Celebrity Local Celebrity

ရိုင်းစိုင်းတဲ့ ကွန်မန့်တွေကြောင့် ဖေ့ဘုတ်စ် သုံးချင်စိတ် ကုန်သွားပြီလို့ပြောတဲ့ မြတ်ကေသီအောင်

ပြန်လည်မျှဝေလိုက်ပါ..

“ရိုင်းစိုင်း စကားလုံးတွေပါတဲ့ Message တွေ၊ Comment တွေကြောင့် Facebook မသုံးချင်လောက်အောင်ကို စိတ်ကုန်သွားပါပြီ” ” လို့ပြောလာတဲ့မြတ်ကေသီအောင်

“အွန်လိုင်း မီဒီယာမှာတော့ တစ်ခါတလေကျရင် ဖတ်ကြည့်လိုက်တဲ့အခါ ခေါင်းစဉ် နဲ့ စာသား လွဲနေတဲ့ ဟာမျိုးလေးတွေ တွေ့ရတယ်။ အစ်မ ကိုယ်တိုင်လည်း ကြုံရတယ်။ ပတ်ထရစ်ရှာ နဲ့ ကိစ္စမျိုးဆိုရင်လည်း “ပတ်ထရစ်ရှာ ကိုဝေဖန်လိုက်တဲ့ အဒေါ် ” ဆိုတော့ ကိုယ်ဘာများ ပြောမိလို့လည်း၊ ကိုယ်လည်း သူများ အကြောင်း စိတ်မဝင်စားဘူး။ ပြောလည်း မပြောဖြစ်ဘူး။ ကိုယ်နဲ့ ပတ်ထရစ်ရှာ နဲ့တူအရီး တော်တယ်ဆိုတာ ဒီရုပ်ရှင်လောကထဲမှာ ရှိတဲ့သူ တော်တော်များများကတောင် မသိကြဘူး။ ခေါင်းစဉ်ကြီးနဲ့ တတ်လာတော့ ဖုန်းတွေ ဆက်ကြတယ်။ ပတ်ထရစ်ရှာ နဲ့ ဘာပြဿနာတတ်လို့လဲ မေးကြတယ်။ အဲ့တော့မှ အမြန်ရှာဖတ်ရတယ်။ ဖတ်ပြီးတော့မှ ဒါကဒီလိုပါလား၊ ဒါလေးကို အဲ့လောက်အကျယ်ချဲ့ပြီး မရေးသင့်ဘူးလို့ တော့ထင်ပါတယ်။ အမ ရဲ့ Facebook ပေါ်မှာ သူများ အကြောင်းမဟုတ်ပဲ အမဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံပေါ်မူတည်ပြီး စာလေးတွေ ရေးတယ်။ အဲ့ဒါကို တချို့က Comment မှာ အရမ်းရိုင်းတဲ့ အောက်လုံးစကားလုံးတွေ ရေးကြတယ်။ အဲ့ဒါကြောင့် Comment Box တောင် အမ ပိတ်လိုက်တယ်။ သူတို့ရေးလိုက်တဲ့ စာလေးတစ်ကြောင်းကြောင့် အိပ်ယာထဲလဲတဲ့ အခြေနေမျိုးတောင် ဖြစ်ခဲ့တဲ့ အတွက် အမ လူတိုင်းကို Friend အဖြစ် Facebook မှာ အပ်မပေးနိုင်တာ နားလည်ပေးပါ။ လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ ကိုယ် ရှိတဲ့အတွက် လူတစ်ယောက် အကြောင်းကို သေချာမသိပဲ မဝေဖန်သင့်ဘူးလို့ အမထင်တယ်။ အခုတော့ Facebook ကို မသုံးချင်လောက်အောင် စိတ်ကုန်သွားပြီ” လို့ ပြောလာတဲ့ သရုပ်ဆောင် မြတ်ကေသီအောင် က Myanmar Celebrity နှင့် အင်တာဗျူးတွင် ပြောခဲ့ပါတယ်။

Credit မူပိုင်

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment