Celebrity Local Celebrity

ဝေဖန်မှုများ ကြုံတွေ့နေရတဲ့ နီနီခင်ဇော်

ပြန်လည်မျှဝေလိုက်ပါ..

အာဆီယံ+၃ သီချင်းဆိုပြိုင်ပွဲမှာ “မျှော်လင့်ချက်တစ်စုံတစ်ရာ” သီချင်းနဲ့ 1st Runner up ရရှိခဲ့တဲ့ နီနီခင်ဇော်ကတော့ ဝေဖန်မှုတွေ များစွာနဲ့ ကြုံနေရပါတယ်။
1st Runner up ရရှိခဲ့တဲ့ အပေါ်မှာ ပရိသတ်အားတွေ အားပေးခဲ့ကြပေမယ့် သူပြိုင်ပွဲဝင်ချိန်က နောက်ခံပရိုဂျက်တာ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်များကို ထည့်သွင်း ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး လူမှုကွန်ယက် ဖေ့စ်ဘွတ်စာ မျက်နှာပေါ်မှာ ဝေဖန်မှုတွေ များစွာ ကြုံနေရတာ ဖြစ်ပါတယ်။

နီနီခင်ဇော် “မျှော်လင့်ချက်တစ်စုံတစ်ရာ” ထွက်ခဲ့စဉ်က အင်တာဗျူးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ခြင်း မဟုတ်ဘူးလို့ ဖြေဆိုခဲ့ပေမယ့် သီချင်းဆို ပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို နောက်ခံထားတာနဲ့ ပတ်သက်ပြီး ဝေဖန်ကြတာပါ။
ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဘာမှပြန်ပြောထားတာမျိုး မတွေ့ရသေးပါဘူး။ သြဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းကတော့ ဆုနဲ့ ပတ်သက်ပြီး ယခုလို ရေးသားခဲ့ပါတယ်။

“‘မြန်မာနိုင်ငံ အတွက် မျှော်လင့်ချက်တစ်စုံ တစ်ရာသီချင်းနဲ့ Asean Song Contest မှာ 1st Runner Up ဆု ရခဲ့ပါပြီ။ Semi Final နဲ့ Final နှစ် ဆင့်ပြိုင်ခဲ့ပါတယ်။ တေးသီချင်း များ သီဆိုခွင့်ပေးတဲ့ ကိုဆောင်း ဦးလှိုင်နဲ့ Semi Final မှာ နှုတ် ဆက်ထွက်ခွာခြင်းကို သီဆိုခွင့် ပေးခဲ့တဲ့ ဆရာစောခူဆဲ၊ စိတ်ခွန် အားပေးယှဉ်ပြိုင်ဖို့ အားပေးခဲ့တဲ့ ဆရာရွှေ၊ Music Producer ဆရာ ဓီရာမိုရ်နှင့်ကိုမျိုးဇော်ထက်၊ သူ ငယ်ချင်းအတွက် အားပါးတရကူ ပေးတဲ့ ကိုအောင်ထက်၊ Dress မပုံ့၊ LED အတွက် ပြင်ဆင်ပေးသူများအားလုံး၊ အဘက်ဘက်မှကူညီပေးသူများအားလုံး၊ မြန်မာပြည်မှ အားပေးနေတဲ့ ပရိသတ်များအားလုံးကို အထူးကျေးဇူးတင်ပါ တယ်။ အကောင်းဆုံးကြိုးစားမှုကို ကျေနပ်လိမ့်မယ်ထင်ပါတယ် ရှင်။ မနက်ဖြန် ညနေ ၆ နာရီ ၁၅ မိနစ်အရောက် Vietnam Airline နှင့်အတူတူဆုကို မြန်မာပြည်ပြန် သယ်လာခဲ့ပါ့မယ်’လို့ ဆိုပါတယ်။

ဗီယက်​နမ်​နိုင်​ငံ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ (၂၀၁၇)အာဆီယံ သီချင်းဆိုပြိုင်ပွဲမှာ နီနီခင်ဇော်အပြင် အောင်ထက်လည်း ပါဝင်ခဲ့ပြီး အောင်ထက်က လူကြိုက်အများဆုံးဆုကို ရရှိခဲ့ပါတယ်။
Copy From Duwun

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment