Celebrity

သရုပ်ဆောင်ရဲတိုက် နဲ့ ရွှေထူး ကို ဇာတ်ကားတွဲရိုက်ဖို့ စီစဉ်နေတဲ့ Media 7

ပြန်လည်မျှဝေလိုက်ပါ..

မကြာသေးခင်ကမှ အမှောင်တိုက်ထဲမှာ ထွက်လာခဲ့ရတဲ့ သရုပ်ဆောင်ရဲတိုက်ကို မိခင် ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးအပြင် အခြားသောရုပ်ရှင်ထုတ်လုပ်ရေးတွေကပါ ဇာတ်ကားတွေရိုက်ကူးဖို့ ကမ်းလှမ်းထားတာတွေရှိနေပါတယ်။ လက်ရှိမှာ ရိုက်ကူးဖို့ သတင်းထွက်နေတာကတော့ Myanmar Media 7 ဘဲဖြစ်ပါတယ်။ Myanmar Media 7 က ရဲတိုက်ကို ဇာတ်ကား ၂ကားရိုက်ကူးဖို့ စီစဉ်ထားပြီး ရဲတိုက်ရိုက်ချင်နေတဲ့ “ရင်ခွင်နန်းတော် ” ဆိုတဲ့ ရုပ်ရှင်ကား ကိုလဲ ရိုက်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Ppu8pgkr6vdknlb0opbx

Nagut6srnkhck1qjot7i

ရဲတိုက်ဟာ ထောင်ကလွတ်လာထဲက “ရင်ခွင်နန်းတော် ” ဆိုတဲ့ ဇာတ်ကားကို ဖွေးဖွေး တို့၊ ၀တ်မှုံရွှေရည်တို့နဲ့ ရိုက်ကူးချင်တယ်ဆိုပြီး အင်တာဗျူးတွေမှာဖြေဆိုခဲ့တာရှိပါတယ်။ ယခုအခါ Myanmar Media 7ကနေ အဲ့ဒီဇာတ်ကားကို ရိုက်ကူးပေးသွားဖို့ရှိပြီး နောက်ထပ် ဇာတ်ကားတစ်ကားကိုတော့ ရွှေထူးနဲ့ အတူ တွဲဖက်ရိုက်ကူးပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဘယ်လိုဇာတ်လမ်းမျိုးဖြစ်မယ် ဆိုတာကိုတော့ မသိရသေးပေမယ့် ရဲတိုက်နဲ့ ရွှေထူးကို တွဲဖက်သရုပ်ဆောင်မှာ မြင်တွေ့ရတော့မှာဆိုတော့ သူတို့ရဲ့ ပရိတ်သတ်တွေ စိတ်လှုပ်ရှားနေကြမှာတော့ အမှန်ပါဘဲ။

F6zegw5eb15n52qjqdtr

O4ogscvvq02qquw2cqkc

သရုပ်ဆောင် ရဲတိုက်ကလဲ မကြာခင်မှာ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေး ရဲ့ ဇာတ်ကားတွေကို ရိုက်ကူးသွားတော့မှာဖြစ်ပြီး မကြာခင်မှာ ရဲတိုက်ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှု့ရတော့မှာဖြစ်လို့ ၀မ်းသာနေကြမယ် ထင်ပါတယ်။ ရဲတိုက်ကို ချစ်တဲ့ ပရိတ်သတ်ကြီးရေ သူ့ကိုအားပေးတဲ့အနေနဲ့ သတင်းလေးမျှဝေပေးလိုက်ပါဦးနော်။

Nc1qnsifgotuse3nc8em

Vcdzetkflptvie4swycw

[email protected]

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment