Tech

သင့်ရဲ့အီးမေးလ်နဲ့ ဖုန်းအချက်အလက်တွေအကုန်လုံးကို ရယူနေတဲ့ Sarahah app

ပြန်လည်မျှဝေလိုက်ပါ..

Sarahah app ကိုသုံးပြီး ဖေ့စ်ဘွတ်နဲ့ တွစ်တာတို့မှာကွန်မန့်တွေ ပေးဖူးပါသလား? ဒါဆိုရင်တော့ သင့်အတွက်မကောင်းတော့ပါဘူး။ ဒါဟာ အမည်မသိ မက်ဆေ့ခ်ျပို့တဲ့ app က သင့်ရဲ့ကွန်ပျူတာနဲ့ PC တို့မှာရှိနေတဲ့ အချက်အလက်တွေအကုန်လုံးကို သူ့ရဲ့ ဆာဗာတွေဆီ တိတ်တဆိတ်ပို့နေတာဖြစ်ပါတယ်။

The Intercept က သတင်းတစ်ခုရဆိုရင် Sarahah က သင့်ရဲ့ အီးမေးလ်လိပ်စာတွေအကုန်လုံးနဲ့ contact အသေးစိတ်တွေအကုန်လံုးကိုရယူပြီး သူ့ရဲ့ ဆာဗာတွေဆီ သွားသိမ်းတယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ Bishop Fox မှာရှိတဲ့ လုံခြုံရေးဆိုင်ရာ သုတေသီ Zachary Julian က ဖော်ပြထားတာဖြစ်ပါတယ်။ သူက သူ့ရဲ့မိုဘိုင်းလ်ဖုန်းမှာ Sarahah app ကို ဒေါင်းလုပ်ဆွဲတဲ့အချိန်မှာ ဒီအချက်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကတော့ Sarahah ကိုယ်တိုင်က သူ့ရဲ့ privacy policy မှာ အသုံးပြုသူတွေရဲ့ ဘယ်ဒေတာတွေကိုမှ စုဆောင်းခြင်းမရှိပါဘူးလို့ဆိုထားပြီး တကယ်မှာက ပြောင်းပြန်ဖြစ်နေတာပါပဲ။

Sarahah app က မက်ဆေ့ခ်ျဝန်ဆောင်မှုတစ်ခုသာဖြစ်တယ်လို့ ကိုယ်တိုင်ဆိုထားပြီးမှ contact book ကြီးတစ်ခုလုံးကို သူ့ရဲ့ ဆာဗာတွေဆီ သွားသိမ်းတာဖြစ်တယ်လို့ Julain က ထုတ်ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ Android Lollipop ဗားရှင်းတင်ထားတဲ့ Galaxy S5 တုန်းကလည်း ဒီလိုအလားတူကိစ္စမျိုးဖြစ်ခဲ့ဖူးတယ်လို့ ဆိုခဲ့ပါသေးတယ်။ Intercept က သတင်းမှာဖော်ပြထားတာကတော့ ဖုန်းမှာ BURP Suite လို့ခေါ်တဲ့ ဆော့ဖ်ဝဲရှိနေပြီး ပြောရရင်တော့ ဖုန်းရဲ့ internet traffic အဝင်အထွက်တွေကို မှတ်တမ်းယူနေတာဖြစ်ပါတယ်။ ဒီ Sarahah app ကလည်း Julian ရဲ့ ကိုယ်ပိုင်သတင်းအချက်အလက်တွေကို ရယူနေတဲ့ ဆော့ဖ်ဝဲပါပဲ။ Android မှာ သိမ်းထားတဲ့ ဖုန်း contact တွေနဲ့ အီးမေးလ်အကုန်လုံးကို ယူနေတာဖြစ်ြပီး Android တင်မက Apple တွေမှာ အလားတူပြဿနာမျိုး ဖြစ်နေပါတယ်။

Julian ကတော့ Sarahah က user ဒေတာတွေကို ခွင့်ပြုချက်မရှိဘဲဘယ်လိုရယူနေလဲဆိုတာကို ဗီဒီယိုနဲ့ရှင်းပြထားပါတယ်။ အစကတော့ Tawfiq က ဘာမှတုံ့ပြန်ဖြေကြားခြင်းမပြုခဲ့ပေမယ့် နောက်ကျရင် update မှာ ဖယ်မယ့် feature ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီလိုလုပ်ထားတာက user တွေအတွက် Sarahah မှာ သူငယ်ချင်းတွေရှာနိုင်အောင် ကူညီပေးနိုင်တဲ့ feature ဖြစ်တယ်လို့ အကြောင်းပြချက်ပေးထားပါတယ်။

Tawfiq က ဒါဟာ နည်းပညာပိုင်းပြဿနာတစ်ခုဖြစ်ပြီး app ကနေ ဖယ်ဖို့လုပ်ထားတာဖြစ်တယ်လို့ဆိုထားပေမယ့် အသုံးပြုသူတွေရဲ့လုံခြုံမှုနဲ့ပတ်သတ်ပြီး စိတ်မချရပါဘူး။ user က app ကို အသုံးမပြုရင်တောင်မှ contact တွေကို ထပ်ခါထပ်ခါ upload လုပ်နေတယ်လို့ ဆိုထားပါတယ်။ ပြဿနာက ဒေတာတွေကို ရယူနေတာမဟုတ်ဘဲနဲ့ ဒေတာတွေကိုခွင့်ပြုချက်မရှိရယူနေတာက အဓိကပြဿနာပါ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ အကောင့်ကို သွားပြီး delete လုပ်ပြီး ဖျက်လို့ရပါတယ်။ app အတွက် တခြားရွေးချယ်စရာမရှိတာကြောင့် ကွန်ပျူတာကိုဖွင့်ပြီး အကောင့်ကိုသွားဖျက်မှပဲ ရပါမယ်။

Credit to MMAS

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment