Celebrity Local Celebrity

မင်းသားတစ်ယောက်နဲ့ ချစ်သူဖြစ်နေတာ ရှင်းလိုက်တဲ့ ဘေဘီမောင် ညီမ

ပြန်လည်မျှဝေလိုက်ပါ..

မင်းသားတစ်ယောက်နဲ့ချစ်သူဖြစ်တဲ့ကိစ္စကိုရှင်းပြတဲ့ ဘေဘီမောင်ညီမ။ နာမည်ကြီး

မင်းသားတစ်ယောက်နဲ့ချစ်သူဖြစ်တဲ့ကိစ္စကိုရှင်းပြတဲ့ ဘေဘီမောင်ညီမ မဟေသီ ဖြစ်လာတဲ့

သံစဉ်မောင် အပြင်ကတော်တော်များများ သံစဉ်မောင်လို့သိကြတာများတယ်။

လက်ရိအနုပညာအလုပ်တွေဆက်လုပ်မယ်ဆိုတော့ သံစဉ်မောင်ဆိုတဲ့နာမည်က

ဗေဒင်ဆရာတွက်ကြည့်တော့ နေ့နံနဲ့မကိုက်လို့ မဟသီလို့နာမည်ပြောင်းလိုက်တာပါ။

ခုလောလောဆယ်ဇာတ်ကား ၂ကားရိုက်ထားပြီးပါပြီ။ အခြားကားတွေကတော့ဇာတ်ပို့အနေနဲ့

သရုပ်ဆောင်ထားပါတယ်။ ညီမတို့တိုက်ကအဲဒီမင်းသားလဲရှိနေတော့

အတွဲရိုက်ဖြစ်တာများပါတယ်။ အဲဒါတွေကြောင့်ပရိသတ်တွေကအထင်လွဲပြီး

ပြောကြတာဖြစ်မှာပါ။ အားလုံးကအနုပညာမောင်နှမတွေပါ။ အကိုကအနုပညာနဲ့ပတ်သတ်ပြီး

ညီမကိုအများကြီးသင်ပေးပါတယ် ဇာတ်ကားအများစုကလဲ သူနဲ့ရိုက်ဖြစ်နေတာဆိုတောလေ။

ဒါတွေကလဲအနုပညာလောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံတွေပါပဲ။

တကယ်တန်းကျညီမအကိုတယောက်လိုပါပဲ။ ညီမကိုအိုက်တင်နဲ့ပတ်သတ်ပြီးမသိတာရှိရင်

သင်ပေးပါတယ်။ ကောလဟာလတွေကြောင့် ကိုယ့်အတွက်နစ်နာတာလဲပါပါတယ်။

ဒီလောကမှာဆိုရင် ကိုယ်ကအနေထိုင်ဆင်ခြင်ရတာပေါ့။

အချစ်ရေးနဲ့ပတ်သတ်ပြီးတယောက်တည်းပါပဲ။ အနုပညာအလုပ်က အခုမှစလုပ်တာဆိုတော့

အလုပ်ကိုပဲခေါင်းထဲထည့်ထားပါတယ်။ ကြိုဲးကြိုးစားနေပါတယ်။

ရှေ့ဆက်ပြီးအနုပညာအလုပ်တွေလုပ်နေချိန်မှာ ညီမကအနုပညာဝမ်းစာမပြည့်သေးတဲ့အတွက်

အိုက်တင်နဲ့ပတ်သတ်တာတွေရော အများကြီးကြိုးစားနေပါတယ်။

Credit’ Myanmar Celebrities

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment