Uncategorized

ဘောလုံးပွဲအရှုံးကို ခြင်းလုံးနဲ့ ပြန်လက်စားချေနိုင်ခဲ့တဲ့ မြန်မာ

ပြန်လည်မျှဝေလိုက်ပါ..

မြန်မာခြင်းလုံးအသင်းဟာဒီနေ့မနက်ပိုင်းမှာအိမ်ရှင်မလေး

ရှားအသင်းကိုအကြိတ်အနယ်ကစားပြီးမြနိမာဘောလုံး

အသင်းရဲ့အရှုံးကိုလက်စားပြန်ချေပေးခဲ့ပါတယ်။

 

မြန်မာအသင်းဟာဖိလစ်ပိုင်၊အင်ဒိုတို့ကိုသုံးပွဲပြတ်တွေနဲ့ပဲ

အနိုင်ယူပြီးဆီမီးဖိုင်နယ်ကိုတက်လာခဲ့တာပါ။

ဆီမီးဖိုင်နယ်မှာမြန်မာနဲ့မလေး၊ထိုင်းနဲ့အင်ဒိုတို့တွေ့ဆုံခဲ့ကြတာပါ။

မလေးရှားကိုသူ့ပရိသတ်ရှေ့မှာကစားရတာ

တကယ်မလွယ်ပါဘူး။ပထမပွဲကိုမြန်မာအနိုင်ရခဲ့ပေမယ့်

လည်းဒုတိယပွဲမှာတော့အိမ်ရှင်မလေးရှားကပြန်နိုင်သွား

ပါတယ်။ထူးခြားမှုတစ်ခုမြန်မာမလေးဒုတိယပွဲကိုကိုင်တဲ့ဒိုင်လူကြီးဟာ

အင်ဒိုအမျိုးသမီးအသင်းညစ်လို့ဆိုပြီးပြိုင်ပွဲကထွက်သွားခဲ့တဲ့

ပွဲမှာကိုင်တဲ့စင်ကာပူဒိုင်လူကြီးပါ။တစ်ယောက်တစ်ပွဲစီ

အနိုင်ရထားလို့နောက်ဆုံးပွဲမှာနှစ်သင်းစလုံး

အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပါတယ်။

နောက်ဆုံးပွဲကတော့လုံးဝအကြိတ်အနယ်ရှိခဲ့ပြီး

ပါရမီရှင်ကစားသမားလို့သတ်မှတ်ခံထားရတဲ့

အားထစ်ရဲ့ပြောင်မြောက်လှတဲ့ခရိုတွေ၊back kick

တွေနဲ့အတူမလေးရှားကိုအနိုင်ယူနိုင်ခဲ့ပါတယ်။

အားထစ်နဲ့အတူဝါရင့်ကစားသမားဇော်ဇော်အောင်

တွဲဆော့ခဲ့ပါတယ်။နောက်မှာတော့မြန်မာနည်းပြတွေဟာ

ဇော်ဇော်အောင်အစားဖိုးခေးကိုပြောင်းလဲထည့်သွင်းကစား

စေခဲ့ပါတယ်။နည်းပြတွေရဲ့လူစားလဲမှုမှန်ကန်ခဲ့ပြီး

အားထစ်၊ဖိုးခေးအတွဲဟာအိမ်ရှင်မလေးရှားကို

လှလှပပအနိုင်ယူသွားခဲ့ပါတယ်။

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment