Local Celebrity

တက္ကသိုလ်တတိယနှစ် စာမေးပွဲအောင်သွားတဲ့ အကယ်ဒမီ စိုးပြည့်သဇင်

ပရိတ်သတ်အားပေးမှု အတိုင်းအတာတစ်ခု ရရှိထားတဲ့ သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင်တစ်ယောက်ကတော့ တက္ကသိုလ် တတိယနှစ် စာမေးပွဲအောင်သွားတယ်လို့ သိရပါတယ်။ ဒီအကြောင်း သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ အောင်စာရင်းနဲ့အတူ တင်ထားတာ ဖြစ်ပါတယ်။ သူမက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ မြန်မာစာ တတိယနှစ် တက်နေတယ်လို့လည်း သိရပါတယ်။

 

 

အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာလည်း အကယ်ဒမီရသည်အထိ အောင်မြင်ခဲ့ပြီး သီချင်းစီးရီးအနည်းငယ်လည်း ထုတ်ထားဖူးတဲ့ စိုးပြည့်သဇင်က ခုလည်း ပညာရေးတစ်ဖက်နဲ့ အနုပညာကို အရှိန်ကောင်းကောင်း လုပ်နေဆဲ ဖြစ်ပါတယ်။ တတိယနှစ်စာမေးပွဲအောင်ပါတယ်ရှင့် ဆိုပြီး စိုးပြည့်သဇင်က သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ရေးသားထားပါတယ်။ သူမရဲ့ အနုပညာမောင်နှမတွေနဲ့ ပရိတ်သတ်တွေကတော့ ဝမ်းသာကြောင်း ကောမန့်များ ပေးနေကြပါတယ်။

 

 

စိုးပြည့်သဇင်က ၂၀၀၉ ခုနှစ်က အကယ်ဒမီပေးပွဲမှာ မိုးညအိပ်မက်မြူ ဆိုတဲ့ ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့နေရာက အကယ်ဒမီ ရရှိခဲ့သူဖြစ်ပါတယ်။ သူမက အငယ်ဆုံး အမျိုးသမီးဇာတ်ပို့ အကယ်ဒမီရသူလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

credit – roadofcele

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment