Celebrity

ထူးဆန်းတဲ့အကြောင်းပြချက်တွေနဲ့ ဆိုရှယ်မီဒီယာမသုံးကြတဲ့ ဟောလိဝုဒ်အကျော်အမော်များ

ပြန်လည်မျှဝေလိုက်ပါ..

သိပ္ပံနဲ့ နည်းပညာတိုးတက်လာတာနဲ့အမျှ လူတိုင်းဟာ စမတ်ဖုန်းတွေ၊ အင်တာနက်တွေ၊ ဆိုရှယ်မီိဒီယာတွေမရှိဘဲနဲ့ မနေနိုင်ကြတော့ပါဘူး။ Facebook, Instagram, Twitter စတဲ့ ဆိုရှယ်မီဒီယာတစ်ခုခုကိုတော့ လူတွေကသုံးကိုသုံးဖြစ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေဟာ  သတင်းအချက်အလက်တွေသိရတာ ပိုမြန်တဲ့ အပြင် လူတစ်ဦးနဲ့ တစ်ဦးကြားက အကွာအဝေးတွေကိုလည်း လျှော့ချပေးတဲ့အတွက်ကြောင့် ကမ္ဘာကိုတောင် ရွာလေးသဖွယ် ဖြစ်စေပါတယ်။ ဒါပေမဲ့ ဒီဆိုရှယ်မီဒီယာတွေကို ဟောလိဝုဒ် အကျော်အမော် တစ်စုကတော့ လုံးဝ အသုံးမပြုကြပါဘူး။

1. Jennifer Lawrence

“Twitter ကတော့ ကျွန်မအနေနဲ့ တွေးကို မတွေးတတ်တဲ့ အကြောင်းအရာတစ်ခုပါ။ တကယ်လို့  Facebook, Instagram, Twitter တွေမှာ ကျွန်မနာမည်နဲ့ သုံးနေတာတွေခဲ့ရင်လည်း အဲဒါ ကျွန်မ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။ “အင်တာနက်က ကျွန်မကို အထက်တန်းကျောင်းသူကောင်မလေးလို ခံစားစေတယ်။ အဲဒီအကြောင်းပြောချင်သေးရင်လည်း အဆင်သင့်ပါပဲ” လို့ Jennifer ကပြောခဲ့ပါတယ်။ Jennifer မှာ Facebook page ရှိပေမဲ့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုကိစ္စတွေအတွက် သုံးတာဖြစ်ပါတယ်။

2. Daniel Radcliffe

Twitter မှာ တချို့သော အကြောင်းအရာတွေက တကယ်ကိုဖတ်လို့ကောင်းပါတယ် လို့”The New York Times” ကို ပြောခဲ့ပါတယ်။ “ဒါပေမဲ့ ကျွန်တော်တို့လိုလူတွေရဲ့ အကြောင်းအရာတွေ ဘာလို့အဲဒီမှာရှိနေရလဲဆိုတာ စဉ်စားလို့မရဘူး” လို့ ပြောခဲ့ပါတယ်။

3. Emma Stone

“ကိုယ်မသိတဲ့သူတွေက သဘောကျဖို့၊ သူတို့တွေ တိတိကျကျသိရဖို့၊ ကြိုက်နှစ်သက်ဖို့ လိုတာလား။ ပြီးရင် လူတွေက သူတို့ပဲ အောင်မြင်ကျော်ကြားမှုဆိုတာကြီးကို သိနေသလိုမျိုး အောင်မြင်ကျော်ကြားတာကို ဘယ်လိုခံစားရလဲလို့မေးကြတယ်။ လူတွေက Facebook, Instagram, Twitter တွေမှာ သူတိုရဲ့ နေ့စဉ်ဘ၀ အကြောင်းအရာတွေတင်ကြတယ်” လို့ The Los Angeles Times ကိုပြောခဲ့ပါတယ်။

4. George Clooney

အောင်မြင်နေတဲ့သူတွေ Twitter ပေါ်မှာရှိနေတယ်ဆိုတာ အရမ်းကို ပေါတောတောဆန်ပါတယ်လို့  George ကပြောခဲ့ပါတယ်။ ဒါပေမဲ့ အခြားသောနယ်ပယ်မှာရှိနေတဲ့သူတွေအတွက်တော့ ပိုကောင်းတဲ့အရာတွေကို ပြုလုပ်နိုင်ဖို့ ဖိအားဖြစ်စေတဲ့အတွက် Twitter က ကောင်းပါတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ George ကတော့ ဘယ်တော့မှ စိတ်ပြောင်းမှာ မဟုတ်ပါဘူး။

5. Kristen Stewart

“ဒါဟာ အရမ်းကို ကြားရတာ ထူးဆန်းနေမှာပါ။ အသက်ကြီးတဲ့ လူတစ်ယောက်လိုလည်း ဖြစ်ရင်ဖြစ်နေမှာပါ။ ဒါပေမဲ့ ဒီဆိုရှယ်မီဒီယာတွေဟာ အချိန်ကုန်စေတယ်။ ဒါထက်ကောင်းတဲ့ တခြားအရာတွေလုပ်လို့ ရပါသေးတယ်။ အချင်းချင်း စပ်စုကြတယ်။ အခြားသူတွေကို စပ်စုကြတယ်။ ကိုယ်တိုင်လည်း စပ်စုခံရတယ်” လို့ ပြောခဲ့ပါတယ်။

6. Kate Winslet

“မိန်းကလေးငယ်လေးတစ်ယောက်ရဲ့ ဘ၀ခံယူချက်တွေအပေါ်မှာ သက်ရောက်မူရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ လူတွေကြိုက်အောင် သူတို့ကိုယ်သူတို့ ပုံဖေါ်ကြတယ်။ အဲဒါကျွန်မကို ဒေါသဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့အိမ်မှာ ဆိုရှယ်မီဒီယာ မရှိပါဘူး” လို့ Kate ကပြောခဲ့ပါတယ်။

7. Daniel Craig

“Facebook လည်း မသုံးသလို Twitter လည်း မသုံးပါဘူး။ ‘မနက်အိပ်ရာကနိုးလာတယ်။ ကြက်ဥစားနေတယ်’ဆိုတဲ့ အကြောင်းအရာက လူတွေနဲ့ ဘာဆိုင်လို့လဲ။ အဲဒါကို Social networking လို့ခေါ်တာလား။ အဲဒါတွေလုပ်နေမယ့်အစား သူငယ်ချင်းတွေခေါ်ပြီး အရက်ဆိုင်မှာ သွားသောက်ရအောင်” လို့ Craig ကပြောခဲ့ပါတယ်။

Source: wittyfeed

credit Aunty May

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment