Uncategorized

ကမ္ဘာ့သမိုင်းတစ်လျှောက် အကြီးမားဆုံးသော အစုအပြုံလိုက်လူသတ်မှုကြီး

ပြန်လည်မျှဝေလိုက်ပါ..

အစ္စလာမ်နှင့် ဂျီဟာ့ဒ်၏ ကမ္ဘ္ဘာတစ်ဝန်းအကျိုးသက်ရောက်မှုကို လေ့လာသုတေသနပြုကြရင်း စာရေးသူတို့ ကောက်ချက်ချမိသည်က ‘ယနေ့ခေတ်အိန္ဒိယ၏ လူနေထိုင်မှုစရိုက်သည် ဟိန္ဒူယဉ်ကျေးမှုအစစ်အမှန်မဟုတ်’ ဟူသော အချက်ပင်ဖြစ်သည်။ အိန္ဒိယ၏ လူမှုစရိုက်အထွေထွေ၌ အစ္စလာမ်အဆိပ်အတောက်များ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေသည်။ စာရေးသူတို့မြင်တွေ့နေရသည့် လက်ရှိခေတ်အိန္ဒိယကို ပုံဖော်နေသော ဟိန္ဒူဝါဒသည် အခြေခံအားဖြင့် ဟိန္ဒူထက် အစ္စလာမ်ဆန်သည်။ လူ့အခွင့်အရေးဖောက်ဖျက်သော၊ အမျိုးသမီးများကို ဖိနှိပ်အလွဲသုံးစားပြုသော၊ လူကျွန်ပြုမှု၌ ရှေ့တန်းရောက်နေသော၊ ဇနီးများကိုမုဒိမ်းကျင့်သော၊ မိသားစုဝင်ချင်းလိက်ဆက်ဆံမှုပြုသော၊ ရာထူးအရှိန်အဝါကြီးသူကို ပြားပြားဝပ်ကြောက်ရွံ့ရသောနိုင်ငံအဖြစ် အိန္ဒိယအား ကမ္ဘာ့မြေပုံထက်ပုံပေါ်စေသော စရိုက်များနှင့် အခြားထင်ရှားသောအမူအကျင့်များကို မူဆလင်သိမ်းပိုက်မှုမှ ချန်ရစ်ဆိုးမွေဖြစ်သော အစ္စလမ္မစ်ယဉ်ကျေးမှုတွင် တွေ့ရှိရသည်။ မူဆလင်များမရှိသေးခင်ခေတ်က အိန္ဒိယလူမှုအသိုက်အဝန်းဆိုသည်က ယခုနှင့်တစ်ခြားစီဖြစ်သည်။ အမျိုးသမီးများမှာ အတွင်းခံသာပါပြီး အပေါ်လွှာအင်္ကျီ မဝတ်ဆင်ကြပေ။ လူအများ ဟိန္ဒူဝါဒကိုကျင့်သုံးကြသည်ဟူသည့်အဓိပ္ပါယ်က ၎င်းတို့သည် အကြမ်းဖက်မှုကို ရှောင်ကျဉ်ကြသည်၊ အသီးအရွက်ကိုသာ စားသုံးကြသည်ဟု သဘောသက်ရောက်သည်။ အမျိုးသမီးများ ချက်ပေါ်ဝတ်စားကြသည် ဆိုလင့်ကစား ထိုခေတ်အခါက မုဒိမ်းမှုဟူသည် ရှားတောင့်ရှားပါး ဖြစ်ရပ်တစ်ခုသာဖြစ်သည်။ တိရိစ္ဆာန်တစ်ကောင်အားသတ်ခြင်းသည် ကြီးမားလှသောပြစ်မှုကြီးဖြစ်သည်ဟု မှတ်ယူကြပြီး အသားစားခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ ယနေ့အိန္ဒိယတွင်မူ အခြေခံအားဖြင့် နိုင်ငံလူဦးရေ၏ ၉၀% မှာ အသားစားသူများဖြစ်ကြပြီး မူဆလင်သားသတ်သမားများ၏ ဟာလာသားများကို အဓိကဝယ်ယူစားသုံးနေကြသည်။

ရောမခေတ်ကလည်း တိရိစ္ဆာန်များကို သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ အလားတူကန့်သတ်မှုများရှိခဲ့သော တစ်ပိုင်းတစ်စမှတ်တမ်းများကို တွေ့ရှိရသည်။ ၎င်း၏နှစ်ဘီးတပ်စစ်ရထားဖြင့် ကြောင်တစ်ကောင်ကို မတော်တဆတိုက်သေစေမိခဲ့သော ရောမစစ်သားတစ်ဦးကို ပြစ်ဒဏ်ပေးသည့်အကြောင်း ဖော်ပြထားသည့် အစ္စလမ္မစ်မတိုင်မီ အီဂျစ်ခေတ်က မှတ်တမ်းမှတ်ရာတစ်ခုကို သမိုင်းဆရာများက တွေ့ရှိခဲ့ရသည်။ ထိုစစ်သားကို သေဒဏ်အပြစ်ပေးခဲ့သည်။ ယခုခေတ်တိုင်အောင်ပင် အီဂျစ်ရှိ ကော့ပတစ်ခရစ်ယာန်များနှင့် အရှေ့အလယ်ပိုင်းအချို့ဒေသများ၌နေထိုင်သူများသည် တစ်နှစ်တွင် ရက်ပေါင်း ၂၆၀ ကျော် အသားမစားကြပါ။ အစ္စလာမ်၏ အထင်ရှားဆုံးသောလက္ခဏာတစ်ရပ်မှာ တိရိစ္ဆာန်များကို ရက်စက်ခြင်းဖြစ်သည်။ တိရိစ္ဆာန်များကို ပြုမူသော ရက်စက်မှု၊ ကြမ်းကြုတ်ရိုင်းစိုင်းမှု၊ ဟာလာလ်သတ်ဖြတ်မှုတို့နှင့် အလားတူသော ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုများကို ဂျီဟာ့ဒ်အတွင်းတွင်လည်း လူသားမျိုးနွယ်များကို ကျူးလွန်ကြသည်။ ဂျူးများပြုကြသည့် တိရိစ္ဆာန်များအား လည်လှီးသတ်ခြင်းသည်လည်း အစ္စလာမ်၏ လွှမ်းမိုးမှုကြောင့် ဖြစ်တည်လာရသည်၊ သို့မဟုတ် အစ္စလမ္မစ်ခေတ်များမတိုင်မီက ယင်းဓလေ့စရိုက် မပျံ့နှံ့သေးဟု ယူဆရသည်။ ဂျူးများသည် ရာစုနှစ်များစွာတိုင်အောင် ၎င်းတို့နေအိမ်များဆုံးရှုံး၊ နိုင်ငံမဲ့ဘဝဖြင့် အတည်တကျနေထိုင်ခဲ့ရခြင်းမရှိရကား ဒေသနယ်ပယ်အများအပြားမှ ဓလေ့စရိုက်များ လွှမ်းမိုးခံရမှု ရှိခဲ့ဟန်တူသည်။

ယင်းက အာရေဗီးယားအငယ်စားအဖြစ် အိန္ဒိယ မည်သို့ပြောင်းလဲသွားခဲ့ရသည်ကို မြင်သာစေသော ဥပမာတစ်ခုဖြစ်သည်။

သို့သော် အာရပ်များ၊ တာ့ခ်များ၊ မဂိုလ်များနှင့် အာဖဂန်များတပ်ဖွဲ့များမှ အိန္ဒိယကိုကျူးကျော်သိမ်းပိုက်ရင်း ဟိန္ဒူများအပေါ် နှစ်ပေါင်း ၈၀၀ ကျော်တိုင်အောင် ကျူးလွန်ခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုကြီးကိုမူ ကမ္ဘာမှ ယခုတိုင်အောင် တရားဝင်အသိအမှတ်မပြုသေးချေ။

အိန္ဒိယကြုံခဲ့ရသည့် အစ္စလမ္မစ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အလားသဏ္ဍာန်ဆင်တူသောဖြစ်ရပ်က မကြာသေးသည့်ကာလကမှ ဖြစ်ပွားခဲ့သည့် နာဇီများလက်တွင်း ဂျူးများအသတ်ခံရမှုဖြစ်သည်။

အရေအတွက်အားဖြင့် အိန္ဒိယ၌ ဟိန္ဒူများအသတ်ခံရမှုက ပို၍ပင်များသေးသည်။ တစ်ခုတည်းသော ခြားနားချက်က အိန္ဒိယ၌ဖြစ်ပွားခဲ့သည်က နှစ်ပေါင်း ၈၀၀ ကျော်တိုင်အောင် ကြာမြင့်ခဲ့ခြင်းဖြစ်သည်။ ၁၇၀၀ ပြည့်နှောင်းပိုင်းမတိုင်ခင်ထိအောင် အိန္ဒိယနေရာအများအပြားမှ ဟိန္ဒူမရာသာတပ်မတော်များနှင့် ပန်ဂျပ်ပြည်နယ်တွင်းမှ ဆစ်ခ်များမှာ မူဆလင်များ၏ ရက်ရက်စက်စက်အုပ်ချုပ်မှုများအောက်တွင် တုံးအောက်ကဖားပမာဖြစ်ခဲ့ရပြီး အသက်နှင့်ဘဝအတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ကြရသည်။

ခေတ်ပြိုင်မျက်မြင်သက်သေများ၏ သမိုင်းဝင်ထွက်ဆိုမှုများအရ ကမ္ဘာ့အကြီးမားဆုံးသော သတ်ဖြတ်မှုကြီးနှင့်ပတ်သက်သည့် အသေးစိပ်သောစာပေအထောက်အထားများ စာရေးသူတို့၌ ရှိနေပေသည်။ အဆက်ဆက်သော အိန္ဒိယကျူးကျော်အုပ်စိုးသူများအကြောင်း မှတ်တမ်းတင်ကြသော သမိုင်းပညာရှင်များနှင့် အတ္ထုပတ္တိရေးဆရာများက ယင်းအုပ်စိုးသူများ အိန္ဒိယ၏ ဟိန္ဒူများအပေါ် နိစ္စဒူဝကျူးလွန်ခဲ့ကြသော ရက်စက်ရမ်းကားမှုများကို အသေးစိပ်ဖော်ပြခဲ့ကြသည်။

ယင်းခေတ်ပြိုင်မှတ်တမ်းများက ၎င်းတို့ကျူးလွန်ကြသော ရာဇဝတ်မှုများ၊ သန်းပေါင်းဆယ်ချီသောဟိန္ဒူများအား လူမျိုးတုန်းသတ်ဖြတ်မှုများ၊ ဟိန္ဒူအမျိုးသမီးများအား အစုအပြုံလိုက်မုဒိမ်းကျင့်မှုများ၊ ထောင်ပေါင်းများစွာသော ဟိန္ဒူနှင့်ဗုဒ္ဓဘာသာ ရှေးဟောင်းဘုရားကျောင်းများ စာကြည့်တိုက်များအား ဖျက်ဆီးမှုများအကြောင်း သေသေချာချာဖော်ပြထားပြီး ယင်းတို့က ကမ္ဘာ့အကြီးဆုံးအစုအပြုံလိုက်လူသတ်မှုကြီးနှင့်ပတ်သက်၍ ခိုင်မာလှသောသက်သေများပင် ဖြစ်ကြသည်။

ခေတ်သစ်သမိုင်းပညာရှင်များ၏ အဆိုများ

ဒေါက်တာ ကိုးနရဒ် အဲလ့်စ်ထ် Dr. Koenraad Elst က ၎င်း၏ “Was There an Islamic Genocide of Hindus?” (ဟိန္ဒူများအား အစ္စလမ္မစ်လူမျိုးတုန်းသတ်ဖြတ်မှု ရှိခဲ့သလား?) အမည်ရှိ ၎င်း၏ဆောင်းပါး၌ ယင်းသို့ဖော်ပြထားသည်။

“အစ္စလာမ်လက်ထက်၌ သေဆုံးခဲ့ရသော ဟိန္ဒူလူမျိုးအရေအတွက်နှင့်ပတ်သက်၍ တရားဝင်ခန့်မှန်းထားမှုတော့မရှိပါ။ သို့သော် မူဆလင်ရာဇဝင်ဆရာများ၏ ခန့်မှန်းချက်အရ မြင့်မြတ်သောစစ်ပွဲအောင်နိုင်သူမူဆလင်များသည် ဟော်လိုကော့စ်ထ် (ဒုတိယကမ္ဘာစစ်အတွင်း နာဇီများက ဂျူးများအား လူအစုအပြုံလိုက်သတ်ဖြတ်မှု) အတွင်း သတ်ခဲ့သော လူ ၆ သန်းထက်ပို၍ ဟိန္ဒူများအား သတ်ခဲ့သည်ဟု ခန့်မှန်းခဲ့ကြသည်။ အိန္ဒိယအလယ်ပိုင်းမှ ဘာမာနီ စူလတန်များ Bahmani sultans (၁၃၄၇-၁၅၂၈) က ၎င်းတို့အုပ်ချုပ်သောပြည်နယ်အတွင်း ဟိန္ဒူများအား တတိယတန်းစားအဆင့်တန်းအဖြစ်မျှသာ သတ်မှတ်ကာ စိတ်မထင်လျှင် မထင်သလို အပြစ်ပေးလေ့ရှိပုံများ၊ သိန်းချီသောဟိန္ဒူများအား သတ်ဖြတ်ခဲ့ပုံများကို ဖာရစ်ရှ်သာ Ferishtha မှ မှတ်တမ်းတင်ခဲ့သည်။

“အကြီးမားဆုံးသော သတ်ဖြတ်မှုများမှာ မာဟ်မွတ် ဂါဇ်နာဗီ Mahmud Ghaznavi (ခန့်မှန်း ၁၀၀၀ ခုနှစ်) ၏ စီးနင်းမှုများအတွင်း ဖြစ်ပွားခဲ့သည်။ မိုဟာမက် ဂေါ်ရီ Mohammed Ghori နှင့် ၎င်း၏နောက်လိုက်နောက်ပါများက (၁၁၉၂ နောက်ပိုင်း) နှင့် ဒေလီစူလတန်ခေတ် (၁၂၀၆-၁၅၂၆) ၌ အိန္ဒိယမြောက်ပိုင်းကို အောင်နိုင်သည်။”

ဒေါက်တာ ကိုးနရဒ် အဲလ့်စ်ထ် က ၎င်း၏ “Negation in India” (အိန္ဒိယကဏ္ဍကောစ) စာအုပ်တွင်လည်း “၁၆ ရာစုတစ်လျှောက် မူဆလင်အောင်နိုင်မှုများသည် ဟိန္ဒူများအတွက် အသက်မသေရရေးလုံးပန်းနေရသော ကာလတစ်ခုကို ဖြစ်စေခဲ့သည်။ မြို့ကြီးမှန်သမျှ မီးရှို့ခံရပြီး လူအများ ရက်ရက်စက်စက် အသတ်ခံကြရသည်။ ဖြစ်စဉ်တိုင်း လူပေါင်းသိန်းချီ သေဆုံးကြသည်။ လူပေါင်းသိန်းချီမှာလည်း ကျွန်အဖြစ် ရေခြားမြေခြားသို့ ပို့ဆောင်ခြင်းခံကြရသည်။ ကျူးကျော်သူတစ်ယောက်ရောက်လာတိုင်း ဟိန္ဒူဦးခေါင်းခွံများ တောင်လိုပုံလိုက်တိုင်း ဖြစ်နေတော့သည်။ ဤသို့ဖြင့် အာဖဂန်နစ္စတန်ကိုအောင်နိုင်သည့် သက္ကရာဇ် ၁၀၀၀ နောက်ပိုင်း ဟိန္ဒူများအား အမြစ်ပြတ်သုတ်သင်ရှင်းလင်းမှုကြီး ဖြစ်လာခဲ့သည်။ ယင်းဒေသကို ဟိန္ဒူသတ်ဖြတ်မှုကြီးဟု အဓိပ္ပါယ်ရသော ‘ဟိန္ဒူကွက်ရှ်’ Hindu Kush ဟု ခေါ်ဆိုကြသည်။” ဟု ဖော်ပြခဲ့သည်။

ဝီလ် ဒူရန့် Will Durant မှ ၎င်း၏ ၁၉၃၅ ထုတ် “The Story of Civilisation: Our Oriental Heritage” (ကျွန်ုပ်တို့လက်ခံရရှိခဲ့သော အရှေ့တိုင်းယဉ်ကျေးမှုအမွှေအနှစ်) ၏ စာမျက်နှာ ၄၅၉ ၌ “မဟာမေဒင်များ၏ အိန္ဒိယကို အောင်နိုင်မှုကား သမိုင်းတစ်လျှောက် သွေးထွက်သံယိုအများဆုံး ဖြစ်ဖွယ်ရှိသည်။ အစ္စလမ္မစ်သမိုင်းဆရာများနှင့် အစ္စလမ္မစ်ပညာတတ်များက အေဒီ ၈၀၀ နှင့် ၁၇၀၀ အတွင်း အစ္စလာမ်အောင်နိုင်သူများ ကျူးလွန်ခဲ့သော ဟိန္ဒူများအားသတ်ဖြတ်မှုများ၊ အဓမ္မဘာသာကူးပြောင်းစေမှုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအား ပြန်ပေးဆွဲပြီး ကျွန်ဈေးကွက်တွင် ရောင်းစားမှုများနှင့် ဘုရားကျောင်းများအား ဖျက်ဆီးမှုများကို ကြီးစွာသောပီတိ၊ ကြီးစွာသောဂုဏ်ယူမှုများဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ ယင်းကာလအတွင်း ဟိန္ဒူသန်းပေါင်းများစွာမှာ ဓားမိုး၍ အစ္စလာမ်သို့ ဘာသာကူးပြောင်းစေခြင်းကို ခံခဲ့ကြရသည်။” ဟု ဖော်ပြထားသည်။

ဖရန်ဆွာ ဂေါက်တီယား Francois Gautier မှ ၎င်း၏ ၁၉၉၆ ထုတ် ‘Rewriting Indian History’ (အိန္ဒိယသမိုင်းကို ပြန်ရေးခြင်း) စာအုပ်၌ “မူဆလင်များ အိန္ဒိယ၌ ဆက်လက်စွဲမြဲခဲ့ကြသော ရက်ရက်စက်စက်လူသတ်မှုကြီးများနှင့် တန်းတူထားနှိုင်းယှဉ်နိုင်သော လူသတ်မှုဟူ၍ သမိုင်းတစ်လျှောက်မရှိ။ နာဇီများက ဂျူးများအား အစုအပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဟော်လိုကော့စ်ထ် Holocaust ထက်လည်း ပိုကြီး၏။ တာ့ခ်များက အာမေးနီးယန်းများကို သတ်ဖြတ်ခဲ့သည့် ရက်စက်လှသောလူသတ်မှုကြီးထက်လည်း ပိုကြီး၏။ စပိန်နှင့် ပေါ်တူဂီများက တောင်အမေရိက မူရင်းနေတိုင်းရင်းသားများကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှုများထက်လည်း ပို၍ကြီးမားကျယ်ပြန့်၏။” ဟူ၍ ရေးသားခဲ့သည်။

စာရေးဆရာ ဖာနန် ဘရော့ဒဲလ် Fernand Braudel က ၎င်း၏ ၁၉၉၅ ထုတ် “A History of Civilisations” (လူမှုတိုးတက်မှုသမိုင်း) စာအုပ်၌ အိန္ဒိယနိုင်ငံတွင်း အစ္စလမ္မစ်အုပ်စိုးမှုကို ယင်းသို့ ဖော်ပြခဲ့သည်။

“ကိုလိုနီမြေစမ်းခရမ်းပျိုးမှုသည်ကား အတိုင်းထက်အလွန် အကြမ်းဖက်လှ၏။ မူဆလင်များသည် စနစ်တကျအကွက်ချ၍ အကြမ်းဖက်အုပ်ချုပ်ခြင်းမှလွဲ၍ တိုင်းပြည်ကို မအုပ်ချုပ်တတ်ချေ။မီးရှို့ခြင်းများ၊ ရက်ရက်စက်စက် ကွပ်မျက်ခြင်းများ၊ ကားစင်တင်ခြင်းများ သို့မဟုတ် တံကျင်လျှိုသတ်ခြင်းများ၊ တီထွင်ကြံဆထားသော နှိပ်စက်မှုများ စသော ရက်စက်မှုများက ၎င်းတို့၏စံပုံစံဖြစ်သည်။ ဟိန္ဒူဘုရားကျောင်းများကို ဖျက်ဆီးပြီး ယင်းနေရာ၌ ဗလီများဆောက်ကြသည်။ အခါအခွင့်ကြုံလျှင်ကြုံသလို အဓမ္မဘာသာကူးပြောင်းခိုင်းခြင်းများလည်း ပြုကြသည်။ ပုန်ကန်ထကြွမှုတစ်ခုပေါ်ပေါက်လာသည် ဆိုငြားအံ့။ ချက်ချင်းသွားရောက်ကာ ပက်ပက်စက်စက် ရက်ရက်စက်စက် နှိမ်နင်းပစ်သည်။ အိမ်များကို မီးရှို့ပစ်သည်။ ကျေးလက်တောနယ်များကို ရစရာမကျန်အောင် ဖျက်ဆီးပစ်သည်။ အမျိုးသားကိုသတ်ပြီး အမျိုးသမီးများကို ကျွန်အဖြစ် ခေါ်ဆောင်သွားကြသည်။”

အလိန်း ဒန်နယယ်လူ Alain Danielou မှ ၎င်း၏ Histoire de l’ Inde (အိန္ဒိယသမိုင်း) စာအုပ်၌ “အေဒီ ၆၃၂ ဝန်းကျင် အိန္ဒိယသို့ မူဆလင်များ ရောက်လာသည့်အချိန်မှစပြီး အိန္ဒိယသမိုင်းမှာ မဆုံးနိုင်တော့သော လူသတ်မှုများ၊ ရက်ရက်စက်စက် အစုအပြုံလိုက်သတ်ဖြတ်မှုများ၊ လုယက်ရမ်းကားမှုများ၊ အကြီးအကျယ်ဖျက်ဆီးမှုများ ပြည့်နှက်နေသော သမိုင်းရှည်ကြီးဖြစ်လာတော့သည်။ ရက်စက်ရမ်းကားမှုများက လူမှုတိုးတက်မှုများကို ဖျက်ဆီးပစ်သည်။ လူမျိုးနွယ်စုများကို ကျူပင်ခုတ်ကျူငုတ်မကျန် ရှင်းပစ်သည်။ ယင်းတို့မှာ ထုံးစံအတိုင်း တစ်ပါးတည်းသော အလ္လာဟ်၏နာမတော်ဖြင့်၊ ဘာသာယုံကြည်မှုအရ ‘မြင့်မြတ်သောစစ်ပွဲ’ အမည်အားဖြင့် ကျူးလွန်ကြခြင်း ဖြစ်ကြတော့သည်။” ဟု ရေးသားထားသည်။

အာဖန် ဟူစိန် Irfan Husain မှ ၎င်း၏ဆောင်းပါးဖြစ်သော “Demons from the Past” (အတိတ်ကနတ်ဆိုးများ) ၌

“သမိုင်းဖြစ်ရပ်များကို မည်သည့်ခေတ်ကလတွင် ဖြစ်ပွားခဲ့သည်ဆိုသည့်နှင့် ဆုံးဖြတ်သင့်လှသည်။ အာဖဂန်နစ္စတန်မှသည် အလယ်အာရှတောက်လျှောက်တစ်ကြောလုံး၊ ပန်ဂျပ်တောင်ပိုင်းနှင့် ဆင်းဒ်ပြည်နယ်တို့အား အာရပ်စစ်ဘုရင်များက အောင်နိုင်ခဲ့သည့် သွေးရောင်လွှမ်းသမိုင်းကာလတစ်လျှောက်လုံး ဟိန္ဒူတို့ကား ကံဆိုးလွန်းလှပေစွ။ ၎င်းတို့ကို ညှာတာသနားသည်ဟူ၍ တစ်ခါမျှမရှိစဖူး။ မူဆလင်သူရဲကောင်းဆိုသည်များသည် သမိုင်းစာအုပ်များထဲ ပါရှိခဲ့ဖူးသမျှသောသူများထက် ပို၍ကြီးမားသော ကြောက်မက်ဖွယ်ပြစ်မှုများကို ကျူးလွန်ခဲ့ကြပေသည်။ မာမွတ်အယ်လ်ဂါဇနီ Mahmud of Ghazni, ကပ်ဘတ်ဒင်အိုင်ဘတ် Qutb-ud-Din Aibak, ဘာလ်ဘန် Balban, မိုဟာမက်ဘင်ကာဆင်မ် Mohammed bin Qasim, နှင့် စူလတန် မိုဟာမက် တာဂလတ် Sultan Mohammad Tughlak တို့လက်၌ စွန်းခဲ့သောသွေးများသည်ကား နှစ်ပဋိစ္ဆေဒကြာမြင့်ခဲ့သည်တိုင် သန့်စင်မသွား။ ဟိန္ဒူတို့၏ နေရာမှဝင်၍ ကြည့်စေချင်သည်။ မူဆလင်များမှ ၎င်းတို့ဘိုးဘွားပိုင်မြေကို ကျူးကျော်သိမ်းပိုက်မှုသည် ၎င်းတို့အဖို့ ဘယ်တော့မှမေ့ပျောက်မသွားနိုင်တော့သော ကပ်ဆိုးကြီးပင် ဖြစ်တော့သည်။

“ဟိန္ဒူဘုရားကျောင်းများ ဖြိုဖျက်ခံရသည်။ ဟိန္ဒူနတ်ဘုရားရုပ်တုများ ရိုက်ချိုးထုချေခံရသည်။ ဟိန္ဒူအမျိုးသမီးများ မုဒိမ်းကျင့်ခံရသည်။ အမျိုးသားများမှာမူ သတ်လျှင် အသတ်ခံရ သို့မဟုတ်ပါက ကျွန်အဖြစ်ခေါ်ဆောင်သွားခြင်းကို ခံကြရသည်။ တစ်နှစ်တစ်ခါ ကျူးကျော်နေကြအတိုင်း မာမွတ်အယ်လ်ဂါဇနီမှ ဆွမ်နာ့သ်သို့ ဝင်ရောက်လာသည့်တစ်ခါတွင်မူ ဒေသလူထု ၅၀,၀၀၀ ဝန်းကျင်ကို ရက်ရက်စက်စက် သတ်ပစ်လိုက်သည်။ အိုင်ဘတ်သည်လည်း လူသိန်းချီကို ကျွန်ပြုခဲ့သည်။ ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ရပ်များကား နှစ်ပေါင်းများစွာ ရှည်ကြာခဲ့ပြီး နာကျင်ဖွယ်ကောင်းလှပေ၏။ စစ်အောင်နိုင်သူများက ၎င်းတို့၏ လုပ်ရပ်များသည် ဘာသာရေးတာဝန်အရ ကာဖိရ်များအား ရိုက်နှက်ခုတ်ထစ်ရသည်ဖြစ်ရာ ၎င်းတို့အဖို့ တရားကြောင်း ကြွေးကြော်ကြကုန်၏။ ၎င်းတို့သည် အစ္စလာမ်ဘာသာရေးအတွက် တိုက်ခိုက်နေသည်ဟူသော ခေါင်းစဉ်တပ်ပြီး ရက်ရက်စက်စက်လူသတ်၊ အကြမ်းဖက်လုယက်ခိုးဆိုးခြင်းများဖြင့် ပျော်မွေ့ကြကုန်၏။”

 

ကျူးကျော်သူများ၏ ကိုယ်ရေးမှတ်တမ်းများနှင့် ခေတ်ပြိုင်မှတ်တမ်းများ

အာဖဂန်ဘုရင် မာမွတ်အယ်လ်ဂါဇနီသည် အိန္ဒိယကို အေဒီ ၁၀၀၁ – ၁၀၀၆ ကာလအတွင်း ၇ ကြိမ်တိုင် ကျူးကျော်ခဲ့ဖူးသည်။ ၎င်း၏ကိုယ်ရံတော်ရေးသားသော ‘Tarikh-i-Yamini’ အမည်ရှိစာအုပ်၌ ၎င်း၏ကျူးကျော်မှုများအတွင်း သွေးမြေကျစေခဲ့သော ဖြစ်ရပ်များကို မှတ်တမ်းတင်ထားသည်။

“[အိန္ဒိယနိုင်ငံ သနီဆာမြို့၌] ကာဖိရ်တို့၏ သွေးများချောင်းအတွင်း၌ ပြည့်လျှံအောင် စီးဆင်းခဲ့ရကား ရေအရောင်များပင် သွေးရောင်ပေါက်နေတော့သည်။ ရေမှာ စင်ကြယ်ခြင်း ရှိလင့်ကစား ကာဖိရ်များမှာ ရေကိုမသောက်ဝံ့ကြ။ ကာဖိရ်များသည် ခံတပ်ကိုစွန့်ခွာကာ ရေပလုံစီထနေသောမြစ်၏ တစ်ဖက်ကမ်းသို့ ကူးရန်ကြိုးစားကြသည်။ သို့သော် ၎င်းတို့အတော်များများမှာ အသတ်ခံကြရသည်။ သို့မဟုတ် အဖမ်းခံကြရသည်။ သို့မဟုတ် ရေထဲနှစ်အသတ်ခံကြသည်။ ယောက်ျားသား ငါးသောင်းနီးပါး အသတ်ခံခဲ့ရသည်။”

ဟာဆန် နိဇမ်အီ မာအိရှာပူရီ Hassn Nizam-i-Naishapuri ၏ ခေတ်ပြိုင်မှတ်တမ်းဖြစ်သော ‘ Taj-ul-Ma’asir’ တွင်လည်း တူရကီ-အာဖဂန် ဇာတိဖြစ်ပြီး ပထမဆုံးသော ဒေလီစူလတန် (အေဒီ ၁၁၉၄-၁၂၁၀) ကပ်အယ်လ်ဒင်အိုင်ဘတ် Qutb-ul- Din Aibak မှ မီရတ်ကို အောင်နိုင်သည်တွင် မြို့တွင်း ရှေးဟောင်းဘုရားကျောင်းများကို ဖြိုဖျက်ကာ ဗလီများအစားထိုးတည်ဆောက်ခဲ့ပုံများကို ဖော်ပြထားသည်။ အလီဂါမြို့တွင် ဌာနေဟိန္ဒူများကို ဓားမိုးပြီး အစ္စလာမ်သို့ကူးပြောင်းစေခဲ့ပုံများအကြောင်း၊ ဟိန္ဒူဘာသာမှ မကူးပြောင်းဟု တင်းခံသူများကို ခေါင်းဖြတ်သတ်ခဲ့ပုံများအကြောင်း ဖော်ပြခဲ့သည်။

ပါရှားသမိုင်းပညာရှင် ဝါ့ဆပ် Wassaf မှ ၎င်း၏စာအုပ် ‘Tazjiyat-ul-Amsar wa Tajriyat ul Asar’ ၌ ခေလ်ဂျီမင်းဆက်၏ ဒုတိယမြောက်အုပ်စိုးသူဖြစ်သော တူရကီနွယ်ဖွား အာဖဂန်လူမျိုး အလာဝယ် ဒင် ခေလ်ဂျီ Alaul-Din Khilji မှ ကမ်ဘေပင်လယ်ကွေ့ထိပ်ဦးရှိ ကမ်ဘာယတ်မြို့ကို သိမ်းပိုက်ခဲ့ပုံအကြောင်းကို ဖော်ပြခဲ့သည်။ အစ္စလာမ်ဂုဏ်သရေအတွက် အရွယ်ရောက်ပြီးသော ဌာနေဟိန္ဒူအမျိုးသားများကို သတ်ပစ်ခဲ့သည်၊ မြစ်များမှာ သွေးများဖြင့်ရဲရဲတောက်နေသည်၊ အမျိုးသမီးများပိုင်ဆိုင်သော ရွှေငွေလက်ဝတ်လက်စားရတနာများကို ၎င်း၏အိမ်သို့ ပို့ဆောင်စေခဲ့ကာ ထောင်ချီသောဟိန္ဒူမိန်းမပျိုများကို ၎င်း၏ကျွန်များအဖြစ်သိမ်းပိုက်ခဲ့သည်ဟု ဆိုခဲ့သည်။

ခေလ်ဂျီမှ ၎င်း၏ဘာသာရေးရာပုရောဟိတ် (ကာဇီ) ကို ဟိန္ဒူများနှင့်ပတ်သက်၍ အစ္စလမ္မစ်ဥပဒေ၌ မည်သို့ဖော်ပြထားသနည်းဟု မေးမြန်းရာ ကာဇီမှ ယင်းသို့ဖြေကြားခဲ့သည်။

“ဟိန္ဒူများကား ရွှံ့များသဖွယ် ဖြစ်ကြသည်။ အကယ်၍ (မဟာမေဒင်တစ်ဦးမှ) ဟိန္ဒူများထံ ‘ငါ ငွေလိုချင်သည်’ ဟု တောင်းဆိုငြားအံ့။ ဟိန္ဒူများအနေဖြင့် အရိုကျိုးဆုံး၊ အနှိမ့်ချဆုံးအနေအထားဖြင့် ရွှေကို ပေးအပ်ရပေမည်။ အကယ်၍ မဟာမေဒင်(မူဆလင်)တစ်ဦးမှ ဟိန္ဒူတစ်ဦး၏ပါးစပ်တွင်းသို့ တံတွေးထွေးလိုသည် ဆိုငြားအံ့။ ထိုဟိန္ဒူအနေဖြင့် တံတွေး၎င်းပါးစပ်ထဲထွေးနိုင်စေခြင်းငှာ ၎င်း၏ပါးစပ်ကို အကျယ်ကြီးဟပေးရမည်။ အလ္လာဟ်အရှင်မြတ်သည် ဟိန္ဒူများကို မဟာမေဒင်များ၏ကျွန်များအဖြစ် ဖန်ဆင်းခဲ့ပေ၏။ ဟိန္ဒူများမှ အစ္စလာမ်ကိုလက်ခံသက်ဝင်ခြင်းမပြုလျှင် ၎င်းတို့ကို ထောင်သွင်းအကျဉ်းချလော့၊ နှိပ်စက်ညှင်းပန်းလော့၊ နောက်ဆုံး အသက်ကိုပင် နှုတ်ယူလော့၊ ထို့ပြင်တဝ ၎င်းတို့ပိုင်ဆိုင်သောပစ္စည်းများကိုလည်း သိမ်းယူလော့ ဟူ၍ တမန်တော်မြတ်မှ အမိန့်တော်ချမှတ်ခဲ့ပေသည်။”

တိမူးရ်သည် တာ့ခ်လူမျိုးစစ်ဘုရင်ကြီးတစ်ပါးဖြစ်ပြီး တိမူရစ်ဒ်မင်းဆက်ကို တည်ထောင်ခဲ့သူဖြစ်သည်။ တိမူးသည် ၎င်း၏အိန္ဒိယသိမ်းကြိုးပမ်းမှု (အေဒီ ၁၃၉၈-၁၃၉၉) အတွင်း တွေ့ကြုံခဲ့ရသမျှကို စုပေါင်းထားသည့်’Tuzk-i-Timuri’ အမည်ရှိ ၎င်း၏ကိုယ်တွေ့မှတ်တမ်း၌ ရေးမှတ်ထားခဲ့သည်။ ယင်းမှတ်တမ်၌ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံး၌ အော့နှလုံးနာဖွယ်အကောင်းဆုံးဖြစ်ဖွယ်ရှိသည့် တစ်ခဏတာသောအချိန်အတွင်း အကျဉ်းစခန်းတွင်းမှ ဟိန္ဒူသုံ့ပန်း တစ်သိန်းကို ရက်ရက်စက်စက်ကွပ်မျက်ခဲ့သည့် ဖြစ်ရပ်များကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားခဲ့သည်။ တိမူးရ်မှ ၎င်း၏လက်ထောက်တစ်ဦးကို ယင်းကိစ္စနှင့်ပတ်သက်၍ တိုင်ပင်ခဲ့ပုံကို ၎င်း၏ကိုယ်တွေ့မှတ်တမ်းတွင် ဤသို့ရေးမှတ်ထားခဲ့သည်။

“တိုက်ပွဲနိုင်အောင်ပွဲနေ့ကြီး၌ ထို သုံ့ပန်း အယောက်တစ်သိန်းကို အလုပ်ရှုပ်အောင် ချန်လှပ်မထားသင့်၊ ယင်းရုပ်တုကိုးကွယ်သူများနှင့် အစ္စလာမ့်ရန်သူများကို လွတ်မြောက်ခွင့်ပေးသည်မှာ စစ်စည်းမျဉ်းနှင့် မညီ။ စင်စစ် သူတို့အားလုံးကို ဓားစာကျွေးရုံမှတစ်ပါး အခြားသောနည်းလမ်း မရှိတော့ဟု သူတို့(၎င်း၏နောက်လိုက်နောက်ပါများ)က ပြောကြသည်။”

ဤတွင် တိမူးရ်မှ အကျဉ်းသားအားလုံးကိုသတ်ဖို့ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ကိုယ်တွေ့မှတ်တမ်း၌ ယင်းသို့ဆိုထားသည်။

“အကျဉ်းစခန်းထဲရှိသမျှ ကာဖိရ်သုံ့ပန်းမှန်သမျှကို သတ်ပစ်ရမည်။ ထိုသို့ သတ်ရန်အမိန့်ကိုသွေဖည်ပြီး ကာဖိရ်များအား မသတ်သောသူများကိုလည်း သတ်ရမည်။ ထိုသူများ၏ပိုင်ဆိုင်မှုများကို သတင်းပေးသောသူအား ပေးရမည်။ ထိုအမိန့်ကို ဂါဇီများကြားသိရသည်နှင့် ၎င်းတို့၏ဓားများကိုဆွဲထုတ်ကာ သုံ့ပန်းများကို ခုတ်သတ်ကြလေ၏။ ရုပ်တုကိုးကွယ်သော ကာဖိရ်တစ်သိန်းမှာ ထိုနေ့တွင်ပင်လျှင် အသတ်ခံကြရ၏။ ၎င်း၏တစ်သတ်တာ၌ စာကလေးမျှပင် မသတ်ဖူးသော စာတတ်ပုဂ္ဂိုလ် အတိုင်ပင်ခံ မော်လနာ နာဆာ အတ်ဒင် အူမားပင်လျှင် ယခု ကျွန်ုပ်၏အမိန့်အတိုင်း ၎င်း၏ဓားဖြင့် ၎င်း၏အကျဉ်းသား ရုပ်တုကိုးကွယ်သူ ဟိန္ဒူ ၁၅ ဦးကို သတ်ခဲ့သည်။”

တိမူးရ်မှ ၎င်း၏ အိန္ဒိယသိမ်းကြိုးပမ်းမှုအတွင်း ဒေလီကိုမည်သို့အောင်နိုင်ခဲ့ပုံကို ယင်းသို့မှတ်တမ်းတင်ခဲ့သည်။

“တခဏတာအချိန်အတွင်းမှာပင် ဒေလီခံတပ်အတွင်းရှိလူအားလုံးမှာ ဓားချက်မိသွားကြပေပြီ။ တစ်နာရီမျှအကြာတွင် ကာဖိရ်အယောက် ၁၀၀၀၀ ၏ ဦးခေါင်းများကို ဖြတ်ပြီးသွားပေပြီ။ အစ္စလာမ်ဓားသွားဖြင့် ကာဖိရ် သွေးများ ချောင်းစီးသွားစေခဲ့ပြီ။ ခံတပ်အတွင်း၌ နှစ်ပေါင်းများစွာသိုမှီးလာခဲ့သော သယ်ယူရွှေ့ပြောင်းနိုင်သော ပစ္စည်းမှန်သမျှ၊ ရတနာများနှင့် ကောက်ပဲသီးနှံများမှာ ကျွန်ုပ်၏စစ်သားများလက်ချက် မိကြလေတော့သည်။

“ကျွန်ုပ်၏စစ်သားများက အိမ်များကို ပြာကျသည်အထိ မီးရှို့ကြ၏။ အဆောက်အဦးများနှင့် ခံတပ်ကို မြေပေါ်ပြားပြားဝပ်သွားသည်အထိ ဖြိုဖျက်ပစ်ကြ၏။ ဟိန္ဒူလူမျိုးယောက်ျားသားကာဖိရ်မှန်သမျှကို သတ်သည်။ ၎င်းတို့ပိုင်ဥစ္စာပစ္စည်း၊ ၎င်းတို့၏ ဇနီးများ သားသမီးများမှာ အောင်နိုင်သူများအတွက် ပေးဆပ်ဖို့သာ ဖြစ်ကြတော့သည်။ ဤတွင် ကျွန်ုပ်မှအမိန့်ထုတ်သည်။ အကျဉ်းစခန်းထဲရှိသမျှ ကာဖိရ်သုံ့ပန်းမှန်သမျှကို သတ်ပစ်ရမည်။ ထိုသို့ သတ်ရန်အမိန့်ကိုမနာခံဘဲမသတ်သောသူများကိုလည်း သတ်ရမည်။ ထိုသူပိုင်ဆိုင်မှုကို သတင်းပေးသူအား ပေးရမည်။ ထိုအမိန့်ကို ဂါဇီများကြားသိရသည်နှင့် ၎င်းတို့၏ဓားများကိုဆွဲထုတ်ကာ သုံ့ပန်းများကို ခုတ်သတ်ကြလေ၏။”

အိန္ဒိယကို အေဒီ ၁၅၂၆ မှ ၁၅၃၀ သည့်တိုင် အုပ်စိုးခဲ့သော မဂိုလ်ဧကရာဇ် ဘာဘာရ် Babur မှ ၎င်း၏ကိုယ်တွေ့မှတ်တမ်း ‘Baburnama’ ၌ “၉၃၄ ဟီဂျရီ (၂၅၃၈ ခုနှစ်) တွင် ကျွန်ုပ်မှ ချန်ဒရိုင် Chanderi ကို တိုက်ခိုက်ပြီး အလ္လာဟ်အရှင်အလိုတော်အားဖြင့် မြို့ကို နာရီပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။ ကျွန်ုပ်တို့မှ ကာဖိရ်များကို ရက်ရက်စက်စက် အစုအပြုံလိုက်သတ်ခဲ့ပြီး ထို့နောက် နှစ်များအကြာတွင် ဒါရုလ်ဟာ့ဘ် (ကာဖိရ်နိုင်ငံ) ကို ဒါရုလ်စလာမ် (မူဆလင်နိုင်ငံ) အဖြစ်သို့ ရောက်စေခဲ့သည်။” ဟု မှတ်တမ်းပြုခဲ့သည်။

ခေတ်ပြိုင်မှတ်တမ်း ‘Badshah Nama, Qazinivi & Badshah Nama , Lahori’ တွင်လည်း မဂိုလ်ဘုရင်ကြီး ရှားဂျဟန် Shah Jahan ၏ ရက်စက်ကြမ်းကြုတ်မှုများ ပါရှိသည်။

“ရှုဂျာ Shuja အား ကာဘူးလ်မြို့စားခန့်အပ်လိုက်သည်တွင် ၎င်းမှ အိန္ဒူတစ်ဖက်ကမ်း ဟိန္ဒူနယ်မြေ၌ အညှာတာမရှိရက်စက်သောစစ်ပွဲတစ်ခု ဆင်နွှဲတော့သည်။ အစ္စလာမ်ဓားသွား၏ ရိတ်သိမ်းမှုအောက်တွင် အစ္စလာမ်သို့ကူးပြောင်းသူများဟူသော အသီးအနှံများကို ရိတ်သိမ်းရပေတော့၏။ အမျိုးသမီးအများစုမှာ (မိမိသိက္ခာကို အထိအခိုက် မခံရစေခြင်းငှာ) သူမတို့ကိုယ်ကို မီးရှို့သတ်သေသွားကြ၏။ ဖမ်း၍ရမိသော အမျိုးသမီးများကို မူဆလင်မန်ဆဗ္ဗဒါများ (မူဆလင်အရာရှိများ)သို့ချည်း ပေးကုန်၏။”

အာဖဂန်ဘုရင် Ahmad Shah Abdali အာမက် ရှား အဗ်ဒါလီ သည် အေဒီ ၁၇၅၇ တွင် အိန္ဒိယကိုတိုက်ခိုက်ကာ ဟိန္ဒူတို့၏ ဘယ်ဿလမ်ဟု တင်စားကြသည့် ခရစ်ရှနားမွေးရပ်မြေ မသူရာ Mathura သို့ ချီတက်သည်။

အဗ္ဗဒါလီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ခေတ်ပြိုင်ရာဇဝင်ကျမ်း ‘Tarikh-I-Alamgiri’ ၌ ယင်းသို့ဖော်ပြထားသည်။

“စစ်သားတစ်ဦးမှ ရန်သူတစ်ဦးကို ရတိုင်း ထိုစစ်သားကို အဗ္ဗဒါလီမှ ၅ ရူပီး (ထိုခေတ်ကာလကမူ အတန်များသော ပမာဏဖြစ်သည်)။ မြင်းသည်တော်များက လုယက်ရသမျှပစ္စည်းများကို မြင်းပေါ်တင်ကြသည်။ ပစ္စည်းများနှင့်အတူ သုံ့ပန်းမိန်းကလေးများနှင့် ကျွန်များကိုလည်း တင်ကြသည်။ ခေါင်းပြတ်များကို ပန်းခွေပုံစံ ကြိုးတွဲသီကာ သုံ့ပန်းများက ထိုခေါင်းပြတ်များကို ၎င်းတို့ဦးခေါင်းထက်၌ရွက်ရသည်။ ထို့နောက် သုံ့ပန်းများ၏ဦးခေါင်းကို အဲမောင်းလှံဖြင့် နကန်ဖြင့်နွားကိုတို့သလို တို့ကာထိုးကာ လိုရာမောင်းသည်။ ၎င်းတို့ကို အမတ်ချုပ်ကြီး၏ အိမ်ပေါက်ဝသို့ မောင်းကာ ထို၌ ငွေထုတ်ယူသည်။

“အလွန်တရာထူးခြားရွံရှာဖွယ် မြင်ကွင်းပင်! နေ့စဉ်နှင့်အမျှ ယင်းပုံစံ ရက်ရက်စက်စက်သတ်ဖြတ်မှုများ၊ လုယက်ရမ်းကားမှုများ ဖြစ်ပွားနေသည်။ ညဖက်၌လည်း မုဒိမ်းကျင့်ခံရ၍ စီစီဖားဖားအော်ဟစ်ကြသော အမျိုးသမီးများ၏အသံများမှာ နားကန်းလုမတတ်။ ဖြတ်ပြီးသော ခေါင်းပြတ်များကို စုပုံထားသည်။ သွေးသံရဲရဲ ခေါင်းပြတ်ကြိုးတွဲသီများကို ခေါင်း၌ရွက်ထားရသော သုံ့ပန်းများကို လေးဖက်ကုန်းစေသည်။ ထို့နောက် ၎င်းတို့ဦးခေါင်းကိုလည်း ဖြတ်လိုက်တော့သည်။ ယင်းဖြစ်စဉ်များမှာ အာ့ဂရာမြို့သို့ ချီတက်ရာလမ်းတစ်လျှောက် ဖြစ်ပွားခဲ့သည်သာမက ကျန်အိန္ဒိယနိုင်ငံအနှံ့အပြားတွင်လည်း ဖြစ်ပွားခဲ့ပေသည်။”

ဘာကြောင့် သတိရသင့်သလဲ?

“ဟော်လိုကော့စ်ထ်သတိရအောက်မေ့နေ့ Holocaust Memorial Day (HMD) ဟူသည် ဟော်လိုကော့စ်ထ် နှင့် အခြားသော လူမျိုးတုန်းသတ်ဖြတ်မှုများအတွင်း သေဆုံးခဲ့ရသူများကို အောက်မေ့သတိရသော အပြည်ပြည်ဆိုင်ရာနေ့တစ်ခုဖြစ်သည်။

ကမ္ဘာ့သမိုင်းတွင် အကြီးဆုံးသော ဟော်လိုကော့စ်ထ်ကို သမိုင်းမှ ဖုံးဖ်ဖျောက်ဖျက်ထားခဲ့ကြသည်။

ဟော်လိုကော့စ်ထ် HOLOCAUST ဟူသည့် စကားလုံးကိုကြားသည်နှင့် စာရေးသူတို့ ပြေးမြင်မိလိုက်ကြသည်က နာဇီများက ဂျူးများကိုသတ်ခဲ့သည့် ဟော်လိုကော့စ်ထ်ကိုသာဖြစ်သည်။ ယနေ့အခါတွင်တော့ မှတ်တမ်းရုပ်ရှင်၊ ရုပ်သံအစီအစဉ်များနှင့် စာရေးသူတို့ကိုယ်တိုင်က အဝဲရ်နတ်စ် awareness တိုးမြင့်လာသည်များကြောင့် မူရင်းနေအမေရိကန်တိုင်းရင်းသားများအပေါ် ကျူးလွန်သော ဟော်လိုကော့စ်ထ်များ၊ အော်တိုမန်အင်ပါယာအတွင်းနေ အာမေးနီးယန်းများအပေါ်ကျူးလွန်သော လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် အန္တလတစ် ကျွန်ကုန်ကူးမှုအတွင်း သေဆုံးခဲ့ရသော သန်းပေါင်းများစွာသော အာဖရိကတိုက်သားများအကြောင်း သိလာကြသည်။

သို့သော် ကမ္ဘာကြီးသည် အိန္ဒိယ၌ဖြစ်ပွားခဲ့သော နှစ်ပေါင်း ၈၀၀ ကာလအတွင်း ဟိန္ဒူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည့် ဟော်ဟိုကော့စ်ထ်ကိုမူ မသိမမြင်ယောင်ပြု လစ်လျူရှုနေသည့်သဘောရှိသည်။

အေဒီ ၁၀၀၀ မှ ၁၅၂၅ အတွင်း ဟိန္ဒူလူဦးရေသည် သန်း ၈၀ တိုင် ယုတ်လျော့သွားခဲ့ပြီး ယင်းမှာ ကမ္ဘာ့သမိုင်းတွင် အများဆုံးသော လူမျိုးတုန်းအသတ်ခံရမှုဖြစ်ကြောင်း အိန္ဒိယသမိုင်းပညာရှင် ပါမောက္ခ ကေ အက်စ် လား Professor K.S. Lal မှ ခန့်မှန်းခဲ့သည်။ သန်းပေါင်းများစွာသော ဟိန္ဒူများအား သတ်ဖြတ်မှုသည် အိန္ဒိယကို အာရပ်၊ အာဖဂန်၊ တာ့ခ်များနှင့် မဂိုလ်များ အုပ်စိုးခဲ့သည့်အချိန်များအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယနေ့ကမ္ဘာကြီးသည် တာလီဘန်နှင့် အယ်လ်ကိုင်ဒါကဲ့သို့သော အကြမ်းဖက်အဖွဲ့များ၏ ခြိမ်းခြောက်မှုအန္တရာယ်ကိုခံနေရသည်။ ၎င်းတို့၏ ဝါဒရေးရာမှာ အိန္ဒိယ၌ ကမ္ဘာ့အကြီးဆုံးဟော်လိုကော့စ်ထ် ကျူးလွန်ခဲ့ကြသူများ၏ ဝါဒခံယူချက်နှင့် ချွတ်စွပ်တူနေသည်ကို ထိတ်လန့်စဖွယ် တွေ့ရှိရသည်။ ထို့အပြင် ယင်းအကြမ်းဖက်အဖွဲ့များသည် အိန္ဒိယနိုင်ငံတွင်း ယခင်ဟော်လိုကော့စ်ထ် ကျူးလွန်ခဲ့သောနေရာဒေသများတွင်ပင် အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်နေကြပြန်သည်။ သမိုင်းတစ်ပတ်လည်တတ်သည်ဟု ဆိုကြသည်။ သို့သော် ယင်းသို့တစ်ပတ်လည်ဖို့ရန်မှာလည်း လွန်စွာမှပင် ဖြစ်ခဲလှပါမည်။ သို့သော် ယင်းသို့သော ဖြစ်တောင့်ဖြစ်ခဲလှသော အခြေအနေကိုပင် မဖြစ်စေခြင်းငှာ အတိတ်မှသွေးရောင်လွှမ်းဖြစ်ရပ်များကို သိရှိပြီး သင်ခန်းစာယူနိုင်ကြပါစေဟု စာရေးသူမှ မျှော်လင့်မိပါသည်။

ခရက်ဒစ်
#ကိုသန့်ဇင်ထွဋ်
(STA)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment