Tech Uncategorized

ဂို‌ဒေါင်ထဲက‌နေ Google ကို‌မွေးဖွား‌ပေးခဲ့သူ Larry Page

ပြန်လည်မျှဝေလိုက်ပါ..

 

Larry Page ဟာ ကမ္ဘာမှာ သြဇာ အရှိဆုံးပုဂ္ဂိုလ်ထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး Search Engine လောကမှာ ဆရာတစ်ဆူ ဖြစ်တဲ့ Google ကိုတည်ထောင်သူ ဖြစ်တဲ့အပြင်Google ရဲ့ပင်မကုမ္ပဏီအဖြစ်သိကြတဲ့ Alphabet ရဲ့ CEO တစ်ယောက်လည်းဖြစ်ပါတယ်။

ဒါပေမယ့် Steve Jobs ၊ Bill Gates တို့လောက် လူသိမများပေမယ့် သူတည်ထောင်ခဲ့တဲ့ Google မှာတော့ ဘာပဲ လိုလို အပြေးအလွှားရှာဖွေ နေရတုန်းပါပဲ။ Larry Page ရဲ့ ဘဝအပြည့်အစုံ ဇာတ်လမ်း အဖုံဖုံကို Akhayar.com မှ ဖော်ပြပေးလိုက်ပါတယ်။

Larry Page ကို မတ်လ ၂၆ ၁၉၇၃ ခုနှစ်မှာမွေးဖွားခဲ့တာပါ။ Larry ရဲ့အဖေ ဖြစ်တဲ့ Carl Victor Page ဟာ Michigan တက္ကသိုလ်ကနေ Computer Science ကို ၁၉၆၅ မှာ Ph.D ယူခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် Carl ဟာ သူကျောင်းပြီးခဲ့တဲ့ တက္ကသိုလ်မှာ Computer Science Professor အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Larry မိခင်ဖြစ်တဲ့ Gloria ဟာ Computer Programming Instructor အဖြစ် Lyman Briggs College နဲ့ Michigan State University မှာ လုပ်ကိုင်ခဲ့တာပါ။ အိမ်မှာ ကွန်ပျူတာမဂ္ဂဇင်းမျိုးစုံ အပြည့်ရှိတာကြောင့်Larry ဟာ ငယ်စဉ်ဘဝကတည်းက နည်းပညာနဲ့ အကျွမ်းတဝင်ရှိတယ်လို့ ဆိုရမှာပါ။

၁။ Larry ရဲ့ ကျောင်းသားဘ၀ အစကတော့ Michigan မှာရှိတဲ့ Montessori School မှာဖြစ်ပါတယ်။ သူဟာ အဲဒီ ကျောင်းမှာ ၁၉၇၅ ကနေ ၁၉၇၉ ထိ ကျောင်းတက်ခဲ့ပြီး East Lansing High School ကနေ ၁၉၉၁ မှာဘွဲ့ရခဲ့ပါတယ်။

၂။ Larry အသက် ၁၂နှစ်အရွယ်မှာ အကြွေးများစွာနဲ့ သေဆုံးပြီးနောက် နာမည်မှေးမှိန်သွားတဲ့ တီထွင်သူNikola Tesla အကြောင်းကိုဖတ်ခဲ့ရပါတယ်။ စာအုပ်ရဲ့ အဆုံးသတ်ဟာသူ့ကိုငိုကြွေးစေခဲ့ပါတယ်။ ဒါပေမယ့် ဒီစာအုပ်ဟာ ငယ်ရွယ်တဲ့ Larry ရဲ့စိတ်ကိုဖမ်းစားနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့နည်းပညာကိုတည်ထွင်ခဲ့ချင်ရုံသာမက စီးပွားရေးလုပ်ငန်းမှာလည်း ဖြန့်ကျက်ချင်စိတ်ရှိခဲ့ပါတယ်။သူ့ရဲ့ပြောစကားတစ်ခုကို ကောက်နုတ်ဖော်ပြရမယ်ဆိုရင်တော့ “တည်ထွင်တဲ့ နည်းပညာတိုင်းဟာ အားလုံးကောင်းမယ်မဆိုလိုပါဘူး။ တစ်ခုခုကို တီထွင်ပြီးပြီဆိုရင်တော့ ဒီပစ္စည်းကို လူတွေဆီ ရောက်အောင်ပို့ပြီး သူတို့သုံးပြီးတဲ့အခါ ဘယ်လိုအကျိုးတွေရမလည်းဆိုတာကိုကြည့်သင့်ပါတယ်” ဆိုတာပဲဖြစ်ပါတယ်။

၃။ ဘွဲ့ရပြီးနောက် Ph.D ယူဖို့အတွက် ၁၉၉၅မှာ Standford ကိုရောက်လာခဲ့ပါတယ်။ အဲဒီမှာပဲ သူနဲ့တွဲဘက်ဖြစ်လာမယ့် Sergey Brin နဲ့တွေ့ခဲ့တာပါ။ သူတို့နှစ်ယောက်ဟာအရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်လာခဲ့ပြီး Computer Science နဲ့ပတ်သတ်တာကိုလေ့လာခဲ့ကြပါတယ်။

၎။ Larry နဲ့ Brin ဟာ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ဆာဗာ အချို့နဲ့Menlo Park မှာရှိတဲ့ ကားဂိုဒေါင်တစ်ခုကိုငှားရမ်းခဲ့ကြပါတယ်။ ၁၉၉၇ စက်တင်ဘာမှာ Google.com Domain ကို Register လုပ်ခဲ့ပါတယ်။ သူတို့ရည်ရွယ်ချက်ကတော့ ကမ္ဘာအနှံ့မှာ ရှိတဲ့ သတင်းအချက်အလက်တွေကို တစ်စုတစ်စည်းတည်းဖော်ပြလိုတာကြောင့်ဖြစ်ပါတယ်။ Larry က CEO အဖြစ်တာဝန်ယူပြီး Brin ကတော့ Google’s President အဖြစ်တာဝန်ယူခဲ့ပါတယ်။ Google ရဲ့ အစောပိုင်းရင်းနှီးမြုပ်နှံသူတွေကတော့ Kleiner Perkins Caufield & Byers တို့ဖြစ်ပါတယ်။ ဒီ ရင်းနှီးမြုပ်နှံသူတွေဟာ Google ကို ဒေါ်လာ ၅၀မီလီယံ ထည့်သွင်းမယ်လို့ သဘောတူထားတဲ့သူတွေဖြစ်ပါတယ်။

၅။ Larry နဲ့ Brin ဟာ ပထမဆုံး Google Logo ကို ဖန်တီးခဲ့ပါတယ်။ စီမံခန့်ခွဲရေးထက် ဒီဇိုင်းနဲ့ပတ်သတ်တဲ့ စိတ်ကူးတွေမှာပိုကောင်းမွန်တယ်လို့ Larry ကဝန်ခံခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ လူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံတာကိုသူမပျော်တာကြောင့်ပါပဲ။ ခေါင်းဆောင်ဘဝမှာတော့ သူဟာ ရလဒ်ပိုင်းနဲ့ အနာဂတ်မှာဖြစ်လာမယ့် စိတ်ကူး တွေ အကောင်အထည်ဖော်ဖို့ကိုသာ အာရုံစိုက်ခဲ့ပါတယ်။

၆။ Larry တစ်ယောက် ပထမဆုံး CEO ဖြစ်တဲ့အချိန်မှ သူကိုယ်တိုင်လုပ်ဆောင်ရမယ့် စည်းကမ်းကို ဒီလိုရေးခဲ့ပါတယ်။

ကိုယ်စားလှယ်နဲ့ အလုပ်ကိုမလုပ်ပါနဲ့။ ကိုယ်လုပ်နိုင်သလောက် ကိုကိုယ်တိုင် မြန်မြန်ဆန်ဆန်လုပ်ပါ။
ဗျူရိုကရက် မဆန်ပါနဲ။
အတွေးအခေါ် စိတ်ကူးစိတ်သန်းတွေဟာ အသက်နဲ့မဆိုင်ပါဘူး။ ကိုယ့်ထက် ရာထူးငယ်ပေမယ့် သူ့မှာ ပိုကောင်းတဲ့ စိတ်ကူးနဲ့အတွေးအခေါ်ရှိနေရင် လေးလေးစားစားဆက်ဆံရမှာပါပဲ။
တစ်စုံတစ်ယောက်က အလုပ်ကို မနိုင်မနင်း ဖြစ်တာ ဒါမှမဟုတ် မလုပ်တတ်တာဖြစ်နေတဲ့ အချိန်မှာ ရပ်တန့်ဖို့ပြောတာကတော့ အဆိုးဆုံးအရာပဲဖြစ်ပါတယ်။ ဆက်မလုပ်ဖို့ ပြောလိုက်တာထက် အဲ့ဒီ အလုပ်ကို ပြီးသွားဖို့ ပိုကောင်းမွန်တဲ့ နည်းလမ်းကို ကူညီရှာဖွေပေးရမှာပဲဖြစ်ပါတယ်။

၇။ ရင်းနှီးမြုပ်နှံသူတွေဟာ Larry ကို CEO မဖြစ်စေချင်ကြပါဘူး ဘာလို့လည်းဆိုတော့ သူ့မှာ လုံလောက်တဲ့အတွေ့အကြုံမရှိတာကြေင့်ပါပဲ။ ဒါကြောင့် Larry ဟာ တခြားနည်းပညာကုမ္ပဏီ က CEO တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ Steve Jobs နဲ့ Intel ရဲ့ Andrew Grove တို့အပါအဝင်ပေါ့။ Larry ဟာ Google ရဲ့ CEO အဖြစ် ၂၀၀၁ မှာဆင်းပေးခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ Eric Schmidt ကို ကုမ္ပဏီဦးဆောင်ဖို့ခေါ်ယူခဲ့ပါတယ်။ Schmidt ဟာ Novell မှာလည်း CEO အဖြစ်တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပါတယ်။ Schmidt ရဲ့ ဦးဆောင်မှုကို သူတို့လေ့လာမိတာကတော့ Schmidt ဟာပရိုဂရမ်မာ သမားစစ်စစ်တစ်ယောက်ဖြစ်တဲ့အပြင် ကုမ္ပဏီနဲ့ အံခွင်ဝင်ကျရှိတဲ့သူလို့လည်းခံစားရပါတယ်။Schmidt ရဲ့ ဦးဆောင်မှုအောက်မှာ Google ဟာတိုးတက်လာခဲ့ပြီး ကုမ္ပဏီဟာပိုကြီးမားလာတဲ့အပြင် ၂၀၀၄ ခုနှစ်မှာ ပထမဆုံး အများပိုင်စနစ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

၈။ Larry ဟာ President of Product Role ရာထူးကို လွှဲပြောင်းယူခဲ့ပါတယ်။ ၂၀၀၇မှာ Larry ဟာသူ့ရဲ့အချိန်တွေကိုအစည်းအဝေးလုပ်တာနဲ့ပဲကုန်နေတယ်လို့ခံစားလာရပါတယ်။ သူ့ရဲ့ အတွင်းရေးမှုးကိုဖယ်ရှားခဲ့တဲ့အချိန်ကစပြီး သူနဲ့ စကားပြောချင်တဲ့သူတွေဟာ အဲဒီအချိန်ကစပြီး သူ့ကိုလိုက်ရှာရပါတော့တယ်။

၉။ အဲ့ဒီအချိန်ကာလမှာLarry ဟာ Google ရဲ့ ပစ္စည်းထုတ်လုပ်ရေးပိုင်းမှာ စိတ်အားထက်သန်စွာပါဝင်နေခဲ့ပါတယ်။ သူဟာ Android နည်းပညာကိုစိတ်ဝင်စားတာကြောင့်Andy Rubin’s ရဲ့ Android ကုမ္ပဏီကိုလေ့လာခဲ့ပါတယ်။ ၂၀၀၈ မှာတော့ CEO Schmidt ကိုမပြောပဲ Android Cofounder Android Rubin နဲ့ စာအိတ်ပိတ်အရောင်းအဝယ်တစ်ခုလုပ်ခဲ့ပါတယ်။ ၂၀၀၈ စက်တင်ဘာမှာ ပထမဆုံး Android Software သုံးထားတဲ့ T.Mobile စမတ်ဖုန်းကို Launch လုပ်ခဲ့ပါတယ်။ ၂၀၁၀ နောက်ပိုင်း စမတ်ဖုန်းဈေးကွက်ရဲ့ 17.2 % ဟာ Android စမတ်ဖုန်းတွေပဲဖြစ်ခဲ့ပြီး Android ဟာ တစ်ကမ္ဘာလုံးမှာ တွင်ကျယ်စွာ သုံးတဲ့ Operating System တစ်ခုဖြစ်လာပါတော့တယ်။

၁၀။ ၁၀နှစ်ကြာပြီးနောက် ဧပရယ် ၄ရက် ၂၀၁၁မှာ Larry ဟာ CEO ရာထူးပြန်လည်ရရှိခဲ့ပါတယ်။ အဲဒီနှစ်မှာ Google ရဲ့ ရင်းနှီးမြုပ်နှံမှုဟာ ဒေါ်လာ ၁၈၀ဘီလီယံ ထိရှိခဲ့ပြီး ဝန်ထမ်းအင်အား ကတော့၂၄,၀၀၀ ရှိပါတယ်။ Schmidt ကတော့ Executive Chairman ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ဇန်နဝါရီ၂၀ရက်နေ့မှာ Schmidt ဟာ Google ကထွက်ခွာတော့မယ်လို့ကြေငြာခဲ့ပါတယ်။

၁၁။Facebook ဟာတဖြည်းဖြည်း နယ်ပယ်ချဲ့ထွင်လာတဲ့အခါ Larry အနေနဲ့ စိုးရိမ်စရာ တစ်ခုဖြစ်လာပါတော့တယ်။ နောက်တော့ သူဟာ Google ရဲ့ ကိုယ်ပိုင် Social Network တစ်ခုကို ၂၀၁၁ နှစ်လည်မှာ ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ Google+ ပါ။ ၂၀၁၁ August မှာ Google ဟာ Motorola Mobility ကိုရယူဖို့အတွက် ဒေါ်လာ ၁၂.၅ ဘီလီယံ သုံးစွဲမယ်လို့ကြေငြာခဲ့ပါတယ်။မေလ ၂၀၁၂မှာ Google Operating System ၊ Chrome OS အသုံးပြုထားတဲ့ Chromebook Laptop နဲ့ အခြားထုတ်ကုန်တွေဖြစ်တဲ့ Google Glass ၊ High-Speed-Internet-Service Fiber တို့ကိုမိတ်ဆက်ခဲ့ပါတယ်။

၁၂။ Larry ဟာ Google ကို ၂၀၁၅ထိ ဦးဆောင်ခဲ့ပြီး တော့ ကုမ္ပဏီဖွဲ့စည်းပုံ ပြောင်းလဲတဲ့ အချိန်မှာတော့ Goolgle ရဲ့ပင်မကုမ္ပဏီ Alphabet ရဲ့ CEO ဖြစ်လာခဲ့ပါတယ်။

၁၃။ 2006 မှာ Larry ဟာ သူ့အဖေအတွက်ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ခဲ့ပါတယ်။ အဲ့ဒါကတော့ Carl Victior Page Memorial Foundation ပဲဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကုန်ခါနီးမှာ ဖောင်ဒေးရှင်းရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁.၃၇ဘီလီယံ ရှိပါတယ်။

၁၄။ လက်ရှိမှာတော့ Page ဟာ ကားပျံ တီထွင်မှုလုပ်ငန်းကို စိတ်ဝင်စားဟန်ရှိပါတယ်။ သတင်းတွေအရ ဒီနည်းပညာနဲ့ ပတ်သတ်ပြီး ရင်းနှီးမြုပ်နှံဖို့ ကုမ္ပဏီနှစ်ခုနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှု အပြီးမှာတော့ Zee.Aero မှာ သူ့ကိုယ်ပိုင်ငွေ ဒေါ်လာ ၁၀၀မီလီယံ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။

၁၅။ Forbes မဂ္ဂဇင်းရဲ့ ဘီလီယံနာစာရင်းမှာ Larry ဟာ နံပါတ် ၈ ဖြစ်ပြီး သူ့ရဲ့ အသားတင်ဝင်ငွေဟာ ဒေါ်လာ၃၉ဘီလီယံ ရှိတယ်လို့ သိရပါတယ်။

Credit to Akhayar.com

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment