ၃ဝ အရွယ်မှာ အိမ်ထောင်ပြုမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

Photos©Thin Zar Wint Kyaw

credit pannpwint

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment