Celebrity

လုလုအောင်လို တစ်သားမွေး တစ်သွေးလှ Sexy ကျနေတဲ့ ဟောလိဝုဒ် ရဲ့ ဆင်ဂယ်မားသားများ

ပြန်လည်မျှဝေလိုက်ပါ..

လုလုအောင်လို တစ်သားမွေး တစ်သွေးလှ Sexy ကျနေတဲ့ ဟောလိဝုဒ် ရဲ့ ဆင်ဂယ်မားသားများ

လူတွေမှာ ပင်ကိုယ်အလှရှိပါတယ်။အိမ်ထောင်ကျသွားတိုင်း ကလေးရသွားတိုင်း အလှပျက်စီးသွားတာမဟုတ်ပါဘူး။ဒါကြောင့် ရှေးလူကြီးတွေဟာ တစ်သားမွေ တစ်သွေးလှလို့ ဆိုရိုးထားခဲ့တာဖြစ်ပါတယ်။ဒီလို အလှမပျက်ပဲ ပိုလှလာတဲ့ ဟောလိဝုဒ်မင်းသမီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

10Monica Bellucci

Monica Bellucci ဟာ သူ့ရဲ့ စတိုင်ကျတဲ့ ဝတ်ပုံစားပုံနဲ့ သူ့ရဲ့ ရိုးရှင်းတဲ့ မျက်နှာဟာ ဖန်သားပြင်ပေါ်မှာ အမြဲဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။သူမဟာ ကိုယ်လုံးကိုယ်ပေါက်လဲ လှပသလို သူ့ရဲ့ စွဲမက်ဖွယ် နှုတ်ခမ်းတွေကို ပရိသတ်က နှစ်သက်တာဖြစ်ပါတယ်။သူဟာ 1990 ခုနှစ်ထဲ ရုပ်ရှင်လောက ဝင်ရောက်ခဲ့ပြီး အခုဆို ကလေးအမေဖြစ်ခဲ့သည့်တိုင် ပိုတောင် လှပလာတာဖြစ်ပါတယ်။

9.Teri Hatcher

သူမဟာ အမေရိကန် သရုပ်ဆောင်၊ဇာတ်ညွှန်းရေးသူ၊အစီအစဉ်တင်ဆက်သူလဲဖြစ်ပါတယ်။သူမဟာ ဝင်ငွေများတဲ့ မင်းသမီး အစီတင်ဆက်သူဖြစ်ပြီး ကလေးတွေ အရွယ်ရောက်လာတဲ့အထိ လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

8.Christina Aguilera

Christina Aguilera ဟာ ချမ်းသာတဲ့ အဆိုရှင်တစ်ဦးဖြစ်ပြီး သူအသံနဲ့ လိုက်ဖက်ညီစွာ ချောမောလှပတဲ့ မျက်နှာနဲ့ တောင့်တင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူ့အယ်လ်ဘမ်ဟာ ပလက်တီနမ်ရခဲ့သလို ဂရမ်မီလဲ ရခဲံတာဖြစ်ပြီး သူမဟာ သမီးလေးတစ်ယောက်ရတာတောင် အလှမပျက်ပဲ ပိုမို လှပနေဆဲဖြစ်ပါတယ်။

7.Kate Beckinsale

Kate Beckinsale မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး နောက်မှ မင်းသမီးလုပ်ခဲ့တာဖြစ်ပါတယ်။သူမရဲ့ ဝတ်စားဆင်ယင်မှုရော သူမရဲ့ ခန္ဓာကိုယ်ရောဟာ ကလေးရပြီးသည့်တိုင် Hot ဖြစ်နေတာဖြစ်ပါတယ်။

6.Jennifer Lopez

Jennifer Lopez ရဲ့ ကိုယ်လုံးကိုတော့ လူတိုင်းနီးပါး စွဲမက်ဖွယ်ရှိခဲ့တာဖြစ်ပြီး သူမရဲ့ ခန္ဓာကိုယ်ဟာ အလှမပျက်ပဲ အမြဲဆွဲဆောင်မှု ရှိလာခဲ့တာဖြစ်ပါတယ်။သူမဟာ အမြွှာမွေးခဲ့ပေမယ့် ယနေ့ထိ Hot ဖြစ်ပြီး လှနေဆဲ ဖြစ်ပါတယ်။

5.Jessica Alba

Jessica Alba ကို Fantastic Four မင်းသမီးအနေနဲ့ လူတိုင်းနီးပါးသိကြမှာဖြစ်ပြီး သူမဟာ ကလေးသရုပ်ဆောင်ဘဝထဲက ဟောလိဝုဒ်ရောက်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ ညိုညက်ညက်အသားအရေနဲ့ သူမရဲ့ စွဲမက် နှုတ်ခမ်းတွေအပြင် သူ့ရဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်က ပရိသတ်ကို ဆွဲဆောင်ခဲ့တာဖြစ်ပါတယ်။

သူမဟာ ကလေးရပြီးသည့်တိုင် လှပပြီး ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

4.Salma Hayek

Salma Hayek ဟာ မက္ကဆီကန်ဖြစ်ပြီး အမေရိကန်မင်းသမီးဖြစ်ပါတယ်။ဒါတင်မက သူမဟာ ထုတ်လုပ်သူ၊ဒါရိုက်တာတစ်ဦးလဲ ဖြစ်ပါတယ်။ François-Henri Pinault နဲ့ လက်ထပ်ပြီး ကလေးတစ်ယောက်ရခဲ့တာဖြစ်ပေမယ့် အပျိုတွေထက်တောင် လှပနေပါသေးတယ်။

3.Britney Spears

Britney Spears ရဲ့ သီချင်းတွေ သူမရဲ့ ချောမောလှပမှုတွေဟာ ပရိသတ်နဲ့ ရင်းနှီးခဲ့တာဖြစ်ပြီး သူမဟာ ဗိုက်ကြီးနေသည့်တိုင် Hot ဖြစ်ခဲ့သလို ကလေးမွေးပြီးတာတောင် အလှမပျက် ရှိနေတာဖြစ်ပါတယ်။

2.Angelina Jolie

Angelina Jolie ဟာ မင်းသမီးတစ်ဦး၊ filmmaker နဲ့ လူ့အခွင်းအရေးလှုပ်ရှားသူဖြစ်ပြီး သူမရဲ့ နှုတ်ခမ်းတွေက ပရိသတ်ရင်ကို နမ်းရှိုက်ခဲ့တာဖြစ်ပါတယ်။သူမဟာ ကလေးတွေလဲ မွေးစားခဲ့သလို ကလေးလဲ မွေးခဲ့ပေမယ့် အခုထိ ဆွဲဆောင်မှုရှိပြီး Hot ဖြစ်နေတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။

1.Halle Berry

Halle Berry အသက် 49 နှစ်လို့ ဘယ်သူမှ မထင်မိအောင် သူမနုပျိုနေတာဖြစ်ပြီး အော်စကာဆုရ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမရဲ့ ခင်ပွန်းဟောင်းနဲ့ သမီးလေးတစ်ယောက်မွေးခဲ့တာဖြစ်ပြီး သူမဟာ အသက်အရွယ်ကြောင့် အလှပျက်သွားခြင်းမရှိတဲ့ မင်းသမီးဖြစ်ပါတယ်။

လက်ရှိအိမ်ထောင်အသစ်နဲ့ ကိုယ်ဝန်ဆောင်ထားတာလဲ ဖြစ်ပါတယ်။

cantwait2say

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment