Uncategorized

ကမ္ဘာ့စိတ်မချရဆုံးမြို့စာရင်း တွင် ရန်ကုန် ဒုတိယချိတ်

ပြန်လည်မျှဝေလိုက်ပါ..

The Economist Intelligence Unit က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ လုံခြုံ စိတ်ချရတဲ့ မြို့များစာရင်း (Safest Cities Index 2017) ထဲမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ဟာ ကမ္ဘာ့ စိတ်မချရဆုံးမြို့အဖြစ် ဒုတိယ ချိတ်ခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ ရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန် ဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အခြေခံ အဆောက်အဦး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ မှုနိမ့်ပါးနေပြီး ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှု၊ ယာဉ်လမ်းကြောင်း အန္တရာယ်ရှိမှု၊ အကြမ်းဖက်ခြိမ်းခြောက်ခံရမှုနဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်တွေကို ခံစားနေရကြောင်း သိရပါတယ်။ ဒီ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ ထက်ပိုမိုဆိုးဝါးတဲ့မြို့ဆိုလို့ ပါကစ္စတန်နိုင်ငံ ကရာချီမြို့သာ ကျန်ရှိတော့ပါတယ်။S

afest Cities Index စာရင်းမှာ မြို့ပေါင်း ၆၀ စာရင်းဝင်ခဲ့ပါတယ်။ ထည့်သွင်းစဉ်းစားတဲ့ အချက်အလက်တွေထဲမှာ ဒစ်ဂျစ်တယ်လုံခြုံရေး၊ ကျန်းမာရေးလုံခြုံရေး၊ အခြေခံ အဆောက်အဦ လုံခြုံရေး နဲ့ တစ်ကိုယ်ရည်တစ်ကာယလုံခြုံရေးတွေပါဝင်ကြောင်း သိရပါတယ်။

အချက်အလက်တွေကိုပြုစုရာမှာ ကျယ်ပျံ့လှတဲ့ သုတေသန၊ သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်ပိုင်နိုင်သူတွေကို ချွတ်ချွတ်နှိုက်နှိုက်ပြုလုပ်ထားတဲ့ တွေ့ဆုံမေးမြန်းမှုတွေပါဝင်တယ်လို့ စာရင်းပြုစုသူ တွေက ပြောပါတယ်။ အဆိုပါ မြို့ပေါင်း ၆၀ ကို သုည ကနေ ၁၀၀ အထိ သက်ဆိုင်ရာကဏ္ဍအလိုက် အမှတ်ပေးခဲ့တာဖြစ်ပါတယ်။

ရန်ကုန် ရဲတပ်ဖွဲ့ က ထုတ်ပြန်တဲ့ စာရင်းအရ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မုဒိမ်းမှု ၉၆မှု၊ လူသတ်မှု ၉၃မှု၊ ဖောက်ထွင်းမှု ၂၆မှုနဲ့ ခိုးယူမှု ၃မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်

ဒီနှစ် Index အညွန်းကိန်း ထဲမှာ လတ်လတ်ဆတ်ဆတ်ပါဝင်လာတဲ့မြို့တွေကတော့ ရန်ကုန် နဲ့ ကရာချီတို့ဖြစ်ပြီး ဗိုလ်စွဲခဲ့ကြပါတယ်။ ဒီ ထုတ်ပြန်ချက် ဟာ ၂၀၁၆ ခုနှစ်အတွက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ကထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှတ်တမ်းထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က ဗိုလ်စွဲခဲ့ပါတယ်။

Credit: MUNA/ နိုင်သူရ

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment